နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်ချက်စတာယူနိုက်တက် – လက်စတာစီးတီး | ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် – လက်စတာစီးတီး

အခုတစ်ပတ် စနေနေ့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ထိပ်တိုက်တွေ့ဆုံမှု အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ လက်စတာစီးတီးတို့ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။

ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ပစ်မှတ်ထားနေတဲ့ မန်ချက်စတာယူနိုက်တက်တို့ အဆင့် ၄ နေရာက အာဆင်နယ် ထက် တစ်ပွဲပို ကစားပြီး ၄ မှတ် ကွာဟနေခဲ့သလို အဆင့် ၅ နေရာက စပါးနဲ့ ၁ မှတ် အကွာ အဆင့် ၆ နေရာမှာ ရှိနေပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရှိခဲ့သလို ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲမှာ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးထားတဲ့ ယူနိုက်တက်ရဲ့ ခြေစွမ်းက အားရစရာ မရှိသလို ယုံကြည်ရလည်း ခက်နေပါတယ်။ နောက်ပိုင်း ပွဲတွေမှာ တောင်ပံက ဂျေဒန် ဆန်ချို အသင်းနဲ့ တဖြည်းဖြည်း အံ့ဝင်လာခဲ့ပြီး သူ့ရဲ့ တန်ကြေးနဲ့ ထိုက်တန်ကြောင်း ပြသနေခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်ရဲ့ အားရစရာ ခြေစွမ်းတွေ ကတော့ ပြန်မမြင်ရတာ ကြာပါပြီ။ နောက်ပြီး နည်းပြ ရန်းညက်ခ် အနေနဲ့ ဗဟိုကွင်းလယ်မှာ ဘယ်ကစားသမားတွေကို တွဲဖက်ပြီး ကစားခိုင်းရမှန်း မသိအောင် မတည်မငြိမ် ဖြစ်နေသလို အဆိုးဆုံး ကတော့ မက်ဂွိုင်းယား ဦးဆောင်တဲ့ ခံစစ်က အရေးကြီးတဲ့ ပွဲတွေ ဆိုရင် သိသိသာသာ အမှားတွေ လုပ်နေခဲ့တာ ဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ပတ်သတ်လို့တော့ အထွေအထူး ပြောစရာ မလိုပါဘူး။ အသက်နဲ့ မလိုက်အောင် အသင်းကို အခွင့်အရေး ရရင်ရသလို ဆွဲတင်ပေးနေဆဲ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ဒီနှစ် ပရီးမီးယားလိဂ် အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင် ၈ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၄ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပြီး ထိပ်ဆုံး ၆ သင်းထဲ မှာတော့ အညံ့ဆုံး ဖြစ်နေပါတယ်။ အားရစရာ ပြောပါ ဆိုရင်တော့ ယူနိုက်တက်တို့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ပွဲမှာ ၉ ပွဲ အထိ မရှုံးအောင် ကစားထားနိုင်တာ ဖြစ်ပါတယ်။ အခုပွဲ မှာလည်း ယူနိုက်တက်ကို ၄-၃-၃ အခင်းအကျင်းနဲ့ပဲ မြင်တွေ့ရဖို့ များနေပြီး တိုက်စစ်မှာ ရော်နယ်ဒို၊ ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ် ကိုပဲ တွဲဖက်ပေးမယ့် သဘော ရှိပါတယ်။ ကွင်းလယ်မှာ ဘရူနိုဖာနန်ဒက်စ်၊ တော်မီနေး၊ ပေါ့ဘာ၊ ဗဟိုခံစစ်မှာ ဗာရန်း၊ မက်ဂွိုင်းယား အတွဲနဲ့ အတူ ရှောနဲ့ ဝမ်ဘစ်ဆာခါကို ပွဲထွက်ခွင့်ပေးဖွယ် ရှိပါတယ်။

ပရီးမီးယားလိဂ် အဝေးကွင်း နောက်ဆုံး ၃ ပွဲမှာ ၂ ပွဲရှုံးထားတဲ့ လက်စတာစီးတီး
ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ အာဆင်နယ်နဲ့ ဝုဗ်ကို ရှုံးနိမ့်ခဲ့ပေမယ့် ဘန်လေ၊ လိဒ်စ်နဲ့ ဘရန့်ဖို့ဒ် တို့ ဆီကနေ အမှတ်ပြည့်ယူနိုင်ခဲ့ပါတယ်။

လက်စတာစီးတီး ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလယ်လောက် အထိ ရလဒ်တွေ ဆိုးရွားခဲ့ပေမယ့် အဲ့နောက်ပိုင်း မှာတော့ တောက်လျောက် ပြန်ပြီး ဦးမော့လာတာ တွေ့ရပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ အာဆင်နယ်နဲ့ ဝုဗ်ကို ရှုံးနိမ့်ခဲ့ပေမယ့် ဘန်လေ၊ လိဒ်စ်နဲ့ ဘရန့်ဖို့ဒ် တို့ ဆီကနေ အမှတ်ပြည့်ယူနိုင်ခဲ့ပါတယ်။ ယူရိုပါကွန်ဖရင့်လိဂ် မှာလည်း ကွာတားဖိုင်နယ် ကို တက်လှမ်းထားခဲ့တဲ့ လက်စတာစီးတီးတို့ ရလဒ်ပိုင်း ပြန်ကောင်းလာခြင်းနဲ့ အတူ ပရီးမီးယားလိဂ် မှာလည်း အဆင့် ၁၀ နေရာကို ပြန်လည် တက်လှမ်းထားနိုင်ပါတယ်။ ဘရန်ဒန် ရော့ဒ်ဂျားစ်ရဲ့ အသင်း အနေနဲ့ ရာသီ အကုန်မှာ အဆင့် ၁၀ အတွင်း ဝင်ဖို့ အတွက်ပဲ မျှော်လင့်ရမှာ ဖြစ်ပြီး လက်ကျန် ပွဲစဉ်တွေမှာ အသင်းကြီးတွေ ထဲက စပါး တစ်သင်းနဲ့ ကစားဖို့ ကျန်တော့တာကြောင့် ယူရိုပါကွန်ဖရင့်လိဂ် ကိုတောင် အာရုံစိုက်လို့ ရနေပါတယ်။ အခုလောလောဆယ် လက်စတာတို့ လူပြန်စုံနေပေမယ့် ကွင်းလယ်က အန်ဒီဒီ ကတော့ ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေပြီး ဗာဒီနဲ့ အောလ်ဘရိုက်တန် တို့လည်း ပါဝင်ကစားဖို့ မသေချာသေးဘူးလို့ သိရပါတယ်။ ပွဲထွက်လူစာရင်း မှာတော့ အီရန်နာချို၊ မက်ဒီဆင်၊ ဘန်းစ်၊ တေးလီမန့်စ်၊ ကတ်စတန်ညီ၊ ဂျူဘရီဟောလ်၊ ဂျက်စတင်၊ ဆိုယွန်ချူ၊ အီဗန့်စ်၊ ဖိုဖာနာနဲ့ ကတ်စပါ ရှမိုက်ကယ်တို့ ပါဝင်လာဖွယ် ရှိပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ အရပ်ရပ် နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၁၇ ကြိမ်မှာ မန်ချက်စတာယူနိုက်တက်က ၉ ကြိမ် အနိုင်ရပြီး လက်စတာစီးတီးက ၄ ကြိမ်သာ ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ၄ ကြိမ် ကတော့ သရေ ရလဒ်နဲ့ ပြီးဆုံးထားခဲ့ပြီး နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၅ ပွဲ မှာတော့ သရေ ၁ ပွဲသာ ရှိထားပါတယ်။ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရတတ်ပြီး ထူးခြားချက်က လက်စတာတို့ ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၄ ပွဲဆက် မရှုံးခဲ့သလို ၃ ပွဲဆက် အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ မန်ချက်စတာယူနိုက်တက် အတွက် ၁.၅၃ ဆ၊ လက်စတာစီးတီး အတွက် ၅.၆၀ ဆ၊ သရေ အတွက် ၄.၂၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ယူနိုက်တက်ရဲ့ ခြေစွမ်း ကတော့ အားလုံး သိတဲ့ အတိုင်း ခန့်မှန်းရ တော်တော်လေး ခက်ပါတယ်။ လက်စတာ ကတော့ နောက်ပိုင်း ပွဲတွေမှာ ခြေပြန် မှန်လာပေမယ့် အကောင်းဆုံး ပုံစံ ကိုတော့ ပြန်မရသေးပါဘူး။ လက်စတာတို့ ဒီပွဲပြီးရင် ယူရိုပါကွန်ဖရင့်လိဂ် ကစားဖို့ ရှိပေမယ့် ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် တစ်ခုတည်းကို အားစိုက်ရတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီအချက်ကြောင့်ပဲ အခုလာမယ့် ပွဲမှာလည်း ယူနိုက်တက် ကိုပဲ ထပ်ပြီး ယုံကြည်ပေးထားချင်ပါတယ်။

ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်