နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် နံနက်ခင်း သတင်းများ (၂၈/၇/၂၀၂၂)

SBOTOP ပရိသတ်တွေ အတွက် ဇူလိုင် ၂၈ ရက်နေ့ နံနက်ခင်း အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကင်မ်ပမ်ဘီရဲ့ ပယ်ချခြင်း ခံလိုက်ရပြန်တဲ့ ချဲလ်ဆီး

ပီအက်စ်ဂျီ အသင်းရဲ့ ပြင်သစ် နောက်ခံလူ ပရက်စ်နဲလ် ကင်မ်ပမ်ဘီ ကတော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးရဲ့ ကမ်းလှမ်းချက်ကို ချက်ချင်းဆိုသလို ပယ်ချလိုက်တယ်လို့ သိရပါတယ်။

ဆီဗီလာ နောက်ခံလူ ဂျူးလ်စ် ကွန်ဒေးကို ခေါ်ယူနိုင်ခြင်း မရှိခဲ့တဲ့နောက် ချဲလ်ဆီးတို့ ပီအက်စ်ဂျီက ပေါင် ၄၂ သန်း ရရင် ရောင်းထုတ်မယ်လို့ ကြေညာထားတဲ့ ပြင်သစ် လက်ရွေးစင် နောက်ခံလူကို စိတ်ဝင်စားကြောင်း ပြသပြီး ချက်ချင်းဆိုသလို ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ ချဲလ်ဆီးနဲ့ အတူ နောက်ထပ် ကလပ် တစ်ခုလည်း ပယ်ချ ခံခဲ့ရတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကတော့ သူတို့အသင်းရဲ့ အဓိက နောက်ခံလူ ဘန်ဒေးဗီးစ်ကို ၃ နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် ချုပ်ဆို လိုက်ပါတယ်။
တော့တင်ဟမ်ဟော့စပါး အသင်းမှာ ၂၀၂၅ ခုနှစ် အထိ ဆက်ရှိနေတော့မယ့် ဘန်ဒေးဗီးစ်

အခုနွေရာသီမှာ အသင်း ဘက်က ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားသလို ကစားသမား ကိုယ်တိုင် ကလည်း အသင်း ပြောင်းဖို့ အလားအလာ ရှိတဲ့ စကားမျိုး တောက်လျောက် ပြောဆိုနေပေမယ့် နောက်ဆုံး မှာတော့ ကမ်မ်ဘီဟာ ပြင်သစ် ကလပ် မှာပဲ ဆက်ရှိနေဖို့ များသွားခဲ့တာ ဖြစ်ပါတယ်။ ခံစစ် အတွက် ပစ်မှတ်ထားတဲ့ ကစားသမားတွေနဲ့ ဆက်တိုက် လွဲချော်နေခဲ့တဲ့ ချဲလ်ဆီးတို့ လက်ရှိ မှာတော့ လက်စတာစီးတီးက ဖိုဖာနာနဲ့ ရီးရဲယ်မက်ဒရစ်က မီလီတောင် တို့ကို ဆက်လက် ကြိုးပမ်းသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။


ဘန်ဒေးဗီးစ်ကို ၃ နှစ် စာချုပ်သစ် ချုပ်လိုက်တဲ့ စပါး

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကတော့ သူတို့အသင်းရဲ့ အဓိက နောက်ခံလူ ဘန်ဒေးဗီးစ်ကို ၃ နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် ချုပ်ဆို လိုက်ပါတယ်။ အသက် ၂၉ နှစ် အရွယ် ဝေးလ်စ် လက်ရွေးစင် နောက်ခံလူဟာ ၂၀၁၄ ခုနှစ်က ဆွမ်ဆီးစီးတီး ကနေ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အခု စာချုပ်သစ်ကြောင့် မြောက်လန်ဒန် ကလပ်မှာ ၂၀၂၅ ခုနှစ် အထိ ဆက်ရှိနေတော့မှာလည်း ဖြစ်ပါတယ်။

ဘန်ဒေးဗီးစ် ဟာ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီက တော့တင်ဟမ်ဟော့စပါး အတွက် ပြိုင်ပွဲစုံ အရပ်ရပ် ၄၃ ပွဲ အထိ ပွဲထွက်ခွင့်ရခဲ့ပြီး နည်းပြ ကွန်တီရဲ့ အားထားရတဲ့ အဓိက နောက်ခံလူ ၃ ဦးထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် စပါးတို့ ပရီးမီးယားလိဂ် အဆင့် ၄ နေရာ ကနေ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အတွက်လည်း ကူညီပေးနိုင်ခဲ့သူ ဖြစ်တာကြောင့် အသင်း ဘက်က စာချုပ်သစ် ချုပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဝေးလ်စ် နောက်ခံလူ အနေနဲ့ လာမယ့် ရာသီ မှာတော့ ဘာစီလိုနာ ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ပြင်သစ် နောက်ခံလူ လန်းဂ်လတ်နဲ့ ပွဲထွက်ခွင့် အတွက် အဓိကထား ယှဉ်ပြိုင်သွားရဖို့လည်း ရှိနေပါတယ်။

လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ အားရစရာ ခေါ်ယူမှုတွေ ဆက်တိုက် ပြုလုပ်ထားတဲ့ ကွန်တီရဲ့ အသင်းဟာ ကစားသမားသစ် စုစုပေါင်း ၆ ဦး ခေါ်ယူ အားဖြည့်ထားသလို လက်ရှိ မှာလည်း အဓိက ခံစစ်မှူး တစ်ဦး ဖြစ်တဲ့ ဘန်ဒေးဗီးစ်ကို စာချုပ်သက်တမ်း တိုးမြှင့်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မြောက်လန်ဒန် ကလပ်ဟာ လက်ရှိ အပြောင်းအရွှေ့မှာ ရစ်ချာလီဆင်ကို ပေါင် သန်း ၆၀၊ ဘစ်ဆူးမားကို ပေါင် ၂၅ သန်း၊ ဂျဒ် စပန့်စ်ကို ပေါင် ၁၃ သန်းနဲ့ ခေါ်ယူထားခဲ့ပြီး ပါရီဆစ်နဲ့ ဖေရေဆာ ဖော်စတာကို အလွတ်၊ လန်းဂ်လတ် ကိုတော့ အငှားနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။


ဗင်နာဂရီကို တစ်ရာသီ အငှားနဲ့ ခေါ်ယူနိုင်ခဲ့တဲ့ အဲဗာတန်

ပရီးမီးယား လိဂ်
တော့တင်ဟမ် ဟော့စပါး
ဆောက်သမ်တမ်
1X2 ဆောက်သမ်တမ် @ 8.50
ဂိုးပေါ် 3.00 @ 2.11
ဂိုးပေါင်း 0-1 @ 4.30
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပရီးမီးယားလိဂ် ကလပ် အဲဗာတန် အသင်း ကတော့ စပို့တင်းလစ္စဘွန်း ဘယ်တောင်ပံ ကစားသမား ရူဘင် ဗင်နာဂရီကို တစ်ရာသီ အငှားနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။
အသက် ၂၃ နှစ် အရွယ် ပေါ်တူဂီ တောင်ပံ ကစားသမားဟာ ဂျိမ်းစ် တာကောစကီး ပြီးရင် လက်ရှိ‌ နွေရာသီ အပြောင်းအရွှေ့မှာ တော်ဖီတို့ရဲ့ ဒုတိယမြောက် ခေါ်ယူမှု ဖြစ်လာခဲ့ပြီး စာချုပ်ပါ အချက်အလက်တွေအရ အပြီးသတ် ဝယ်ယူခွင့်လည်း ပါရှိတယ်လို့ သိရပါတယ်။

အဲဗာတန်တို့ ပေါင် ၁၇ သန်းအထိ သုံးစွဲခဲ့ရတယ်လို့ ဗင်နာဂရီဟာ ဘယ်တောင်ပံမှာ သာမက ဘယ်တောင်ပံ ခံစစ်မှာပါ ကစားနိုင်သူ ဖြစ်တာကြောင့် မိုင်ကိုလန်ကို အတွက်လည်း အပြိုင်အဆိုင် ဖြစ်လာနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။ ဗင်နာဂရီဟာ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် အသင်းမှာ ၂၀၁၇ ကနေ ၂၀၂၀ ခုနှစ် အထိ ကစားခဲ့ဖူးသူ ဖြစ်တာကြောင့် ပရီးမီးယားလိဂ်မှာ အလျင်အမြန် အသားကျနိုင်ဖို့တော့ ရှိပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်