နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – မနက်ခင်း သတင်းများ (၁၇/၁၀/၂၀၂၂)

အောက်တိုဘာ ၁၇ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကမ္ဘာ့ဖလားနဲ့ လွဲရမှာ ကြောက်ပြီး ငိုကြွေးနေခဲ့တဲ့ ရစ်ချာလီဆင်

တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ရစ်ချာလီဆင်ဟာ အသင်းဟောင်း အဲဗာတန်နဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝင်ရောက် ကစားပေးရင်း ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ ပွဲအပြီးမှာ ရစ်ချာလီဆင် အနေနဲ့ လမ်းလျှောက် အထောက်အကူပြု ပစ္စည်းနဲ့မှ လမ်းလျှောက်နိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး သူ့ရဲ့ အခြေအနေကို သတင်းထောက်တွေက ဝိုင်းဝန်း မေးမြန်းချိန် မှာတော့ ဘရာဇီးလ်သား တယောက် မျက်ရည်ကျခဲ့ရပါတယ်။

ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပဖို့ နီးကပ်လာချိန်မှာမှ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲကို လွဲချော်ရမယ့် အရေးကို ရစ်ချာလီဆင်က စိုးရိမ်နေတာ ဖြစ်ပါတယ်။ သူ့ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရစ်ချာလီဆင်က “ ဒဏ်ရာအနေအထားက ပြောရတာ ခက်တယ်ဗျ၊ ကျနော့် အိပ်မက် ဖြစ်တဲ့ ကမ္ဘာ့ဖလားနဲ့ အရမ်းနီးနေပါပြီ၊ ဒီလိုဒဏ်ရာမျိုး အရင်ကလည်း ကျနော်ရဖူးပြီးတော့ ၂ လလောက် နားခဲ့ရတယ်၊ အခုတော့ ဆေးစစ်ချက် အဖြေကို စောင့်ကြည့်ရဦးမှာပေါ့၊ ဒါပေမယ့် လက်ရှိမှာတော့ လမ်းလျှောက်တာတောင်မှ တော်တော်လေး နာကျင်နေရပါတယ်”

“ ငါ ကာတာကို သွားနိုင်ရမယ်ဆိုပြီး ကိုယ့်ကိုကိုယ် အားမွေးထားပါတယ်၊ ဒါပေမယ့် အချိန်က အရမ်း နီးကပ်နေပြီ၊ ကျနော့်ရဲ့ အကြီးမားဆုံး အိပ်မက်ဖြစ်တဲ့ ကမ္ဘာ့ဖလားကို မလွဲချော်ချင်ဘူးဗျာ” လို့ ရစ်ချာလီဆင်က ပြောဆိုရင်း မျက်ရည်တွေ ကျခဲ့ပါတယ်။ လက်ရွေးစင် အသင်းကြီးနဲ့ အတူ ကိုပါအမေရိကဖလား ပြိုင်ပွဲကို ကစားပေးထားပေမယ့် အခု ကမ္ဘာ့ဖလား ကတော့ ရစ်ချာလီဆင် အတွက် ပထမဆုံး အကြိမ် ကစားခွင့်ရမယ့် ပြိုင်ပွဲလည်း ဖြစ်ပါတယ်။


အင်္ဂလန်နဲ့အတူ ကမ္ဘာ့ဖလား လိုက်ပါ ကစားခွင့် မရှိတော့တဲ့ ရိစ် ဂျိမ်းစ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ သူတို့ရဲ့ နောက်ခံလူ ရိစ် ဂျိမ်းစ်ဟာ ဒူးဒဏ်ရာကြောင့် ၈ ပတ်ကြာ အနားယူရတော့မှာ ဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။
အေစီမီလန်နဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဒဏ်ရာရသွားခဲ့တဲ့ ရိစ် ဂျိမ်းစ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ သူတို့ရဲ့ နောက်ခံလူ ရိစ် ဂျိမ်းစ်ဟာ ဒူးဒဏ်ရာကြောင့် ၈ ပတ်ကြာ အနားယူရတော့မှာ ဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။ ဒါဟာ ကစားသမား အတွက် တော်တော်လေး စိတ်ပျက်စရာ ကောင်းတဲ့ သတင်း ဖြစ်ခဲ့ပြီး ကမ္ဘာ့ဖလားကို သေချာပေါက် လွဲချော်သွားတော့မှာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ကျင်းပဖို့ တလခန့် အလိုမှာပဲ ရိစ် ဂျိမ်စ်းရဲ့ ဒဏ်ရာ သတင်းဆိုးက ထွက်ပေါ်လာခဲ့တာပါ။

ဂျိမ်းစ်ဟာ အေစီမီလန်ကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ပြိုင်ဘက် ကစားသမား သီယို ဟာနန်ဒက်ဇ်နဲ့ ထိခိုက်မိခဲ့ပြီး အဆိုပါ ဒဏ်ရာကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရိစ် ဂျိမ်းစ်ရဲ့ ဒဏ်ရာဟာ အင်္ဂလန် နည်းပြ ဆောက်ဂိတ် အတွက်တော့ တော်တော်လေး ခေါင်းခဲစရာ ကိစ္စ ဖြစ်လာခဲ့ပြီ ဆိုရင်လည်း မမှားပါဘူး။ ရိစ် ဂျိမ်းစ်နဲ့ ထရစ်ပီယာ တို့ကို ဆောက်ဂိတ်က အားကိုးဖို့ အတွက် စဉ်းစားထားတာ ဖြစ်ပြီး အခုတော့ အင်္ဂလန် အတွက် အားထားရမယ့် ကစားသမား တစ်ယောက်ကို လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။

ဒီရာသီမှာ ရိစ် ဂျိမ်းစ်က ချဲလ်ဆီး အတွက် ပြိုင်ပွဲစုံ ၁၁ ပွဲ ကစားပေးထားပြီး ၂ ဂိုးသွင်းယူကာ ၂ ကြိမ် ဖန်တီးပေးထားခဲ့ပါတယ်။ ရိစ် ဂျိမ်းစ်ဟာ တိုက်စစ်ကို လိုက်ပါပုံ ကောင်းမွန်ပြီး ခံစစ်ပိုင်း ကိုလည်း အာရုံစိုက်နိုင်တာကြောင့်ကို ပရီးမီးယားလိဂ် ကလပ်နဲ့ အင်္ဂလန် အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ခဲ့တယ်လို့ပဲ ဆိုရတော့မှာပါ။

ပရီးမီးယား လိဂ်
ဘရိုက်တန်
နော်တင်ဟမ်ဖော်ရက်စ် FC
1X2 ဘရိုက်တန် @ 1.47
ဘရိုက်တန် အာရှ ဟန်းဒီးကပ် -1.00 @ 1.82
ဂိုးပေါ် 2.75 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဝေဖန်သံတွေကို ပြန်လည် တုန့်ပြန်ခဲ့တဲ့ ချာကာ

အာဆင်နယ် ကွင်းလယ်လူ ဂရန်းနစ် ချာကာ ကတော့ သူတို့ဟာ အသင်းငယ်လေးတွေ ကိုပဲ အနိုင်ကစားတတ်တဲ့ အသင်း ဆိုပြီး ဘောလုံး သုံးသပ်သူတွေရဲ့ ဝေဖန်မှုတွေကို ပြန်တုံံ့ပြန်သွားခဲ့ပါတယ်။

ချာကာက “ကျွန်တော်တို့က ထိပ်သီး (၆) သင်း စာရင်းဝင် အသင်းတွေကို အနိုင်မကစားတတ်ဘူး ဆိုတဲ့ ဝေဖန်သံတွေကို ကြားရပါတယ်။ ဒါပေမယ့် အခုတော့ နှစ်သင်းကို အနိုင်ကစားခဲ့ပြီးပါပြီ။ ယူနိုက်တက် ကိုလည်း အရေးနိမ့်ခဲ့ပေမယ့် ကျွန်တော်တို့ ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ပါတယ်” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက်နဲ့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ အာဆင်နယ်တို့ ရုန်းကန်ခဲ့ရပေမယ့် ဘူကာယို ဆာကာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ မီခဲလ် အာတေးတားရဲ့ အသင်းက ခက်ခက်ခဲခဲ ကစားခဲ့ရပေမယ့် ၃ မှတ် အပြည့်ရခဲ့သလို တစ်ဖက်မှာ အဆင့် ၂ နေရာက မန်စီးတီးက လစ်ဗာပူးလ်ကို ရှုံးနိမ့်ခဲ့တာကြောင့်လည်း ဇယား ထိပ်ကနေ ၄ မှတ် ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။

ဂန်းနားတို့ အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ဆာကာ ဟာလည်း မှတ်တမ်းကောင်း တစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါကတော့ ဆာကာဟာ နည်းပြ မီခဲလ် လက်အောက် ပြိုင်ပွဲစုံမှာ ဂိုးပါဝင် ပတ်သက်မှု အကြိမ် ၅၀ ပြည့်မြောက်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့တာပါ။ ဆာကာဟာ နည်းပြ မီခဲလ် အာတေးတား လက်အောက်မှာ ၂၆ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၂၄ ကြိမ် ပြုလုပ်ပေးထားသူ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်