နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – မနက်ခင်း သတင်းများ (၁၄/၁၀/၂၀၂၂)

အောက်တိုဘာ ၁၄ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မူဆီအာလာကို စောင့်ကြည့်နေတဲ့အသင်းတွေထဲ မန်စီးတီးလည်း ပါဝင်လာ

ထွက်ပေါ်လာတဲ့ ကောလာဟလတွေအရ ဘေယန်မြူးနစ် ကွင်းလယ် ကြယ်ပွင့် ဂျမဲလ် မူဆီအာလာကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးလည်း ပါဝင်လာတယ်လို့ သိရပါတယ်။

ချဲလ်ဆီး အကယ်ဒမီထွက် ကစားသမားဟောင်းဟာ ဒီရာသီမှာ ဘေယန်မြူးနစ် အတွက် ခြေစွမ်းပြနေသလို ဂျာမနီ လက်ရွေးစင်အသင်း မှာလည်း အဓိကကျတဲ့ ကစားသမား တစ်ယောက် ဖြစ်နေသူပါ။ အသက် (၁၉) နှစ်အရွယ် ကစားသမား ကိုတော့ကိုတော့ ဂွါဒီယိုလာက သူ့ အသင်းရဲ့ အဓိက ကွင်းလယ်လူတွေ ဖြစ်တဲ့ ဂွန်ဒိုအန်၊ ဒီဘရိုင်းနား တို့နဲ့ အကောင်းဆုံး တွဲဖက် ကစားနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်းလည်း သတင်းတွေ ထွက်နေပါတယ်။

မူဆီအာလာဟာ ဘေယန်မြူးနစ် အတွက် ပွဲပေါင်း (၉၀) ကစားပေးထားပြီး ဘွန်ဒက်စ်လီဂါ မှာလည်း (၂၂) ဂိုးသွင်းကာ (၁၃) ကြိမ် ဂိုးဖန်တီးပေးထားပါတယ်။ မူဆီအာလာကို စောင့်ကြည့်နေတဲ့ ဥရောပထိပ်တန်း အသင်းကြီးတွေ အများအပြား ရှိနေပေမယ့် ဘေယန်မြူးနစ်ရဲ့ အားကစား ဒါရိုက်တာ ဆယ်လီ ဟာမစ်ဇစ် ကတော့ လုံးဝ ရောင်းချသွားမှာ မဟုတ်ကြောင်း ယတိပြတ် ပြောကြားထားပြီး ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ဘရိုက်တန်
နော်တင်ဟမ်ဖော်ရက်စ် FC
1X2 ဘရိုက်တန် @ 1.47
ဘရိုက်တန် အာရှ ဟန်းဒီးကပ် -1.00 @ 1.82
ဂိုးပေါ် 2.75 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရိုးမား ကွင်းလယ် ကြယ်ပွင့်ကို စိတ်ဝင်စားနေတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ စီးရီးအေ ကလပ် ရိုးမားရဲ့ ကွင်းလယ်ကြယ်ပွင့် နီကိုလို ဇာနီယိုလိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အဆိုပါ ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ နွေရာသီတည်းက ရိုးမား ကနေ ထွက်ခွာဖို့ သတင်းပြေးခဲ့သူပါ။

ဒီကစားသမားကို ပရီးမီးယားလိဂ် ထိပ်သီး အသင်း တစ်သင်း ဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါး ကလည်း ကြိုးစားခဲ့သေးပေမယ့် မော်ရင်ဟိုရဲ့ပိတ်ပင်မှုကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရပါတယ်။ အသက် (၂၃) နှစ် အရွယ် ဇာနီယိုလိုဟာ ရိုးမားနဲ့ (၂၀၂၄) အထိ စာချုပ် သက်တမ်း ကျန်ရှိနေသူ ဖြစ်ပါတယ်။

ဒါပေမယ့် ဇန်နီယိုလိုဟာ အခုချိန်ထိ အသင်းနဲ့ စာချုပ်သက်တမ်း မတိုးနိုင်သေးတာကြောင့် အာဆင်နယ်က စျေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။ သတင်း ဖော်ပြချက်တွေအရ ဆိုရင် ဇာနီယိုလိုရဲ့ အခြေအနေကို စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ မော်ရင်ဟိုဟာ ဇာနီယိုလိုကို အသင်းမှာ ဆက်ထိန်းထားလိုပေမယ့် လုပ်ခလစာ ထပ်တိုး တောင်းဆိုထားမှုတွေကြောင့် စာချုပ်သစ် ချုပ်ဆိုဖို့ ကြန့်ကြာနေရတာ ဖြစ်ပါတယ်။


ဘေယန်မြူးနစ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ငြင်းဆန်ခဲ့တဲ့ ဟယ်ရီကိန်း

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်းက လာမယ့် နွေရာသီမှာ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ ကောလာဟလတွေ ထွက်ပေါ်နေတဲ့ အပေါ် ငြင်းဆန်သွားခဲ့ပါတယ်။

ဘေယန်မြူးနစ်က ဟယ်ရီကိန်းကို လီဝမ်ဒေါစကီး နေရာမှာ တိုက်ရိုက် အစားထိုးဖို့ ရည်ရွယ်နေပြီး စပါးနဲ့ စာချုပ်သစ် မချုပ်ဖို့ အတွက်လည်း လျှို့ဝှက် အသိပေးထားတယ် ဆိုပြီးတော့လည်း သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။ ဒါပေမယ့် ဟယ်ရီကိန်းက “ကျနော် စပါး အတွက်ပဲ အာရုံစိုက်ထားပြီး အကောင်းဆုံး ကြိုးစားနေပါတယ်”

“ဘေယန်မြူးနစ်က တကယ့် ထိပ်တန်းအသင်း ဆိုတာကို ကျနော် သိပါတယ်။ ဒါပေမယ့် ကျနော် အခုချိန်မှာ စပါး အတွက်ပဲ အာရုံစိုက်ထားပြီး လာမယ့် ပွဲတိုင်းမှာ အနိုင်ရဖို့ ကြိုးစားနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဘေယန်မြူးနစ်ဟာ တိုက်စစ်ပိုင်း အတွက် ဟယ်ရီကိန်း အပြင် လိုက်ပ်ဇစ် အတွက် ခြေစွမ်းပြနေတဲ့ ပြင်သစ် လူငယ်ကြယ်ပွင့် ခရစ္စတိုဖာ အန်ကွန်ကူကို ခေါ်ယူဖို့ အတွက်လည်း စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်လျက် ရှိပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်