ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကတော့ အသင်းမှာ ဒဏ်ရာရ ကစားသမား များပြားနေခြင်းနဲ့ အတူ ရလဒ်တွေလည်း ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ ဖြစ်သူ အန်ဂျီ ပိုစတီကိုဂလူးက သူ့အသင်း အနေနဲ့ နောက်ဆုံး ရက်တွေ အတွင်းမှာ ကစားသမားသစ် ခေါ်ယူနိုင်ခြင်း မရှိရင် မီးနဲ့ ကစားရသလို ဖြစ်လိမ့်မယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။
စပါးဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ယူရိုပါလိဂ်မှာ ဟော့ဖန်ဟိမ်းကို ၃-၂ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ ပွဲမှာ ဒဏ်ရာပြဿနာတွေကြောင့် ကစားသမား ၁၄ ဦး မပါဘဲ ကစားခဲ့ရာတာ ဖြစ်ပါတယ်။ စပါးဟာ ဒီနေ့မှာလည်း ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ အဖြစ် လက်စတာစီးတီးကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိပြီး ရလဒ်ကောင်း ရရှိဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပါးရဲ့ ဒဏ်ရာရစာရင်းမှာ ဗီကာရီယို၊ စပန့်စ်၊ အူဒိုဂီ၊ ဗန်ဒီဗန်၊ ဘစ်ဆူးမား၊ ပိပ်ဆား၊ တီမို ဗာနာ၊ ဘရန်နန် ဂျွန်ဆင်၊ အိုဒိုဘတ်၊ ရိုမဲယို၊ ဒေါမနစ် ဆိုလန်ကီ တို့လို ကစားသမားတွေ ပါဝင်နေဆဲ ဖြစ်ပါတယ်။
ဒါကြောင့် စပါးက ပွဲထွက်လူစာရင်းမှာ ကင်စကီး၊ ပေါ်ရို၊ ဒရာဂူဆင်၊ ဒေးဗီးစ်၊ ရက်ဂီလွန်း၊ ကူလူဆက်ဗ်စကီး၊ ဘန်တန်ကာ၊ မက်ဒီဆင်၊ မော၊ ရစ်ချာလီ၊ ဆွန်တို့နဲ့ လက်စတာစီးတီးကို ရင်ဆိုင်သွားဖို့ များနေပါတယ်။ ပွဲထွက်လူစာရင်း အရ ဆိုရင် စပါးက တောင့်တင်းနေပေမယ့် အရန် အင်အား အပိုင်းမှာ တော်တော်လေး အားနည်းနေပါတယ်။ ဒါကြောင့် လက်စတာစီးတီးက ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ အသင်း ဖြစ်သည့်တိုင်အောင် စပါးတို့ ခက်ခက်ခဲခဲ ကစားရဖို့ ရှိနေပါတယ်။ ဒါ့အပြင် လာမယ့် လအတွင်း ပွဲကြပ်တွေ ဆက်တိုက် ကစားရမယ့် အချိန်မှာတော့ ဒဏ်ရာရကစားသမားတွေ ပြန်လာနိုင်ဖို့ မျှော်လင့်ရတော့မှာလည်း ဖြစ်ပါတယ်။
ပိုစတီကိုဂလူးရဲ့ အသင်းက ပြီးခဲ့တဲ့ နှစ်လတာ ကာလ အတွင်း လူစာရင်း အကန့်အသတ်နဲ့ ကစားခဲ့ရကာ ရလဒ်ပိုင်းကို ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ စပါးက ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲမှာ နိုင်ပွဲ ၃ ပွဲသာ ရခဲ့ပြီး ပရီးမီးယားလိဂ် မှာလည်း အဆင့် ၁၅ နေရာ အထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါကြောင့် စပါးက လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူ အားဖြည့်ဖို့ လိုအပ်နေပြီး ဒီအတွက် အတွက် သုံးဖို့ ပိုက်ဆံ ရှိလားလို့ မေးမြန်းရာ မှာတော့ ပိုစတီကိုဂလူးက “အဲဒီ မေးခွန်းတွေကို ကျွန်တော် မဖြေနိုင်ပါဘူး။ ကျွန်တော် ပါဝင်ပတ်သက်နေတဲ့ အရာ မဟုတ်လို့ပါ။ ဂျိုဟန်က ကလပ်တွေနဲ့ ဆွေးနွေးနေပြီး ကစားသမားတွေ ခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီး သူတို့ အလုပ်ကို သူတို့ လုပ်နေပါတယ်။ ကျွန်တော် ဒီအသင်းကို စီမံခန့်ခွဲနေပြီး သူတို့ကို နောက်လာမယ့် ပွဲအတွက် အဆင်သင့်ပြင်ထားဖို့ လုပ်ရပါတယ်။ မနေ့ညနေ ၂ နာရီမှာ ကျွန်တော် ပြန်ရောက်ပါတယ်။ ကစားသမားသစ် ခေါ်ယူဖို့က ကျွန်တော့်ရဲ့ အခန်းကဏ္ဍ မဟုတ်ပါဘူး၊ အဲဒါကို လုပ်ဖို့ အချိန်ပိုလည်း မရှိပါဘူး။ ဂျိုဟန် နဲ့တော့ ကျွန်တော့်မှာ နေ့စဉ် ဆက်သွယ်မှု ရှိပြီးတော့ ကျွန်တော်တို့ လိုအပ်နေတဲ့ အကူအညီကို ရဖို့ အတွက် သူတတ်နိုင်သမျှ ကြိုးစားနေပါတယ်။ ဒီကစားသမား အစုအဖွဲ့က အကူအညီ လိုအပ်ပါတယ်၊ အဲဒါနဲ့ ပတ်သက်ပြီး သံသယ ဖြစ်စရာ မရှိပါဘူး။ ကျွန်တော်တို့ ဘယ်သူ့ကိုမှ မခေါ်နိုင်ရင်တော့ မီးနဲ့ ကစားသလို ဖြစ်မှာပါ။ ဒါပေမယ့် ကလပ်က ဒီအခြေအနေကို ပြောင်းလဲနိုင်ဖို့ ကြိုးစားနေပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.