နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရော်နယ်ဒိုရဲ့ အကြိမ် ၆၀ မြောက် ဟက်ထရစ်နဲ့ နော့ဝှစ်ချ်ကို အနိုင်ရခဲ့တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

မန်ချက်စတာယူနိုက်တက် ၃-၂ နော့ဝှစ်ချ်စီးတီး

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တို့ အခုတစ်ပတ် မှာတော့ နော့ဝှစ်ချ်စီးတီးကို ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ဟက်ထရစ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ယူနိုက်တက်တို့ အမှတ်ပေးဇယား အောက်ဆုံးက နော့ဝှစ်ချ်စီးတီးကို အိုးထရက်ဖို့ဒ်မှာ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပြီး ဂိုးတွေ ဒိုင်ခံသွင်းပေးမယ့် ရော်နယ်ဒိုသာ မပါရင်တော့ အနိုင် ၃ မှတ် ရဖို့ မဖြစ်နိုင်တဲ့ ပွဲလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ရန်းညက်ခ်ရဲ့ အသင်းက ၄-၃-၃ အခင်းအကျင်းနဲ့ ပွဲထွက်ခဲ့ပြီး တိုက်စစ်မှာ ရော်နယ်ဒို၊ ဆန်ချိုနဲ့ အီလန်ဂါကို တွဲပေးခဲ့ပါတယ်။ ကွင်းလယ်မှာ ပေါ့ဘာ၊ လင်ဂတ်နဲ့ ဖာနန်ဒက်စ်တို့ ကစားခဲ့ပြီး ခံစစ်မှာ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယား၊ အဲလက်စ်တဲလက်စ်၊ ဒါးလော့တ်နဲ့ အတူ ဂိုးမှာတော့ ဒါးဗစ် ဒက်ဟဲယားပဲ ပွဲထွက်လာခဲ့ပါတယ်။ နော့ဝှစ်ချ်စီးတီး ကတော့ ၄-၂-၃-၁ ကစားကွက်နဲ့ကိုမှ တိုက်စစ်မှာ ပွတ်ကီ၊ ရာရှီကာ၊ ဒိုဝဲလ်၊ ကွင်းလယ်မှာ လီးစ်မယ်လူ၊ မက်ကလင်းန်၊ နော်မန်၊ ခံစစ်နဲ့ ဂိုးမှာတော့ ဂစ်ဘ်ဆင်၊ ဟန်လီ၊ ဂီယန်နူးလစ်၊ ဘိုင်ရမ်နဲ့ တင်ခရူးလ် တို့ ပါဝင်ခဲ့ပါတယ်။

အကောင်းဆုံး ကြိုးစား အားထုတ်ခဲ့ပေမယ့် ရှုံးပွဲတွေ့ခဲ့ရတဲ့ နော့ဝှစ်ချ်စီးတီး ကတော့ အဆင့် ၂၀ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး ပရီးမီးယားလိဂ် ကနေ တန်းဆင်းရနိုင်ချေ များသထက် များသွားခဲ့ပြီလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂၀ မှာ ဆက်လက် ရပ်တည်နေခဲ့တဲ့ နော့ဝှစ်ချ်စီးတီး

ပွဲစကတည်းက ယူနိုက်တက်တို့ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ပွဲချိန် ၇ မိနစ် မှာတင်ပဲ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အီလန်ဂါရဲ့ ပေးပို့မှုကို ရော်နယ်ဒိုက အပိုင် ပိတ်သွင်းခဲ့တာ ဖြစ်ပြီး ၃၂ မိနစ် မှာလည်း ရော်နယ်ဒို ကပဲ တဲလက်စ်ရဲ့ ထောင့်ကန်ဘော ကနေ ဒုတိယ ဦးဆောင်ဂိုး ထပ်မံ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီး မှာတော့ နော့ဝှစ်ချ်စီးတီးတို့ ချေပဂိုး ၁ ဂိုး ပြန်ရခဲ့ပြီး ပွတ်ကီရဲ့ ပေးပို့မှု ကနေ ကီရန် ဒိုဝဲလ်က ခေါင်းတိုက် အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ပွဲပြန်စပြီး မကြာခင်မှာပဲ ယူနိုက်တက်တို့ ချေပဂိုး ထပ်ပေးခဲ့ရပြီး ယူနိုက်တက် နောက်တန်းရဲ့ အမှားကြောင့် လွတ်ထွက်လာတဲ့ ဘောလုံးကို ပွတ်ကီက တောက်လျောက် ဆွဲပြေးပြီး ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ယူနိုက်တက်တို့ မာတစ်၊ မာတာ၊ ရက်ရှ်ဖို့ဒ်တို့ ထည့်ကာ တိုက်စစ်မြှင့်ခဲ့ပြီး ပွဲချိန် ၇၆ မိနစ် မှာတော့ အိမ်ရှင်တို့ အနိုင်ဂိုး ရရှိခဲ့ပါတယ်။ ဒီတစ်ကြိမ် မှာလည်း ရော်နယ်ဒို ကပဲ ဖရီးကစ် ကနေ တစ်ဆင့် သွင်းယူသွားခဲ့တာ ဖြစ်ပြီး ကစားသမားဘဝ အကြိမ် ၅၀ မြောက် ကလပ် အသင်းနဲ့ ဟက်ထရစ်ကို ရရှိခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ယူနိုက်တက်တို့ ထုံးစံ အတိုင်း ရော်နယ်ဒိုက ဂိုးတွေ သွင်းပေးလိုက် ဂေါင်းကြီး မက်ဂွိုင်းယား ဦးဆောင်တဲ့ ခံစစ်က ဂိုးတွေ ပြန်ပေးလိုက်ပါပဲ။ ယူနိုက်တက်တို့ ခြေစွမ်းပိုင်း အသာရခဲ့တယ် ဆိုပေမယ့် နော့ဝှစ်ချ်စီးတီး ကလည်း ထိရောက်တဲ့ တုန့်ပြန်မှုတွေ အကြိမ်ကြိမ် ပြန်လည် ပြုလုပ်သွားနိုင်ခဲ့ပါတယ်။ အဓိက ကတော့ ပွတ်ကီ ဦးဆောင်တဲ့ တိုက်စစ်ကို ယူနိုက်တက် နောက်တန်းက ပွဲချိန် တော်တော်များများ သတိထား ထိန်းချုပ်ခဲ့ရပြီး သတိလွတ်ရင် လွတ်သလိုကို ချေပဂိုးတွေ ပြန်ပေးခဲ့ရတာ ဖြစ်ပါတယ်။ ရော်နယ်ဒို ကတော့ ထုံးစံ အတိုင်း အသက်ကြီးပေမယ့် မပျက်ဆီးသေးကြောင်း သက်သေပြနေဆဲ ဖြစ်ပြီး ဒီနေ့ပွဲ မှာလည်း ဂိုးပေါက် ကန်ချက် ၈ ကြိမ် ကနေ သွင်းဂိုး ၃ ဂိုး ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီး မှာတော့ ရော်နယ်ဒိုက နောက်ဆုံး အချိန်ထိ ကြိုးစားသွားမယ်လို့ ကြုံးဝါးခဲ့ပြီး ဒီနိုင်ပွဲကြောင့်လည်း ယူနိုက်တက်တို့ ပရီးမီးယားလိဂ် အဆင့် ၄ နေရာ ဝင်ရေး မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန်သွားခဲ့ရပါတယ်။

ပရီးမီးယား လိဂ်
လီဗာပူးလ်
မန်ချက်စတာ ယူနိုက်တက်
1X2 မန်ချက်စတာ ယူနိုက်တက် @ 7.20
ဂိုးပေါ် 3.00 @ 1.97
ပထမပိုင်း ဂိုးပေါ် 1.25 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

တစ်ဖက်မှာ အဓိက ပြိုင်ဘက်တွေ ရှုံးပွဲ ကိုယ်စီ တွေ့နေချိန် အဖိုးတန် ၃ မှတ် ရအောင် ယူနိုင်ခဲ့တဲ့ ယူနိုက်တက်တို့ ရမှတ် ၅၄ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေခဲ့ပေမယ့် စပါးနဲ့ ၃ မှတ်သာ ကွာဟတော့သလို အာဆင်နယ်နဲ့ အမှတ် တူသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ အကောင်းဆုံး ကြိုးစား အားထုတ်ခဲ့ပေမယ့် ရှုံးပွဲ တွေ့ခဲ့ရတဲ့ နော့ဝှစ်ချ်စီးတီး ကတော့ အဆင့် ၂၀ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး ပရီးမီးယားလိဂ် ကနေ တန်းဆင်းရနိုင်ချေ များသထက် များသွားခဲ့ပြီလည်း ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

မန်ချက်စတာယူနိုက်တက်တို့ လာမယ့် ဧပြီလ ၂၀ ရက်နေ့မှာ လစ်ဗာပူးလ်နဲ့ ရင်ဆိုင်ရဖို့ ရှိပြီး နော့ဝှစ်ချ်စီးတီး ကတော့ ၂၃ ရက်နေ့မှာ နယူးကာဆယ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်