နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – ညနေခင်း သတင်းများ (၁/၈/၂၀၂၂)

ဩဂုတ်လ ၁ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရာသီကြို ခြေစမ်းပွဲ ကစားရတာ ပင်ပန်းလို့ ဆိုပြီး ထိုင်ငြီးနေပြန်တဲ့ တူချယ်

ချဲလ်ဆီး နည်းပြ သောမက်စ် တူချယ် ကတော့ သူတို့ အသင်းဟာ ရာသီ အဖွင့် အတွက် အခုချိန်ထိ အဆင်သင့် မဖြစ်သေးဘူးလို့ ထပ်ပြီး ဝန်ခံ ပြောဆိုလာပြန်ပါတယ်။ တူချယ်က အမေရိကန် နိုင်ငံမှာ နှစ်ပတ်ကြာ သွားရောက်ပြီး ခြေစမ်းပွဲ ကစားခဲ့ရလို့ ပင်ပန်း နွမ်းနယ်နေသလို ခရီးက ပြန်လာပြီး တစ်ပတ် မပြည့်ခင်မှာပဲ ပရီးမီးယားလိဂ် အဖွင့်ပွဲ ကစားရဦးမယ် ဆိုပြီး ညီးတွား ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။

“ယူအက်စ်ကို အကြာကြီး သွားခဲ့ရတော့ ပင်ပန်းပြီး ခြေကုန် လက်ပန်းကျနေပါတယ်။ ပြီးတော့ အခြေအနေအရ ဒီနေ့လိုမျိုး ခရီးပြန်ထွက်ရတာက သိပ်တော့ မလွယ်ကူပါဘူး။ တော်တော်လေးကို အားသုံး ရပါတယ်။” “ဒီတစ်ပတ် အတွင်း ကတော့ ကျွန်တော်တို့ အဲဗာတန်ကို ရင်ဆိုင်ဖို့ ကလွဲလို့ ဘာမှမပြင်ဆင်ပါဘူး။ ရာသီက ရှေ့တံခါးဝ ရောက်နေပါပြီ။ ကျွန်တော်တို့ တိုးတက်လာဖို့ အတွက် အပြုသဘောဆောင်တဲ့ အရာတွေ အများကြီး လုပ်ဖို့ လိုအပ်ပါသေးတယ်။” လို့ တူချယ်က ဆိုပါတယ်။

ဆက်လက်ပြီး တူချယ်က သူတို့ အသင်းဟာ အခုချိန်အထိ အဆင်သင့် မဖြစ်သေးသလို၊ အဆင်သင့် ဖြစ်အောင်လည်း ဘာမှကို မပြင်ဆင်ရသေးကြောင်း၊ သူတို့ အသင်း အတွက် တစ်ပတ်သာ အချိန်ရတော့သလို ဒီအချိန်ဟာ အကောင်းဆုံး ပုံစံမှာ ရှိနေရတော့မယ့် အချိန် ဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး တူချယ်က “ရာသီစတင်တိုင်း အမြဲတမ်း ပျော်စရာကောင်းပါတယ်။ ကျွန်တော်တို့ ဒီတစ်ပတ်ထဲမှာ သွားရမယ့် ကိစ္စတွေ အများကြီး ရှိပါသေးတယ်” လို့လည်း ဆိုခဲ့ပါသေးတယ်။ ချဲလ်ဆီးဟာ ခံစစ်မှူး တစ်ဦး အသည်းအသန် ရှာဖွေနေပြီး လက်ရှိ မှာတော့ ဂဗာဒီယိုလ်၊ ဖိုဖာဖနာ၊ ပါဗက်၊ ရှက်ခရီနီယာ၊ ဒမ်းဖရီးစ် တို့ကို ပစ်မှတ်ထားခဲ့ပါတယ်။ ချဲလ်ဆီးဟာ လက်ရှိ အပြောင်းအရွှေ့မှာ စတာလင်နဲ့ ကူလီဘာလီတို့ ၂ ဦး ကိုသာ ခေါ်ယူထားနိုင်ခဲ့ပါသေးတယ်။


ပွဲမပြီးပဲ ပြန်လို့ တင်းနေတဲ့ ပရိသတ်ကို အိမ်ရောက်မှ ပို့စ်တင်ပြီး ပြန်ချော့တဲ့ ရော်နယ်ဒို

အိုးထရက်ဖို့ဒ်မှာ မနေ့ညက ကစားခဲ့တဲ့ ကစားတဲ့ လာလီဂါ ကလပ် ရေယို ဗလက်ကာနိုနဲ့ ခြေစမ်းပွဲမှာ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ ခြေစွမ်းမပြနိုင်ခဲ့သလို ဒုတိယပိုင်း ပွဲအစမှာ လူငယ် ကစားသမား အာမက်ဒ် ဒီရယ်လိုနဲ့ လူစားလဲခံခဲ့ရပါတယ်။ အဲ့နောက် ရော်နယ်ဒို တစ်ယောက် ပွဲပြီးတဲ့ အထိ မနေတော့ပဲ မရွှင်မလန်း မျက်နှာနဲ့ အိမ်တန်း ပြန်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာလည်း ပရီးမီးယားလိဂ် ထိပ်သီးတို့ လာလီဂါ အလတ်လတ် အဆင့်သာ ရှိတဲ့ ကလပ်ကို ၁ ဂိုးစီ သရေသာ ကစားသွားနိုင်ခဲ့လို့ ပရိသတ်တွေ အတွက် ပိုပြီး စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။

ကေလိဂ်
ဂန်းဝန်
ဂျွန်ဘက်ခ် မော်တာ
1X2 ဂန်းဝန် @ 3.15
ဂျွန်ဘက်ခ် မော်တာ ပထမပိုင်း အာရှ ဟန်းဒီးကပ် -0.50 @ 2.20
ဂိုးပေါ် 2.75 @ 2.25
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲအစပိုင်းမှာ အသင်းနဲ့ သွေးပူ လေ့ကျင့်ခန်းဆင်းနေတဲ့ ရော်နယ်ဒိုကို ပြန်မြင်ရလို့ ပရိသတ် တော်တော်များများက လက်ခုပ်တီး အားပေးခဲ့ကြပေမယ့်လည်း ပွဲမပြီးပဲ အိမ်ပြန်သွားတဲ့ အခါမှာတော့ ပရိသတ်တွေက မကျေမနပ်နဲ့ ဝေဖန်နေကြတာ ဖြစ်ပါတယ်။ တချို့ဆိုရင် ရော်နယ်ဒိုနဲ့ ယူနိုက်တက်ရဲ့ ဇာတ်လမ်းက ဒီမှာတင် ပြီးဆုံးသွားပြီလို့တောင် ထင်ကြေးပေးနေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခြေအနေတွေကို ရိပ်မိသွားပုံရတဲ့ ရော်နယ်ဒိုက တွစ်တာမှာ သူ့ရဲ့ ဓာတ်ပုံနဲ့အတူ “ပြန်လာရလို့ ပျော်ပါတယ်’ ဆိုတဲ့ စာသားကို ရေးတင်ခဲ့ပါတယ်။ အဲ့နောက် ‘အမြဲတမ်း ပရိသတ်တွေနဲ့ ရှိနေရတာ ကောင်းလိုက်တာ’ ဆိုတဲ့ စာသားကိုတော့ သူ ပရိသတ်တွေကို လက်မှတ် ထိုးပေးနေတဲ့ အချိန် ရိုက်ထားတဲ့ ဓာတ်ပုံ နှစ်ပုံနဲ့ ပြန်လည် ဝေမျှသွားခဲ့တာ ဖြစ်ပါတယ်။

မည်သို့ပင် ဆိုစေကာမူ ပရိသတ် တော်တော်များများ ကတော့ ယူနိုက်တက်မှာ ရော်နယ်ဒိုရဲ့ အနာဂတ် မသေချာတော့ဘူး ဆိုပြီး လက်ခံနေကြပြီ ဖြစ်ပါတယ်။


အာဆင်နယ် Top 4 ပြန်မျှော်လင့်နိုင်ပြီလို့ ပြောလာတဲ့ ရှမိုက်ကယ်

အာဆင်နယ်တို့ အခု လာမယ့် ရာသီ ထိပ်ဆုံး ၄ သင်း နေရာကို မျှော်လင့်နိုင်တယ်လို့ ပရီးမီးယားလိဂ် ဂန္တဝင် ဂိုးသမားကြီး ပီတာ ရှမိုက်ကယ်က သူ့ရဲ့ အမြင်ကို ပြောကြားလိုက်ပါတယ်။

ယူနိုက်တက် အသင်းရဲ့ ဂိုးသမားဟောင်းကြီးက ဂန်းနား တို့ရဲ့ နွေရာသီ ခေါ်ယူမှုတွေက ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်တဲ့ အခါမှာ လိုချင်တပ်မက်စိတ်တွေ ပြင်းထန်လာဖို့ အားအင်တွေ ပေးလိမ့်မယ်လို့ Times နဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့တာပါ။

အဲ့နောက် ရှမိုက်ကယ်က “အချိန်အတော်ကြာပြီးမှ ပထမဦးဆုံး အကြိမ် အာဆင်နယ်ကို ထိပ်ဆုံး ၄ သင်း နေရာ အတွက် တွေးနေမိတာပါ။” လို့လည်း ဆိုပါတယ်။

အာဆင်နယ်ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ အားရစရာ ကစားသမား ခေါ်ယူ အားဖြည့်မှုတွေ ပြုလုပ်ထားပြီး နောက်ထပ် ခေါ်ယူဖို့ ပစ်မှတ်ထားနေသူတွေလည်း ရှိနေပါသေးတယ်။ ဒါ့အပြင် အသစ် ခေါ်ယူခဲ့တဲ့ ဂါဘရီရယ် ဂျေဆုစ်နဲ့ ဇင်ချန်ကို တို့ဟာ ရှိပြီးသား ကစားသမားတွေနဲ့ အကောင်းဆုံး တွဲဖက် ကစားထားနိုင်တာကြောင့် ပရီးမီးယားလိဂ် ရာသီ မစတင်ခင်မှာပဲ အာဆင်နယ်ကို သတိထားရမယ့် အသင်း အဖြစ် သတ်မှတ်နေခဲ့ကြတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်