နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နှစ်ပွဲဆက် အရှုံးကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ဝေဝါးသထက် ဝေဝါးသွားတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

အာဆင်နယ် ၁-၂ ဘရိုက်တန်

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် လန်ဒန်ဒါဘီ ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ကို ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ အာဆင်နယ်တို့ ဒီတစ်ပတ် မှာလည်း ဘရိုက်တန်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ခြင်းနဲ့ အတူ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်တွေ ပိုပြီး ဝေဝါးသွားခဲ့ရပါတယ်။ အရေးကြီးတဲ့ အချိန်မှာ အဓိက ကစားသမားတွေ ဒဏ်ရာရနေခြင်းက အသင်း အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်နေခဲ့ပြီး နည်းပြ မီခယ် အာတေးတားရဲ့ နည်းစနစ်ဗျူဟာပိုင်း အမှားတွေကြောင့်လည်း အာဆင်နယ်တို့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးပွဲ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အမှတ်လိုနေတဲ့ အာဆင်နယ်ရော၊ ရလဒ်တွေ ဆိုးရွားနေတာ ကြာပြီဖြစ်တဲ့ ဘရိုက်တန်ပါ အနိုင် ၃ မှတ် အတွက် အားစိုက်ခဲ့ကြပါတယ်။ အာဆင်နယ်က ထုံးစံ အတိုင်း ၄-၃-၃ ကို အခြေခံတဲ့ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာခဲ့ပြီး ဒဏ်ရာရနေတဲ့ တီယာနေး နေရာမှာ တာဗာရက်စ်ကို သုံးဖို့ စိတ်မချရတာကြောင့် ချာကာကို ကစားစေခဲ့ပါတယ်။ ကွင်းလယ်က သောမက်စ် ပါတေး နေရာ ကိုတော့ လိုကွန်ညာနဲ့ အစားထိုးပြီး မာတင်အိုဒီဂတ်နဲ့ တွဲဖက်ပေးခဲ့ပါတယ်။ တိုက်စစ်မှာတော့ ထုံးစံ အတိုင်း မာတင်နယ်လီ၊ ဆာကာ၊ လာကာဇက်တို့ ကစားခဲ့သလို ခံစစ် မှာလည်း စီဒရစ်၊ ဝှိုက်၊ ဂါဘရီရယ်၊ ရမ်းစ်ဒေးလ် တို့နဲ့ပဲ ပွဲထွက်ခဲ့ပါတယ်။ ဘရိုက်တန် ဘက်မှာတော့ မိုဒါ ကလွဲလို့ လူစုံခဲ့ပြီး တိုက်စစ်မှာ ဂန်းနားဟောင်း ဝဲလ်ဘက်ကို ထရော့ဆက်ဒ်နဲ့ တွဲပေးခဲ့ပါတယ်။ ကွင်းလယ် မှာ ဘစ်ဆူးမား၊ ကိုင်ဆီဒို၊ ဂရော့စ်၊ တောင်ပံတွေမှာ မွယ်ပူ၊ အဲလစ္စတား၊ ခံစစ်မှာ ကူကာရယ်လာ၊ ဒန့်ခ်၊ ဗဲလ်မန်းနဲ့ ဂိုးမှာတော့ ဆန်းချက်ဇ်ပဲ ပွဲထွက်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ၇ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ ဘရိုက်တန် ကတော့ အဆင့် ၉ နေရာက ပဲလေ့စ်နဲ့ ရမှတ်တူ အဆင့် ၁၁ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့တဲ့ ဘရိုက်တန်

ပွဲစထဲက အာဆင်နယ်တို့ ခြေစွမ်းပိုင်း အနည်းငယ် ပိုသာခဲ့ပေမယ့် ဘရိုက်တန်က ထိရောက်တဲ့ တုန့်ပြန်မှုတွေ ပိုပြီး ပြုလုပ်နိုင်ခဲ့ပါတယ်။ တီယာနေး မပါတဲ့ ဘယ်ခြမ်း ခံစစ်က အားနည်းနေခဲ့လို့ ဘရိုက်တန် ညာတောင်ပံက မွယ်ပူ၊ ဗဲလ်မန်း၊ ထရော့ဆက်ဒ် တို့ အချိတ်အဆက် မိမိ လျင်လျင်မြန်မြန်နဲ့ ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပွဲချိန် ၂၈ မိနစ်မှာ ဧည့်သည် ဘရိုက်တန်တို့ ဦးဆောင်ဂိုး ရသွားခဲ့ပြီး ညာခြမ်းက မွယ်ပူ ချိုးပေးလိုက်တဲ့ ဘောလုံးကို ဧရိယာ ထိပ်ကနေ အသင့်စောင့်နေတဲ့ ထရော့ဆက်ဒ်က အားပါတဲ့ ကန်ချက်နဲ့ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် အာဆင်နယ်တို့ ချေပဂိုး ရဖို့ ဖိဖိစီစီး ကစားခဲ့ပြီး ချေပဂိုးလည်း သွင်းနိုင်ခဲ့ပေမယ့် မာတင်နယ်လီ လူကျွံနေတယ် ဆိုပြီး VAR က ပယ်ဖျက်သွားခဲ့လို့ အာဆင်နယ်တို့ နစ်နာခဲ့ရပါတယ်။

ဒုတိယပိုင်း ပွဲပြန်စတာနဲ့ တပြိုင်နက် အာဆင်နယ်တို့ ဘယ်ညာ တောင်ပံ နှစ်ဖက်စလုံး ကနေ အပြတ်အသတ် ဖိအားပေးဖို့ ကြိုးစားခဲ့ပေမယ့် အမှားမလုပ်ပဲ စနစ်တကျ ခုခံနိုင်ခဲ့တဲ့ ဘရိုက်တန်ရဲ့ ခံစစ်ကြောင့် ထင်သလောက် မလွယ်ကူခဲ့ပါဘူး။ ဒါ့အပြင် ဘရိုက်တန်ရဲ့ တန်ပြန် တိုက်စစ် ကစားပုံ ထိရောက်ခဲ့ပြီး ပွဲချိန် ၆၆ မိနစ်မှာ အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ထပ်မံ သွင်းယူနိုင်ခဲ့ပါတယ်။ ကိုင်ဆီဒိုရဲ့ ဖန်တီးပေးမှု ကနေ မွယ်ပူက မြေမကျ မနားတမ်း ကန်သွင်းသွားခဲ့လို့ ရမ်းစ်ဒေးလ်လည်း ဘယ်လိုမှ မတတ်နိုင်ပဲ ဂိုးအဖြစ် ခွင့်ပြုခဲ့ရပါတယ်။ ၂ ဂိုးပြတ် ဦးဆောင်ထားနိုင်ခဲ့တဲ့ ဘရိုက်တန်တို့ လက်ကျန်မိနစ်တွေမှာ အနိုင်ရလဒ်ကို ထိန်းဖို့ပဲ ကြိုးစားခဲ့လို့ အိမ်ရှင်တို့ အခွင့်အရေး တချို့ ပြန်ရခဲ့ပေမယ့် မာတင်အိုဒီဂတ်ရဲ့ ဖရီးကစ် ဘားတန်းထိပြီး ပြန်ထွက်လာတာကို အန်ကတ်တီးယား ထပ်ဆင့် ပိတ်သွင်းရာမှာ ဘားတန်း ထပ်ထိခဲ့လို့ အာဆင်နယ်တို့ ကံဆိုးခဲ့ရပါတယ်။ မီခယ် အာတေးတားရဲ့ အသင်း အတွက် တစ်လုံးတည်းသော ချေပဂိုး ကိုတော့ ပွဲချိန် ၈၈ မိနစ်မှာ မာတင် အိုဒီဂတ်က အဝေးကနေ လှလှပပ ကန်သွင်း ရယူပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ ဂန်းနားတို့ တတ်နိုင်သမျှ အားစိုက် ရုန်းခဲ့ပေမယ့် သရေ ၁ မှတ် ရဖို့တောင် လုံလောက်တဲ့ ခြေစွမ်း မရှိခဲ့လို့ ၁-၂ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပြီး ပရီးမီးယားလိဂ် ၂ ပွဲဆက် အရှုံးနဲ့ အတူ နောင်တော်ကြီး ယူနိုက်တက် လမ်းစဉ်ကို လိုက်ခဲ့ရပါတော့တယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
အက်တလက်တီကို
မန်ချက်စတာစီးတီး
1X2 မန်ချက်စတာစီးတီး @ 1.86
ဂိုးပေါ် 2.50 @ 2.04
ဂိုးပေါင်း 2-3 @1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

အထက်မှာ ပြောခဲ့သလိုပဲ တီယာနေးနဲ့ ပါတေးတို့ မကစားနိုင်ခြင်းက အာဆင်နယ်ကို ဆုံးရှုံးမှု ကြီးမားစေခဲ့တာ ဖြစ်ပါတယ်။ အရန်အင်အား မတောင့်တင်းသလို အဓိက ပွဲထွက် ကစားသမားနဲ့ အရန် ကစားသမားတွေကြား ခြေစွမ်း ကွာဟချက် မြင့်မားမှုကို ထပ်မံမြင်တွေ့ခဲ့ရပြီး အာတေးတားရဲ့ နည်းစနစ်ပိုင်း ကလည်း ပွဲမစခင် ကတည်းက မှားယွင်းနေခဲ့တယ်လို့ ပြောလို့ ရပါတယ်။ တစ်ဦးတစ်ယောက် အမြင်အရ ဆိုရင် ဘယ်ခြမ်းမှာ ပိုင်ပိုင်နိုင်နိုင် ကစားနိုင်တဲ့ ဆာကာကို တီယာနေး နေရာမှာ ကစားခိုင်းပြီး ဆာကာ နေရာမှာ ပေပေကို ပွဲထွက်ခွင့်ပေးသင့်တာပါ။ ကွင်းလယ်မှာ လိုကွန်ညာနဲ့ ချာကာ တွဲပေးသင့်သလို မာတင် အိုဒီဂတ် ကိုတော့ ထုံးစံ အတိုင်း ရှေ့တင်ပြီး တိုက်စစ် အတွက် ဖန်တီးမှုတွေ ပြုလုပ်ခိုင်းသင့်တယ်လို့ မြင်မိပါတယ်။ အခုတော့ တိုက်စစ်လည်း ထိထိရောက်ရောက် မကစားနိုင်သလို ခံစစ် ကလည်း မလုံခြုံခဲ့တဲ့ အတွက် ရလဒ်တွေ တောက်လျောက် ဆိုးရွားနေတဲ့ ဘရိုက်တန်ကို အိမ်ကွင်းမှာ အနိုင်မရတဲ့ အပြင် အရှုံးပါ ပေးခဲ့ရတာ ဖြစ်ပါတယ်။ တစ်ဖက်က ဂရေဟမ် ပေါ်တာရဲ့ ဗျူဟာနဲ့ ဘရိုက်တန်ရဲ့ စည်းစနစ်တကျ ကစားနိုင်မှု ကိုတော့ မဖြစ်မနေ ချီးကျူးရမှာ ဖြစ်ပြီး အနိုင် ၃ မှတ်နဲ့ ထိုက်တန်ခဲ့တယ်လို့ပဲ ဆိုချင်ပါတယ်။

ဒီပွဲ ရလဒ်ကြောင့် အာဆင်နယ်တို့ ရမှတ် ၅၄ မှတ်နဲ့ ပရီးမီးယားလိဂ် အဆင့် ၅ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး အဆင့် ၄ နေရာက စပါးနဲ့ တစ်ပွဲလျော့ ၃ မှတ် ကွာဟသွားခဲ့ပါတယ်။ ဒါ့အပြင် ပွဲကြပ်တွေ တောက်လျောက် ကစားရဦးမှာ ဖြစ်လို့ အာဆင်နယ်တို့ ဒီရာသီ မှာလည်း ချန်ပီယံလိဂ် ဝင်ခွင့် အိမ်မက်ကို ထပ်မံ စွန့်လွှတ်ရမယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ၇ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ ဘရိုက်တန် ကတော့ အဆင့် ၉ နေရာက ပဲလေ့စ်နဲ့ ရမှတ်တူ အဆင့် ၁၁ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

အာဆင်နယ်တို့ ဧပြီ ၁၆ ရက်နေ့ စိန့်မေရီကွင်းမှာ ဆောက်သမ်တန်နဲ့ ကစားဖို့ ရှိပြီး ဘရိုက်တန် ကတော့ နောက်ထပ် လန်ဒန် ထိပ်သီး အသင်း တစ်သင်း ဖြစ်တဲ့ စပါးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်