နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

“ငါမအိုသေး” ရော်နယ်ဒိုရဲ့ ဟက်ထရစ်နဲ့ စပါးကို အနိုင်ယူခဲ့တဲ့ ယူနိုက်တက် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် ၃-၂ တော့တင်ဟမ်ဟော့စပါး

စနေ့နေ့ည ပရီးမီးယားလိဂ်ရဲ့ နောက်အကျဆုံး ပွဲစဉ် မှာတော့ မန်ချက်စတာယူနိုက်တက်တို့ တော့တင်ဟမ်ဟော့စပါးကို အကြိတ်အနယ် ကစားပြီး ၃-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ စပါးတို့ ခြေစွမ်းပိုင်းအရ ယူနိုက်တက် ထက် ပိုကောင်းခဲ့ပေမယ့် အသက် ၃၇ နှစ် အရွယ် တိုက်စစ်မှူးကြီး ရော်နယ်ဒိုရဲ့ ငါမအိုသေး ဆိုတဲ့ မာန်နဲ့ ခြေစွမ်းပြ သွင်းယူခဲ့တဲ့ ဟက်ထရစ်ကြောင့် အိုးထရက်ဖို့ဒ်မှာ အရှုံးနဲ့ ရင်ဆိုင်သွားခဲ့ရတာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲ ရန်းညက်ခ်ရဲ့ အသင်းမှာ ဘရူနိုဖာနန်ဒက်ဇ် ဖျားနာနေလို့ ပါဝင်လာခဲ့ခြင်း မရှိပဲ တိုက်စစ်မှာ ရော်နယ်ဒိုကို အထောင်ထားပြီး တောင်ပံ နှစ်ဖက်မှာ ဆန်ချို၊ ရက်ရှ်ဖို့ဒ် တို့ ကစားခဲ့ပါတယ်။ ကွင်းလယ်မှာ ပေါ့ဘာ၊ ဖရက်ဒ်နဲ့ မာတစ်၊ ခံစစ်မှာ အဲလက်စ်တဲလက်စ်၊ မက်ဂွိုင်းယား၊ ဗာရန်း၊ ဒါလော့တ် တို့နဲ့ အတူ ဖျားနာနေတယ်လို့ သတင်းထွက်ခဲ့တဲ့ ဒါးဗစ် ဒက်ဟဲယားလည်း ပါဝင်လာခဲ့ပါတယ်။ တော့တင်ဟမ်ဟော့စပါး ကတော့ ထုံးစံ အတိုင်း ၃-၄-၂-၁ အခင်းအကျင်း နဲ့ပဲ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး ဂိုးမှာ လိုရစ်၊ ခံစစ်မှာ ရိုမဲယို၊ ဒေးဗီးစ်၊ ဒိုင်ယာ၊ ကွင်းလယ်မှာ ဟွိုက်ဘယက်ဂျ်၊ ဘန်တန်ကာ၊ ဒိုဟာတီ၊ ရက်ဂီလောင်း၊ တိုက်စစ် မှာတော့ ဆွန်ဟောင်မင်၊ ကူလူဆက်ဗ်စကီးနဲ့ ဟယ်ရီကိန်း တို့ပဲ ဦးဆောင်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ် အသင်းကြီးတွေနဲ့ တွေ့ရင် ရလဒ်ကောင်းတတ်သလို နောက်ဆုံး ၂ ပွဲဆက် ဂိုးပြတ် အနိုင်ရထားခဲ့တဲ့ စပါး ကတော့ ယူနိုက်တက်နဲ့မှ ရှုံးပွဲ ပြန်တွေ့ခဲ့ရပြီး အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ရပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၇ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် မှေးမှိန်လာတဲ့ တော့တင်ဟမ်ဟော့စပါး

နှစ်သင်းလုံး တိုက်စစ်ဖွင့် ကစားခဲ့ကြလို့ ပွဲစကတည်းက အကြိတ်အနယ်ရှိခဲ့ပြီး သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၂ မိနစ် မှာတင်ပဲ ယူနိုက်တက်တို့ ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့ပြီး ဖရက်ဒ်ရဲ့ Flick Passနဲ့ ဘောလုံး ပြန်ချပေးလိုက်တာကို ခရစ္စတီယာနို ရော်နယ်ဒိုက ဂိုးဧရိယာ ထိပ်ကနေ အားပါ ပြင်းထန်တဲ့ ကန်ချက်နဲ့ လှလှပပ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရပြီး နောက်ပိုင်း စပါးတို့ တိုက်စစ်မြှင့်လာခဲ့ပြီး ယူနိုက်တက်ကို ပြန်လည် ဖိအားပေးဖို့ ကြိုးစားခဲ့ပါတယ်။ ပွဲချိန် ၁၇ မိနစ်မှာ ဆွန်ဟောင်မင်ရဲ့ ဖန်တီးပေးမှု ကနေ ဘန်ဒေးဗီးစ် ချေပဂိုး သွင်းပေးခဲ့ပေမယ့် လူကျွံနေခဲ့လို့ စပါးတို့ နစ်နာခဲ့ရပါတယ်။ ပွဲချိန် ၃၅ မိနစ်မှာတော့ စပါးတို့ ဂိုးရဖို့ အကြောင်းဖန် လာခဲ့ပြီး ကူလူဆက်ဗ်စကီးရဲ့ ဖြတ်တင်ဘောကို တားဆီးခဲ့တဲ့ တဲလက်စ် လက်ထိခဲ့လို့ ယူနိုက်တက်တို့ ပင်နယ်တီ ပေးခဲ့ရပါတယ်။ ပင်နယ်တီ ကိုတော့ ဟယ်ရီကိန်းက အမှားအယွင်းမရှိ ကန်သွင်းခဲ့လို့ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ထပ် ၃ မိနစ် အကြာမှာ ယူနိုက်တက်တို့ ဒုတိယဂိုး ထပ်ရသွားခဲ့ပြီး ဆန်ချိုရဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ချိုးပေးလိုက်တဲ့ ဘောလုံးကို တိုက်စစ်ကို အသင့်ပါလာတဲ့ ရော်နယ်ဒိုက အနီးကပ် ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း အပြီးမှာတော့ ၂-၁ ရလဒ် ထွက်ပေါ်နေခဲ့ပြီး ဒုတိယပိုင်း ပွဲပြန် စချိန်မှာတော့ စပါးတို့ ချေပဂိုး ရဖို့ ယူနိုက်တက် နောက်တန်းကို တရစပ် ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ပွဲချိန် ၇၂ မိနစ် မှာတော့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှု ကနေ စပါးတို့ ဒုတိယ ချေပဂိုး ထပ်ရသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အကောင်းဆုံး ပုံစံ ရနေတဲ့ ရော်နယ်ဒိုက တဲလက်စ်ရဲ့ ထောင့်ကန်ဘော ကနေ ရော်နယ်ဒိုက ခေါင်းတိုက် သွင်းယူသွားခဲ့လို့ ယူနိုက်တက်တို့ အနိုင်ဂိုး ရရှိပြီး ၃-၂ ရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ယူနိုက်တက် အတွက် အဖိုးတန် ၃ မှတ် ယူပေးခဲ့တာက ရော်နယ်ဒို ဖြစ်ပြီး ဆန်ချို၊ ဖရက်ဒ်တို့ရဲ့ ကောင်းမွန်တဲ့ ဖန်တီး ပေးပို့မှုတွေ ကလည်း အဓိကကျခဲ့ပါတယ်။ ဆန်ချို အနေနဲ့ တစ်ပွဲထက် တစ်ပွဲ ကစားကွက်နဲ့ အံဝင်လာခဲ့ပြီး ယုံကြည်မှုလည်း ပြန်ရလာတာ တွေ့ရပါတယ်။ ဖရက်ဒ် ကတော့ ဒီနေ့ပွဲမှာ လုပ်အားနှုန်း တော်တော်လေး ကောင်းခဲ့ပြီး တိုက်စစ် လိုက်ပါတဲ့ ပေါ့ဘာ အတွက်ရော ခံစစ် ဆင်းကစားတဲ့ မာတစ် အတွက်ပါ ဖြည့်ကစားသွားခဲ့ပြီး ကစားကွက် ချိတ်ဆက်မှု အပိုင်းတွေမှာ အပြစ် ပြောစရာ မရှိအောင် ကောင်းခဲ့တယ်လို့ ဆိုရပါမယ်။ ပေါ့ဘာ ကတော့ ခြေစွမ်းပိုင်း မဆိုးပေမယ့် ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ အဖြစ် သတ်မှတ်ခံထားရသည့် တိုင်အောင် ဘောလုံး အပျက်များနေတာ ကတော့ စိတ်ပျက်စရာပါပဲ။

အမ်ဘီအီး ဘွဲ့ရ မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ ထုံးစံ အတိုင်း ဆိုက်ပိနေဆဲ ဖြစ်ပြီး အသင်း အတွက် မယ်မယ်ရရ ဘာမှမလုပ်ပေးနိုင်သေးပါဘူး။ အဆိုးဆုံး ကတော့ ယူနိုက်တက် ပရိသတ်တွေရဲ့ အချစ်တော် ခေါင်းကြီး သို့မဟုတ် ဟယ်ရီ မက်ဂွိုင်းယားပဲ ဖြစ်ပါတယ်။ မက်ဂွိုင်းယား အနေနဲ့ ဒီနေ့ပွဲ မှာလည်း တာဝန်ကျေခဲ့ပြန်ပြီး စပါး ဘက်က တိုက်စစ် ဆင်လာရင် အရင်ဆုံး လိုက်ရှာရတဲ့ အထိကို မက်ဂွိုင်းယားရဲ့ ခြေစွမ်း အပေါ် ယူနိုက်တက် ပရိသတ်တွေ ရင်ထိတ်နေရဆဲ ဖြစ်ပါတယ်။ အရင်က ပြိုင်ဘက် တိုက်စစ်ကို မသိမသာ ဟပေးတတ်ပေမယ့် အခုတော့ ဂိုးတောင် ကိုယ်တိုင် သွင်းပေးနေပြီ လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

အတည်ပေါက် ချီးကျူးရမှာ ကတော့ ရော်နယ်ဒို ဖြစ်ပြီး ၃၇ နှစ် ဆိုတဲ့ အသက်နဲ့ မလိုက်အောင် တောက်ပပြနေဆဲ ဖြစ်ပါတယ်။ အရင်လို ရော်နယ်ဒို ဆီက ပြေးအား ကောင်းကောင်း၊ ကန်ချက် ကောင်းကောင်းတွေ အမြဲတမ်း မမြင်ရပေမယ့် အခွင့်အရေး ရရင်ရသလို ငါမအိုသေး ဆိုတဲ့ မာန်နဲ့ ကစားပြနေဆဲ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ လိုရစ်သာ မကာကွယ်နိုင်ရင် ရော်နယ်ဒို အနေနဲ့ ၃ ဂိုးထက် ပိုပြီး သွင်းယူနိုင်တဲ့ အခွင့်အရေးတွေ ရခဲ့တာ ဖြစ်ပါတယ်။ ၁၄ နှစ်နဲ့ ၂ လ အကြာမှာ ယူနိုက်တက် အတွက် ဟက်ထရစ် ပြန်လည် သွင်းယူ ပေးနိုင်ခဲ့တဲ့ ရော်နယ်ဒို ဟာ ကစားသမားဘဝ သွင်းဂိုး ၈၀၇ ဂိုး အထိ ရှိလာခဲ့ပြီး ဖီဖာရဲ့ တရားဝင် ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
Lille
ချဲလ်ဆီး
1X2 Lille @ 3.90
ဂိုးပေါ် 2.50 @ 2.03
ဂိုးပေါင် 0-1 @ 3.10
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

စပါး ကတော့ ယူနိုက်တက်ကို အခြေအနေ တော်တော်များများမှာ အသာရခဲ့ပေမယ့် တိုက်စစ်က ဂိုးပေါက် ခြိမ်းခြောက်မှု သိပ်မလုပ်နိုင်ခဲ့ပါဘူး။ ပွဲချိန် အများစုမှာ တိုက်စစ်ဆင်ရင်းသာ အချိန်ကုန်နေရပြီး ဆွန်၊ ကိန်းနဲ့ ကူလူဆက်ဗ်စကီး တို့ရဲ့ ချိတ်ဆက်မှု ပြတ်တောက်နေတာကြောင့်လည်း မျှော်လင့်ထားသလို သွင်းဂိုးတွေ မရခဲ့တာ ဖြစ်ပါတယ်။ ၂ ဂိုး ပြန်ရခဲ့တယ်လို့ ပြောလာနိုင်ပေမယ့် စပါးတို့ ရတဲ့ ဂိုးတွေဟာ ပင်နယ်တီနဲ့ ပြိုင်ဘက် နောက်တန်းရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ဖြစ်လို့ အန်တိုနီယို ကွန်တီရဲ့ အသင်း ဒီနေ့ပွဲမှာ တိုက်စစ် ဘယ်လောက် အားနည်းခဲ့သလဲ ဆိုတာ သိသာခဲ့ပါတယ်။

အချုပ်အားဖြင့် ဆိုရရင် ယူနိုက်တက်တို့ ဒီနေ့ပွဲမှာ အစီအစဉ်တကျ ကစားနိုင်ခဲ့ပြီး အဓိက ကတော့ “ငါမအိုသေး” တိုက်စစ်မှူးကြီးရဲ့ တောက်ပမှုကြောင့် အဖိုးတန် နိုင်ပွဲ ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲ ရလဒ်ကြောင့် ယူနိုက်တက်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာကို ယာယီ ပြန်လည် တက်လှမ်း နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်ကို ဆက်လက် အသက်သွင်းနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် အသင်းကြီးတွေနဲ့ တွေ့ရင် ရလဒ်ကောင်းတတ်သလို နောက်ဆုံး ၂ ပွဲဆက် ဂိုးပြတ် အနိုင်ရထားခဲ့တဲ့ စပါး ကတော့ ယူနိုက်တက် နဲ့မှ ရှုံးပွဲ ပြန်တွေ့ခဲ့ရပြီး အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ရပါတယ်။


လာမယ့်ပွဲစဉ်များ

မန်ချက်စတာယူနိုက်တက် တို့ မတ်လ ၁၆ ရက်နေ့မှာ အက်တလက်တီကို မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ကစားရဖို့ ရှိပြီး စပါး ကတော့ မတ်လ ၁၇ ရက်နေ့မှာ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ ပွဲကျန် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်