နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – ညနေခင်း သတင်းများ (၁၀/၁၀/၂၀၂၂)

အောက်တိုဘာ ၁၀ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကစားသမားဘ၀ သွင်းဂိုး ၇၀၀ ပြည့်ခဲ့တဲ့ ရော်နယ်ဒို

မနေ့ညက ကစားခဲ့တဲ့ အဲဗာတန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက အသင်း အတွက် အနိုင်ဂိုးကို လူစားဝင်လာပြီး သွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်းမှာ အန်တိုနီ မာစီရယ် ဒဏ်ရာ ရရှိခဲ့လို့ ရော်နယ်ဒိုက လူစားဝင်လာခဲ့ပြီး ပွဲကစားချိန် ၄၄ မိနစ်မှာ ကက်စ်မဲရိုးရဲ့ ဖန်တီးပေးမှု ကနေ ဆွဲပြေးသွားပြီး ဘယ်ခြေနဲ့ အပိုင် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဒီဂိုးက ရော်နယ်ဒို အတွက် ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ဖြစ်သလို ကလပ် ကစားသမား ဘ၀မှာ သွင်းဂိုးပေါင်း ၇၀၀ ပြည့်မြောက်ခဲ့တဲ့ ဂိုးလည်း ဖြစ်ပါတယ်။ အသက် ၃၇ နှစ် အရွယ် ပေါ်တူဂီ တိုက်စစ်မှူးက အကောင်းဆုံး အဆုံးသတ်ပြခဲ့ပြီး ဘောလုံး သမိုင်းမှာ ဘယ်ကစားသမားထက် မဆို ကလပ်သွင်းဂိုး ပိုသွင်းထားနိုင်တဲ့ ကစားသမားလည်း ဖြစ်လာခဲ့ပြီး ဂုဏ်ယူဖွယ် မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဂိုးသွင်း အပြီးမှာ ရော်နယ်ဒိုက ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်ပွဲခံသွားခဲ့ပြီး အသင်းဖော်တွေ ကလည်း သူ့ကို ဝိုင်းဝန်း ဂုဏ်ပြုခဲ့ကြပါတယ်။ သွင်းဂိုး တစ်ဂိုး ရဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေခဲ့ရတဲ့ ရော်နယ်ဒိုဟာ အခွင့်အရေးကို လက်လွှတ်မခံဘဲ သူ့ရဲ့ အရင်တုန်းက ပုံစံမျိုးနဲ့ သွင်းယူခဲ့တာ ဖြစ်ပါတယ်။


ယူနိုက်တက် သမိုင်းမှာ စံချိန်သစ်တင်ခဲ့တဲ့ အန်တိုနီ

အဲဗာတန်နဲ့ ပွဲမှာ သွင်းဂိုး တစ်ဂိုး ထပ်သွင်းယူနိုင်ခဲ့ပြီးနောက် အန်တိုနီ ကတော့ စံချိန်သစ် တစ်ခုကို ရယူသွားနိုင်ခဲ့ပါတယ်။ အန်တိုနီက ယူနိုက်တက် အတွက် သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ၃ ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ဒါက ယူနိုက်တက် အသင်းရဲ့ သမိုင်းမှာ ပထမဆုံး လိဂ်ပွဲဦးထွက် ပွဲ ၃ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်လာခဲ့တာပါ။ သူ့အရင်မှာ ဇလာတန်က ပွဲဦးထွက် ၂ ပွဲ ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ စံချိန်ကို တင်ထားတာပါ။

ပရီးမီးယား လိဂ်
ဘရန့်ဖို့ဒ် FC
ဘရိုက်တန်
1X2 ဘရိုက်တန် @ 2.34
ဘရိုက်တန် အာရှ ဟန်းဒီးကပ် -0.25 @ 2.13
ဂိုးပေါ် 2.50 @ 2.08
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘရာဇီးလ် တောင်ပံကစားသမားဟာ အာဆင်နယ်၊ မန်စီးတီးနဲ့ အဲဗာတန်တို့ ပွဲတွေမှာ ဂိုးတွေ ဆက်တိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။ အန်တိုနီရဲ့ ဂိုးသွင်းဟန်က သူ့ရဲ့ Trademark တစ်ခုလို ဖြစ်လာပြီး အာဆင်နယ်နဲ့ အဲဗာတန်တို့ပွဲတွေမှာ ရယူနိုင်ခဲ့တဲ့ သွင်းဂိုးတွေက တော်တော်လေး တူညီနေခဲ့ပြီး သူ့ရဲ့ လျင်မြန်မှု၊ အဆုံးသတ်မှုအပိုင်းက ယူနိုက်တက် ပရိသတ်တွေ အတွက်တော့ တကယ့်ကို စိတ်ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။

အန်တိုနီကို အေဂျက်ဇ် ကနေ ပေါင်သန်း ၁၀၀ နဲ့ ယူနိုက်တက်က ခေါ်ယူခဲ့ရတာ ဖြစ်ပြီး တန်ဟက်ဂျ်က သူ့ရဲ့ တပည့်ဟောင်းကို ပွဲတိုင်း ထည့်သွင်း အသုံးပြုနေတာ ဖြစ်ပါတယ်။ အန်တိုနီ ကလည်း ပရီးမီးယားလိဂ် ၃ ပွဲ ဆက်တိုက် ဂိုးရအောင် သွင်းယူနိုင်တဲ့ အထိ ခြေစွမ်းပြနိုင်ခဲ့ပြီး ယူနိုက်တက် ညာတောင်ပံမှာ ဘယ်ခြေ ကစားသမား တစ်ဦး လိုအပ်နေတဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။


ဂါဘရီရယ် လက်ထိဘောကို ပင်နယ်တီ မပေးခဲ့လို့ လစ်ဗာပူးလ် ပရိသတ်တွေ ဒေါသထွက်နေ

အာဆင်နယ်က လစ်ဗာပူးလ်ကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဂန်းနား နောက်ခံလူ ဂါဘရီရယ် မက်ဂါဟေးလ်စ်ရဲ့ လက်ထိဘောကို ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာက ပင်နယ်တီမပေးခဲ့လို့ လစ်ဗာပူးလ် ပရိသတ်တွေ ဒေါသထွက်နေကြပါတယ်။ ပွဲချိန် အစောပိုင်း ကတည်းက အာဆင်နယ်က မာတင်နယ်လီရဲ့ ဂိုးနဲ့ ဦးဆောင်နေခဲ့ပြီး သိပ်မကြာခင်မှာဘဲ အာဆင်နယ် ဂိုးဧရိယာထဲ ဂါဘရီရယ်က လက်ထိခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်က လစ်ဗာပူးလ်ကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဂန်းနား နောက်ခံလူ ဂါဘရီရယ် မက်ဂါဟေးလ်စ်ရဲ့ လက်ထိဘောကို ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာက ပင်နယ်တီမပေးခဲ့လို့ လစ်ဗာပူးလ် ပရိသတ်တွေ ဒေါသထွက်နေကြပါတယ်။
ဂါဘရီရယ်ရဲ့ လက်ထိဘောကို ကွင်းလယ်ဒိုင်ကို ဒေါသထွက်နေကြတဲ့

ဒါပေမယ့် ကွင်းလယ်ဒိုင် အိုလီဗာ ကတော့ VAR တောင် ပြန်မကြည့်ခဲ့ဘဲ ပင်နယ်တီ ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ အနှေးပြကွက်တွေ အရ ဂါဘရီရယ်က လက်နဲ့ သေချာထိခဲ့တာ ဖြစ်ပြီး ပင်နယ်တီ ပေးမယ် ဆိုရင် ပေးလို့ရတဲ့ အနေအထားမှာ ရှိတယ်လို့ လစ်ဗာပူးလ် ပရိသတ်တွေက ပြောဆိုခဲ့ကြပြီး အိုလီဗာရဲ့ ဆုံးဖြတ်ချက် အပေါ်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်နေကြပါတယ်။

ဒါ့အပြင် အာဆင်နယ်တို့ ရရှိသွားခဲ့တဲ့ ပင်နယ်တီ ဖြစ်ရပ် မှာတော့ ချက်ချင်းပဲ ပင်နယ်တီပေးခဲ့လို့ လစ်ဗာပူးလ် ပရိသတ်တွေ ပိုပြီး ဒေါသထွက်ခဲ့ရပါတယ်။ လစ်ဗာပူးလ် နည်းပြ ယာဂင် ကလော့ပ် ကတော့ အာဆင်နယ် တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်က ဟန်ဆောင် ကောင်းခဲ့တယ်လို့ ပြောဆိုခဲ့ပြီး သူ့အသင်း အရေးနိမ့်ခဲ့မှုမှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေ မှားယွင်းခဲ့တယ်လို့ အရိပ်အမြွက် ပြောဆိုသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်