နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – မနက်ခင်း သတင်းများ (၂၁/၁၀/၂၀၂၂)

အောက်တိုဘာ ၂၁ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


စပါးနဲ့ ပွဲက လုပ်ရပ်ကြောင့် ချဲလ်ဆီးနဲ့ ပွဲမှာ ချန်လှပ်ခံရတဲ့ ရော်နယ်ဒို

တော့တင်ဟမ်ဟော့စပါးကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပွဲမပြီးခင်မှာပဲ အဝတ်လဲခန်းထဲ ဝင်ရောက်သွားခဲ့လို့ အပြင်းအထန် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ပါဝင် ကစားခွင့် မရဘဲ အရန်ခုံထိုင်နေခဲ့ရတဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဝင်ရောက် ကစားခွင့်မရတဲ့ အပေါ် စိတ်ပျက် ဒေါသထွက်နေခဲ့ပြီး ပွဲပြီးခါနီးမှာ အဝတ်လဲခန်းထဲ ဝင်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် ချဲလ်ဆီးနဲ့ ပွဲမှာ ရော်နယ်ဒို ပါဝင်မှာ မဟုတ်ကြောင်း ယူနိုက်တက် အသင်း တာဝန်ရှိသူတွေက တရားဝင် ကြေညာထားခဲ့ပါတယ်။

ပရီးမီးယား လိဂ်
လိဒ် ယူနိုက်တက်
ဖူလ်ဟမ်
1X2 ဖူလ်ဟမ် @ 3.35
လိဒ် ယူနိုက်တက် အာရှ အကျောပေး -0.75 @ 2.40
ဂိုး‌အောက် 2.50 @ 2.14
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကလည်း ဒီပြသနာကို ဖြေရှင်းသွားမယ်လို့ လူသိရှင်ကြား ပြောဆိုခဲ့ပြီး ဒီတကြိမ်တော့ ရော်နယ်ဒိုနဲ့ အကြိတ်အနယ် ဖြေရှင်းရဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ယူနိုက်တက် ပရိသတ်တွေ ကတော့ ရော်နယ်ဒိုရဲ့ လုပ်ရပ်က ပရော်ဖက်ရှင်နယ် မဆန်သလို အသင်း၊ နည်းပြ၊ အသင်းဖော်တွေနဲ့ ပရိသတ်တွေ ကိုပါ လေးစားမှု ကင်းမဲ့ခဲ့တာလို့ ပြောဆိုနေကြပါတယ်။

ပေါ်တူဂီသား မပါဝင်ခဲ့တဲ့ ယူနိုက်တက်ဟာ ခြေစွမ်းပိုင်းအရ တော်တော်လေး ကောင်းမွန်ခဲ့ပြီး စပါးကို ပွဲအစအဆုံး ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပါတယ်။ ကွင်းလယ် လူဖရက်ဒ်နဲ့ ဘရူနို ဖာနန်ဒက်စ် တို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ကွန်တီရဲ့ အသင်း ဘာမှလုပ်မရတဲ့ အထိ စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုရဲ့ လုပ်ရပ် ကတော့ ယူနိုက်တက်ရဲ့ အပျော်တွေကို ဖျက်စီးပစ်သလို ဖြစ်ခဲ့ရပါတယ်။


၃ ဂိုး၊ ၄ ဂိုးလောက်နဲ့ အနိုင်ရခဲ့သင့်တယ်လို့ ပြောလာတဲ့ တန်ဟက်ဂ်

တေ့ာတင်ဟမ်ဟော့စပါးကို အိမ်ကွင်းမှာ ခြေစွမ်းအသာစီးနဲ့ ကစားပြီး အနိုင်ရခဲ့တဲ့နောက် မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က သူတို့ အသင်းအနေနဲ့ ဒီထက်မက ဂိုးတွေရခဲ့သင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ စပါးကို ပွဲချိန် အစောပိုင်း ကတည်းက ဖိအားပေးနိုင်ခဲ့တာ ဖြစ်ပြီး အပိုင်အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် စပါး ဂိုးသမား ဟူဂို လိုရစ်က လက်စွမ်းပြ ကာကွယ်နေခဲ့လို့ ၂ ဂိုးတည်းနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

တန်ဟက်ဂ် ကတော့ သူ့အသင်းကစားပုံကို ကျေနပ်နေပြီး ဒီထက် ဂိုးတွေရခဲ့သင့်တယ်လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ “စပါးလို မာကျော တောင့်တင်းတဲ့ အသင်းနဲ့ ကစားခဲ့ရာမှာ ကျွန်တော်တို့ အလွန် ကောင်းမွန်ခဲ့ပါတယ်။ ဒီနေ့ပွဲရဲ့ စွမ်းဆောင်ရည်က အလွန် ထူးချွန်ပြောင်မြောက်ပါတယ်”

“ကျွန်တော်တို့ ၂ ဂိုးသွင်းနိုင်ခဲ့ပြီး ၃ ဂိုး ဒါမှမဟုတ် ၄ ဂိုးသွင်းယူနိုင်ခဲ့သင့်တာပါ။ အသင်းကို ကျေနပ်မှုရှိပြီး ဒါဟာ ဒီရာသီရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်လို့ ကျွန်တော်ထင်ပါတယ်”

“ဒီနေ့မှာ ကျွန်တော်တို့ တိုးတက်လာတာကို ခင်ဗျားတို့ မြင်တွေ့ရမှာပါ၊ “ကွင်းထဲမှာ ကျွန်‌တော် တို့ဟာ အချိန်တိုင်း ပိုပြီး ကောင်းမွန်လာနေပါတယ်။ ဒါကို မြင်တွေ့ရတာ အလွန်ကောင်းပါတယ်” လို့ ပြောခဲ့ပါတယ်။ တန်ဟက်ဂျ်ရဲ့ ယူနိက်တက်ကို မနေ့ညကပွဲမှာ ဒီရာသီရဲ့ အကောင်းဆုံးပုံစံနဲ့ မြင်တွေ့ခဲ့ရတာလည်း အမှန်ပါပဲ။ လက်ရှိ ခြေစွမ်း ကိုသာ ထိန်းသိမ်းထားနိုင်မယ် ဆိုရင် ရာသီကုန်မှာ အဆင့် ၄ အတွင်း ဝင်ရောက်နိုင်ဖို့ မျှော်လင့်နိုင်မှာလည်း ဖြစ်ပါတယ်။


ဒါဝင်နူညက်ဇ် အကောင်းဆုံး ပုံစံကို ရနေပြီလို့ ကလော့ပ် ကြွေးကြော်

ပရီးမီးယားလိဂ် ကလပ်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ခြေစွမ်းမပြနိုင်ဖို့ လှောင်ပြောင်ခံနေရတဲ့ ဒါဝင် နူညက်ဇ်ဟာ အသင်းဖော် ဆီမီကက်စ်ရဲ့ ဖြတ်တင်ဘော ကနေ လှပတဲ့ ခေါင်းတိုက်ချက်နဲ့ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒါဝင်နူညက်ဇ်နဲ့ ပတ်သတ်ပြီး ထပ်မံ ချီးကျူးသွားခဲ့တဲ့ ကလော့ပ်

ဝက်စ်ဟမ်းယူနိုက်တက်ကို ဒါဝင် နူညက်ဇ်ရဲ့ လှပတဲ့ ခေါင်းတိုက် ဂိုးသွင်းယူမှုနဲ့ အတူ အန်ဖီးလ်မှာ အနိုင်ရခဲ့ပြီးနောက် သူ့အသင်း တိုက်စစ်မှူးကို လစ်ဗာပူးလ် နည်းပြ ဂျာဂျင် ကလော့ပ်က ချီးကျူးသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ခြေစွမ်းမပြနိုင်ဖို့ လှောင်ပြောင်ခံနေရတဲ့ ဒါဝင် နူညက်ဇ်ဟာ အသင်းဖော် ဆီမီကက်စ်ရဲ့ ဖြတ်တင်ဘော ကနေ လှပတဲ့ ခေါင်းတိုက်ချက်နဲ့ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် အတွက် အနိုင်ဂိုးလည်း ဖြစ်ခဲ့ပြီး နူညက်ဇ် အတွက်တော့ ယုံကြည်မှုတွေ ပြန်ရစေမယ့် သွင်းဂိုး ဖြစ်ပါတယ်။ အသက် ၂၃ နှစ် အရွယ် တိုက်စစ်မှူးဟာ လစ်ဗာပူးလ် အတွက် အနိုင်ဂိုးတွေ သွင်းပေးနိုင်ဖို့ ရုန်းကန်နေခဲ့ရသူ ဖြစ်ပြီး ဒီယိုဂို ဂျိုတာနဲ့ လူး၀စ္စ ဒီးရာ့ဇ်တို့ ဒဏ်ရာရနေချိန်မှာ ပွဲထွက်ခွင့်ရခဲ့ပြီး အခွင့်အရေးကို အပြည့်အ၀ အသုံးချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကလော့ပ်က “ဒီဂိုးက သူ့အတွက် အရေးကြီးပါတယ်၊ ပြီးခဲ့တဲ့ ပွဲတွေမှာ သူ ဂိုးတွေ ပြန်သွင်းလာနိုင်ပါတယ်၊ သူ့ဆီမှာ ရာနှုန်းပြည့် ခြေစွမ်းမျိုးတွေ ပြန်ရောက်လာပါပြီ၊ ပထမပိုင်းမှာ သူ ကြွက်သား ပြသနာ နည်းနည်း ရှိခဲ့ပေမယ့်လည်း အခြေအနေ ကောင်းပါတယ်၊ ဒုတိယပိုင်း ၅ မိနစ် မှာတော့ သူပြေးလွှားကစားနေပုံကြောင့် ကျနော်တို့ နည်းနည်း စိုးရိမ်ခဲ့ရပြီး လူစားလဲလှယ်ခဲ့တာပါ” လို့ ပြောဆိုခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်