နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – ညနေခင်း သတင်းများ (၂၉/၉/၂၀၂၂)

စက်တင်ဘာ ၂၉ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မောင်ဖြစ်သူကို ကျေးဇူးကန်းနေကြတယ်လို့ ရော်နယ်ဒိုရဲ့ အစ်မဖြစ်သူ တုန့်ပြန် ပြောဆို

ပေါ်တူဂီနဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို ပေါ်တူဂီ မီဒီယာတွေက လက်ရွေးစင် အသင်းမှာ နေရာမပေးသင့်တော့ဘူးလို့ ရေးသားဖော်ပြခဲ့ပြီးနောက် ရော်နယ်ဒိုရဲ့ အစ်မ ဖြစ်သူက တုံ့ပြန်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။ စပိန်နဲ့ ပွဲမှာ ဆိုးရွားတဲ့ ပုံစံကို ပြသခဲ့တဲ့ ရော်နယ်ဒိုကို ဦးစားမပေးသင့်တော့ဘဲ အသင်း အတွက် ပိုပြီး အာရုံစိုက်သင့်နေပြီလို့ မီဒီယာတွေက ပြောဆိုခဲ့ကြတာပါ။

ရော်နယ်ဒိုရဲ့ အစ်မ ဖြစ်သူ ကာတီယာက “ကျမ မောင်ရဲ့ ဘေးနားမှာ သူ့မိသားစုနဲ့ သူ့ကို ချစ်တဲ့ သူတွေ ရှိတယ်၊ ဘာပဲဖြစ်ဖြစ် သူ့အနားမှာ အမြဲရှိနေမှာပါ၊ ဒါပေမယ့် လက်ရှိအချိန်တွေကို ကျမ ကတော့ လုံး၀ မအံ့ဩဘူး၊ ပေါ်တူဂီတွေက သူတို့ စားပြီးတဲ့ ပန်းကန်ပြားပေါ်မှာ တံတွေး ထွေးနေတာပဲ၊ အမြဲတမ်း အဲဒီလိုတွေချည်းပါပဲ၊ ငါ့ရဲ့ ဘုရင်ကြီးရေ၊ စိတ်အေးအေးသာထားပါ”

“ပေါ်တူဂီ အတွက် အမြဲတမ်း ပေးဆပ်ခဲ့တဲ့ သူတွေကို လက်ကမ်းပေးဖို့ လိုပါတယ်၊ ဒါပေမယ့် ပေါ်တူဂီတွေက စိတ်ပျက်စရာပဲ၊ သေးနုပ်တယ်၊ စိတ်ဓာတ် ကင်းမဲ့တယ်၊ ရူးမိုက်တယ်၊ ကျေးဇူးကန်းတယ်၊ အမြဲတမ်း ကျေးဇူးကန်းနေတာ၊ ဒူးထောက်ပြီး ထိုင်နေရတဲ့ လူတယောက် အတွက် ကမ်းလင့်ပေးမယ့် လက်တစ်စုံ မရှိဘူး”

“ ဒါက ရက်စက်လွန်းပါတယ်၊ ပေါ်တူဂီ အတွက် သူအများကြီး ပေးဆပ်ခဲ့တာပါ၊ အဲဒီထိုင်နေတဲ့ လူတစ်ယောက်ကို ခရစ္စတီယာနို ရော်နယ်ဒိုလို့ ခေါ်ပြီး သူက ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမားပဲ” လို့ ပြန်တုံ့ပြန်သွားခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် မှာလည်း အရံခုန်သာ ထိုင်နေပြီး တစ်ပွဲကို အများဆုံး ပွဲချိန် ၂၅ မိနစ်လောက်ပဲ ကစားခွင့်ရနေသူ ဖြစ်ပါတယ်။


လက်ရှိ ပုံစံကောင်းကို ထိန်းထားနိုင်ရင် ယူနိုက်တက်က အားလုံးကို အံ့အားသင့်စေလိမ့်မယ် ဆိုတဲ့ အီဗရာ

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီး ပက်ထရစ် အီဗရာက သူ့ရဲ့ အသင်းဟောင်းက လက်ရှိသွားနေတဲ့ ပုံစံကိုသာ ထိန်းထားနိုင်မယ် ဆိုရင် အားလုံးကို အံ့အားသင့်စေလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။။

နည်းပြ အဲရစ်တန်ဟက်ဂ် လက်အောက်မှာ ယူနိုက်တက်က ရာသီ အဖွင့်ပွဲ ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် အရေးနိမ့်ခဲ့ပေမယ့် ကျန်ပွဲတွေမှာ ဆက်တိုက် အနိုင်ရထားပြီး ခြေစွမ်းကောင်း ရရှိထားတာ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ကစားပုံကို ပရိသတ်တွေ အကြိုက် တွေ့နေကြပြီး တိုးတက်မှုတွေ ရှိလာကာ အောင်မြင်မှု တစ်ခုခုရဖို့ မျှော်လင့်လာနိုင်နေတာ ဖြစ်ပါတယ်။ ယူနိက်တက်မှာ နှစ် အနည်းငယ်ကြာ ကစားခဲ့ပြီး အောင်မြင်မှု အများအပြားရခဲ့တဲ့ အီဗရာ ကလည်း အသင်းဟောင်းရဲ့ လက်ရှိ အခြေအနေကို သဘောကျနေတာ ဖြစ်ပြီး အခုလို ပြောဆိုခဲ့ပါတယ်။

“လက်ရှိ ကစားနေတဲ့၊ လုပ်ဆောင်နေတဲ့ ပုံစံအတိုင်း ဆက်ပြီးတော့ တိုက်ပွဲဝင်နေရင် ယူနိုက်တက်က အားလုံးကို အံ့အားသင့်သွားစေနိုင်ပါတယ်၊ ယူနိုက်တက်လို အသင်းမှာ ကစားတဲ့အခါ လူတွေက အနိုင်ရဖို့၊ အကောင်းဆုံး ဖြစ်ဖို့ကိုပဲ နှစ်တိုင်း မျှော်လင့်တယ်၊ ယူနိုက်တက် အမှတ်ပေးဖလားကို ရခဲ့တာ အချိန်တွေ ကြာခဲ့ပါပြီ၊ လစ်ဗာပူးလ် ပရိသတ်တွေကို စိတ်မဆိုးစေချင်ဘူး၊ သူတို့ဆိုရင် နှစ်ပေါင်း ၃၀ လောက် စောင့်ခဲ့ရတာပါ”

“သမိုင်းဆိုတာ ဘယ်တော့မှ မသေဆုံးပါဘူး၊ ယူနိုက်တက်က အမှတ်ပေးဖလား ပြန်ရဖို့ အတွက်ဆို အဲဒီလောက်ကြီးထိတော့ ကျနော် မစောင့်ချင်ဘူး၊ ယူနိုက်တက်လို အသင်း အတွက် ၁၀ နှစ် ဆိုတာက အရမ်းကို ကြာရှည်လွန်းနေပါပြီ၊ အဲဒီလောက်ထိ အချိန်မရှိပါဘူး၊ ပရိသတ်တွေ ကလည်း စိတ်ရှည်မှာ မဟုတ်ဘူး၊ အထူးသဖြင့် အမှတ်ပေးဖလား ၂၀ ကြိမ်တောင်မှ ရထားတဲ့ အသင်းမျိုး ဖြစ်နေရင်ပေါ့” လို့ ဆိုခဲ့ပါတယ်။


ယူရို သန်း ၁၃၀ တန် ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ ဝင်တန်းစီတော့မယ့် ချဲလ်ဆီး

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ချဲလ်ဆီး အသင်းဟာ ဒေါ့မန် အသင်းရဲ့ ကွင်းလယ် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ အတွက် ခြေလှမ်း စတင်လိုက်ပြီ ဖြစ်ပါတယ်။
လိုအပ်နေတဲ့ ကွင်းလယ်ပိုင်း အတွက် ဂျူ့ဒ် ဘယ်လင်ဂမ်ကို ခေါ်ယူချင်နေတဲ့ ချဲလ်ဆီး

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ချဲလ်ဆီး အသင်းဟာ ဒေါ့မန် အသင်းရဲ့ ကွင်းလယ် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ အတွက် ခြေလှမ်း စတင်လိုက်ပြီ ဖြစ်ပါတယ်။ နာမည်ကျော် အသင်း အများအပြားရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ ဘယ်လင်ဂမ်ကို လာမယ့် နွေရာသီမှာ လက်ဦးမှု ရယူနိုင်ဖို့ အတွက် ချဲလ်ဆီးက အခုကတည်းက စီမံကိန်းချ ဆောင်ရွက်လာခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေ အကြီးအကျယ် ထွက်နေတဲ့ ဒီကစားသမားဟာ လက်ရှိမှာ ဥရောပရဲ့ အတောက်ပဆုံး လူငယ်ကစားသမားတဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ဘယ်လင်ဂမ်ဟာ ဒေါ့မန် အတွက် ခြေစွမ်းပြကစားနေပြီး အင်္ဂလန် လက်ရွေးစင်က လာမယ့် ရာသီမှာ အသင်းသစ် ပြောင်းရွှေ့ဖို့ စဉ်းစားနေသလို ခေါ်ယူချင်တဲ့ အသင်းတွေ ကလည်း ဝိုင်းဝိုင်းလည်နေခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီး အသင်း ပိုင်ရှင်သစ် တော့ဒ်ဘိုလေ ကလည်း အသက် ၁၉ နှစ်အရွယ် ဘယ်လင်ဂမ်ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပြီး ဒေါ့မန် ဘက်က တောင်းဆိုတဲ့ ငွေကြေးကို ပေးချေဖို့ အသင့်ဖြစ်နေတယ်လို့ သတင်းထွက်လာပါတယ်။ ရီးရဲလ်မက်ဒရစ်၊ လစ်ဗာပူးလ် တို့ကလည်း ဘယ်လင်ဂမ်ကို စိတ်ဝင်စားနေတာကြောင့် လာမယ့်နွေရာသီရဲ့ အပြောင်းအရွှေ့ ဇာတ်လိုက် ကတော့ ဘယ်လင်ဂမ် ဖြစ်လာဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်