နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် စပါးရဲ့အောက် အဆင့် ၅ နေရာနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

အာဆင်နယ် ၅-၁ အဲဗာတန်

အာဆင်နယ် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ်မှာ အဲဗာတန်ကို ၅-၁ ရလဒ်နဲ့ သက်တောင့်သက်သာ အနိုင်ရခဲ့ပေမယ့်လည်း အဆင့် ၅ နေရာနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။ လူငယ်တွေရဲ့ ခြေစွမ်းပြမှုနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့်လည်း အဓိပ္ပါယ်မဲ့တဲ့ နိုင်ပွဲ တစ်ပွဲ အဖြစ်နဲ့သာ အဆုံးသတ်ခဲ့ရပြီး ပြီးခဲ့တဲ့ နှစ်ပွဲဆက် အရှုံးက အာဆင်နယ်ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် အိမ်မက်ကို ရိုက်ချိုး ဖျက်ဆီးသွားခဲ့တယ်လို့ ဆိုရင်လည်း မမှားပါဘူး။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ မီခယ် အာတေးတားရဲ့ အသင်းက ၄-၂-၃-၁ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာခဲ့ပြီး တိုမီယာဆု နေရာမှာ စီဒရစ်၊ ဘန်ဝှိုက် နေရာမှာ ဟိုးလ်ဒင်း၊ စမစ်ရိုးဝ်‌ နေရာမှာ မာတင်နယ်လီ ပါဝင်လာခဲ့တာက လွဲရင် အပြောင်းအလဲ သိပ်မရှိခဲ့ပါဘူး။ အဲဗာတန် ကတော့ ပုံမှန် ပွဲထွက်နေကျ ၃-၄-၃ အစား ၅-၄-၁နဲ့ အပြောင်းအလဲ လုပ်လာခဲ့ပြီး တိုက်စစ်မှာ ဒေါမနစ် ကလဲဗက်လီဝင်း တစ်ဦးတည်းကို အထောင်ထားကာ ကွင်းလယ်နဲ့ ခံစစ် မှာတော့ အယ်လီ၊ တွန်မ်ဒေးဗီးစ်၊ ဒူကိုရေး၊ ဂရေး၊ ကန်နီ၊ ဟိုးလ်ဂိတ်၊ ကိန်း၊ အီဝိုဘီ၊ ဘရန်ဝိတ်သ် တို့ကို သုံးခဲ့ပါတယ်။

အဲဗာတန် ကတော့ ဂိုးပြတ် ရှုံးခဲ့ပေမယ့် တန်းဆင်းဇုန်ထဲက အသင်းတွေကို စောစောစီးစီး အမှတ် ဖြတ်ထားနိုင်တာကြောင့် အဆင့် ၁၆ ကနေပဲ ရာသီသိမ်းခဲ့ပြီး လာမယ့်ရာသီ ပရီးမီးယားလိဂ် မှာပဲ ဆက်ကစားခွင့်ရခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာနဲ့ ရာသီသိမ်းခဲ့တဲ့ အဲဗာတန်

ပြီးခဲ့တဲ့ နှစ်ပွဲနဲ့ မတူတဲ့ ခြေစွမ်းနဲ့ အာဆင်နယ်ကို မြင်တွေ့ခဲ့ရပြီး ပွဲစကတည်းက အဲဗာတန် နောက်တန်းကို တရစပ် ဖိအားပေးနိုင်ခဲ့ပါတယ်။ ပထမပိုင်း ၂၅ မိနစ်မှာပဲ အီဝိုဘီ ဂိုးဧရိယာထဲမှာ လက်ထိခဲ့တာကြောင့် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး အာဆင်နယ်ကို ပင်နယ်တီ ကန်ခွင့်ပေးခဲ့ပါတယ်။ ပင်နယ်တီ ကိုတော့ မာတင်နယ်လီ အမှားအယွင်း မရှိ ကန်သွင်းနိုင်ခဲ့လို့ အာဆင်နယ်တို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ အဲ့နောက်ပိုင်း မှာလည်း အာဆင်နယ် ကပဲ ပွဲကို ဆက်လက် ထိန်းချုပ်နိုင်ခဲ့ပြီး ပွဲချိန် ၃၁ မိနစ်မှာ အာဆင်နယ်တို့ နောက်ထပ် ဦးဆောင်ဂိုး ထပ်ရခဲ့ပါတယ်။ ထောင့်ကန်ဘော ကတဆင့် မာတင်နယ်လီနဲ့ ချာကာ ခေါင်းတိုက်ရာ ကနေ လွတ်ထွက်လာတဲ့ ဘောလုံးကို အန်ကတ်တီးယားက ခေါင်းတိုက်နဲ့ တိုက်ပြီး အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဂျေလိဂ်
ကာရှီမာ အန်တလာစ်
ဆာဂန် တိုစု
1X2 ကာရှီမာ အန်တလာစ် @ 1.93
ကာရှီမာ အန်တလာစ် အာရှ ဟန်းဒီးကပ် -0.50 @ 1.93
ဂိုးပေါ် 2.50 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပထမပိုင်း ပြီးခါနီးမှာ အဲဗာတန်တို့ ချေပဂိုး ၁ ဂိုး ပြန်ရခဲ့လို့ ၂-၁ ဖြစ်သွားခဲ့ပြီး ဒုတိယပိုင်း ပွဲပြန် စချိန်မှာတော့ အာဆင်နယ်တို့ တိုက်စစ်ကို ပိုပြီး အားပြုခဲ့ပါတယ်။ ဒူကိုရေး မရှိတော့တဲ့နောက် အဲဗာတန် ကွင်းလယ်က ကစားပုံ လုံးဝ ပျက်သွားခဲ့လို့ အာဆင်နယ်တို့ စိတ်ကြိုက် ပုံဖော်ကစားနိုင်ခဲ့ပြီး ဂိုးတွေလည်း ဆက်တိုက် ရရှိခဲ့ပါတယ်။ အာဆင်နယ် အတွက် ဂိုးတွေ ကိုတော့ ၅၆ မိနစ်မှာ စီဒရစ်၊ ၅၉ မိနစ်မှာ ဂါဘရီရယ်နဲ့ ၈၂ မိနစ် တို့မှာ မာတင် အိုဒီဂတ် တို့က သွင်းယူပေးခဲ့ပြီး ၅-၁ ရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ အာဆင်နယ်တို့ နိုင်ပွဲ ရခဲ့ပေမယ့် တစ်ဖက် စပါး ကလည်း နော့ဝှစ်ချ်စီးတီးကို ၅ ဂိုးပြတ် အနိုင်ရလိုက်တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာနဲ့ပဲ ရာသီသိမ်းခဲ့ရပါတယ်။


ပွဲပြီးသုံးသပ်ချက်

အာဆင်နယ်တို့ ပြီးခဲ့တဲ့ ပွဲတချို့မှာသာ ခြေမချော်ခဲ့ရင် ချန်ပီယံလိဂ် ဝင်ခွင့် ကျိန်းသေပေါက် ရရှိမှာ ဖြစ်ပေမယ့် အခုတော့ ၆ ရာသီဆက် လွဲချော်ခဲ့ရပါပြီ။ တစ်ဦးတစ်ယောက်တည်း အမြင်အရ ဆိုရင်တော့ အာဆင်နယ်တို့ ဒီလို ခြေစွမ်း၊ စုဖွဲ့မှုနဲ့ ယူရိုပါလိဂ် ကစားခွင့်ရတာ ကိုပဲ ကျေနပ်သင့်တယ်လို့ မြင်ပါတယ်။ ပရီးမီးယားလိဂ် တစ်ခုတည်းကိုပဲ အာရုံစိုက်ခွင့်ခဲ့ရပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့် ရအောင်တောင် မစွမ်းဆောင်နိုင်ဘူးလားလို့ ဝေဖန်မှုတွေ ရှိနေပေမယ့် ပျက်စီး ယို့ယွင်းနေတဲ့ အသင်း တစ်ခုလုံးကို ပြန်လည် တည်ဆောက်ဖို့ ဆိုတာ အချိန်တစ်ခုတော့ ထပ်ပေးရဦးမှာပါ။ (လာမယ့် ရာသီ အထိတော့ စောင့်ကြည့်စေချင်) ဒီတော့ မီခယ် အာတေးတားနဲ့ အက်ဒူးတို့ အခုထက် ပိုကောင်းတဲ့ အခြေအနေ ရောက်အောင် အသင်းကို မြှင့်တင်ပေးနိုင်ဖို့ လိုအပ်နေဆဲ ဖြစ်ပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဘယ်လောက် အတိုင်းအတာထိ ပြင်ဆင်မှုတွေ ပြုလုပ်သွားနိုင်မလဲ ဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။ ချန်ပီယံလိဂ် ဝင်ခွင့် မရတဲ့ အတွက်ကြောင့်တော့ ထိပ်တန်း ကစားသမားတွေ ခေါ်ယူနိုင်ဖို့ မလွယ်ကူတော့ပေမယ့် ပိုင်ရှင် ဖြစ်သူ ဂျော့ရှ် ခရွန်ကီရဲ့ ကတိပေးစကားတွေ ကတော့ အသင်း ပရိသတ်‌တွေ အတွက် အားတက်စရာ ကောင်းပါတယ်။ တကယ် ဖြစ်လာ၊ မဖြစ်လာ ဆိုတာ ကတော့ စောင့်ကြည့်ရဦးမှာပါ။ အာဆင်နယ် ပရိသတ်တွေ အတွက် နောက်ထပ် စိတ်ပျက်စရာ အခြေအနေ တစ်ခု ကတော့ ခါးသီး မြို့ခံပြိုင်ဘက် စပါးရဲ့ နောက်မှာ ၆ ရာသီဆက် ရပ်တည်ခဲ့ရခြင်း ဖြစ်ပါတယ်။ ဘာပဲပြောပြော အရင်နှစ်တွေထက် ရမှတ်တွေ တက်လာခဲ့သလို လူငယ် ကစားသမားတွေရဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ကို မြင်တွေ့ခဲ့ရတာ ကတော့ ဂန်းနားတွေ အတွက် အမြတ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ အဲဗာတန် ကတော့ ဂိုးပြတ် ရှုံးခဲ့ပေမယ့် တန်းဆင်းဇုန်ထဲက အသင်းတွေကို စောစောစီးစီး အမှတ် ဖြတ်ထားနိုင်တာကြောင့် အဆင့် ၁၆ ကနေပဲ ရာသီသိမ်းခဲ့ပြီး လာမယ့်ရာသီ ပရီးမီးယားလိဂ် မှာပဲ ဆက်ကစားခွင့်ရခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

အာဆင်နယ်တို့ လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့မှာ အမေရိကန် မေဂျာလိဂ် ကလပ် အော်လန်ဒို စီးတီးနဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားဖို့ ရှိပြီး အဲဗာတန် ကတော့ ဘယ်အသင်းတွေနဲ့ ခြေစမ်းပွဲ ကစားမယ် ဆိုတာတော့ မသိရသေးပါဘူး။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်