နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲပြီးသုံးသပ်ချက် | တော့တင်ဟမ်ဟော့စပါး ၆-၂ လက်စတာစီးတီး (ပရီးမီးယားလိဂ်)

တော့တင်ဟမ်ဟော့စပါး ၆-၂ လက်စတာစီးတီး

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ လက်စတာစီးတီး တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကတော့ အပြန်အလှန် သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့ပြီး အိမ်ရှင် စပါးတို့ ၆-၂ ဆိုတဲ့ ရလဒ်နဲ့ လက်စတာကို အပြတ်အသတ် အနိုင်ရသွားခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ အန်တိုနီယို ကွန်တီ အနေနဲ့ ဆွန်ဟောင်မင်ကို အရန်ခုံ ပို့ပြီး တိုက်စစ်မှာ ကိန်း၊ ကူလူဆက်ဗ်စကီးနဲ့ ရစ်ချာလီဆင် တို့ကို ဦးဆောင်စေခဲ့ပါတယ်။ ကွင်းလယ် မှာတော့ ထုံးစံ အတိုင်း ဘန်တန်ကာနဲ့ ဟွိုက်ဘယက်ဂျ် အတွဲပဲ ပွဲထွက်ခဲ့ပြီး တောင်ပံ နှစ်ဖက်မှာ ဆက်ဆနွန်နဲ့ ပါရီဆစ်၊ ခံစစ် မှာတော့ ဆန်းချက်ဇ်၊ ဒိုင်ယာ၊ လန်းဂ်လတ် တို့ကို သုံးခဲ့ပါတယ်။ လက်စတာ ကတော့ ၄-၁-၄-၁ နဲ့ ပွဲထွက်ခဲ့ပြီး ဘရန်ဒန် ရော့ဒ်ဂျားစ်ရဲ့ အသင်း ကလည်း ဒါကာ၊ တေးလီမန့်စ်၊ မက်ဒီဆင်၊ အန်ဒီဒီ၊ ကတ်စတန်းဂ်၊ ဂျက်စတင် တို့ပါဝင်တဲ့ လူစာရင်းနဲ့ စပါးကို ပြန်လည် ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။

လက်စတာစီးတီး ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲဆက် ရှုံးနိမ့်မှုနဲ့ အတူ ရမှတ် ၁ မှတ်နဲ့ ဇယား အောက်ဆုံးမှာပဲ ဆက်ရှိနေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂၀ နေရာမှာ ရပ်တည်နေတဲ့ လက်စတာစီးတီး

ပွဲစပြီး ၆ မိနစ် မှာပဲ လက်စတာစီးတီးတို့ ပင်နယ်တီက တစ်ဆင့် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဂျက်စတင်ကြောင့် ရတဲ့ ပင်နယ်တီကို တေးလီမန့်စ်က ကန်သွင်းရာမှာ လိုရစ် ကာကွယ်နိုင်ခဲ့ပေမယ့် ရှေ့ထွက်နေလို့ ကွင်းလယ်ဒိုင်က နောက်တစ်ကြိမ် ပြန်ကန်စေခဲ့ပါတယ်။ ဒုတိယ တစ်ကြိမ် မှာတော့ တေးလီမန့်စ် အနေနဲ့ ဝင်အောင် ကန်နိုင်ခဲ့လို့ လက်စတာစီးတီးတို့ ဦးဆောင်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်စတာစီးတီးတို့ အပျော်တွေ မကြာရှည်ခဲ့ပဲ ၂ မိနစ် အကြာ မှာပဲ စပါး အတွက် ကိန်းက ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့နောက် ၂၁ မိနစ်မှာ ဒိုင်ယာက ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပေမယ့် ၄၁ မိနစ်မှာ မက်ဒီဆင် က လှပတဲ့ ကန်ချက်နဲ့ ပြန်လည် ချေပနိုင်ခဲ့လို့ ပထမပိုင်း အပြီးမှာ ၂-၂ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲပြန်စချိန်မှာ လက်စတာ နောက်တန်းရဲ့ တုံ့နှေးနေမှုကို ဘန်တန်ကာ က အခွင့်အကောင်းယူပြီး စပါး အတွက် တတိယဂိုးသွင်းနိုင်ခဲ့ပါတယ်။ အနိုင်ဂိုး ရပြီးနောက် စပါးတို့ တိုက်စစ် ပိုဖွင့်လာခဲ့ပြီး ဆွန်ဟောင်မင်၊ အီမာဆင် တို့ ဝင်ရောက်လာချိန် မှာတော့ လက်စတာ နောက်တန်းကို ပိုပြီး ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၇၃ မိနစ်၊ ၈၄ မိနစ်နဲ့ ၈၆ မိနစ်တွေမှာ ဆွန်ဟောင်မင်က တစ်ဦးတည်း ၃ ဂိုးသွင်းပြီး ဟက်ထရစ် ရယူခဲ့လို့ စပါးတို့ ပွဲအပြီးမှာ ၆-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။


ပွဲပြီးအချက်အလက်နဲ့ သုံးသပ်ချက်

ခြေစွမ်းပိုင်းအရ အထွေအထူး ပြောစရာတော့ မရှိပါဘူး။ စပါးတို့ ခြေစွမ်း ထက်မြတ်နေချိန်နဲ့ လက်စတာစီးတီးတို့ ခြေပျက်နေချိန် သွားတွေ့လို့ ဒီလောက်အထိ ဂိုးပြတ်သွားတာ ဖြစ်ပါတယ်။ ပွဲချိန် ကြာလာတာနဲ့ အမျှ လက်စတာတို့ ခြေစွမ်းကျဆင်းလာခဲ့သလို တစ်ဦးချင်း အမှားတွေ ရှိခဲ့တာကို ကွန်တီရဲ့ အသင်း အခွင့်ကောင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဓိက, ကတော့ စပါးတို့ ဒီရာသီမှာ ဘယ်လောက် အတိုင်းအတာ အထိ အောင်မြင်မှုတွေ မျှော်လင့်နိုင်နေသလဲ ဆိုတာ အလုပ်နဲ့ သက်သေပြသွားခဲ့တယ် လို့ပဲ မြင်ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
အင်တာမီလန်
ဘာစီလိုနာ
1X2 အင်တာမီလန် @ 3.90
ဂိုးပေါ် 3.00 @ 2.09
ဂိုးပေါင်း 0-1 @ 4.40
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အထွေအထူး ပြောစရာ ရှိတာက ဆွန်ရဲ့ စွမ်းဆောင်ရည်ပါ။ အရန်ခုံ ကနေ ထလာတဲ့ ဆွန်ရဲ့ ပေါက်ကွဲမှုက တကယ့်ကို ပြောင်မြောက်လွန်းခဲ့ပြီး ၃ဂိုး စလုံးကို တကိုယ်တော် စွမ်းဆောင်ရည်နဲ့ ရယူခဲ့တာ ဖြစ်သလို အဆင့်အတန်းလည်း မြင့်မားလွန်းခဲ့ပါတယ်။ ဒါကြောင့်လည်း ဆွန် အနေနဲ့ ပရီးမီးယားလိဂ် မှာ အရံခုံက ထပြီး ဟက်ထရစ် ယူနိုင်ခဲ့တဲ့ ပထမဆုံးသော တော့တင်ဟမ်ဟော့စပါး ကစားသမား ဆိုတဲ့ ကလပ်ရဲ့ စံချိန်သစ်ကို ရယူသွားနိုင်ခဲ့ပါတယ်။ တကယ်တော့ ဆွန်ဟာ ဒီပွဲ မတိုင်ခင် ဂိုးပေါက် ပျောက်နေခဲ့လို့ ရွှေဖိနပ် ကျိန်စာသင့်နေတယ် လို့တောင် ဝေဖန်ခံနေရသူ ဖြစ်ပါတယ်။ ဂိုးပေါက်တွေ့မယ့် တွေ့တော့လည်း ဟက်ထရစ် ပါရသွားခဲ့လို့ ဆွန် ကိုယ်တိုင်သာမက ဆွန်ရဲ့ ပရိသတ်တွေ ကလည်း တော်တော်လေး ဝမ်းသာ ပျော်ရွှင်နေပြီး ချီးကျူးနေကြပါတယ်။ ဒါပေမယ့် ဆွန်ဟာ အခုနှစ် ဘောလုံး ရာသီ ပရီးမီးယားလိဂ်မှာ ကစားချိန် ၅၂၄ မိနစ် အတွင်း ဂိုးပေါက် ကန်သွင်းချက်ပေါင်းက ၂၁ကြိမ် အထိ ရှိထားခဲ့ပြီ ဖြစ်ပေမဲ့ အခုမှသာ ၃ဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် စပါးတို့ မန်စီးတီးလိုပဲ ပရီးမီးယားလိဂ် ရှုံးပွဲ မရှိ စံချိန်ကို ဆက်ထိန်းပြီး ရမှတ် ၇ မှတ်နဲ့ အတူ အမှတ်ပေးဇယား အဆင့် ၂ နေရာကို ယာယီ တက်လှမ်းနိုင်ခဲ့ပါတယ်။ လက်စတာစီးတီး ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲဆက် ရှုံးနိမ့်မှုနဲ့ အတူ ရမှတ် ၁ မှတ်နဲ့ ဇယား အောက်ဆုံးမှာပဲ ဆက်ရှိနေခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

တော့တင်ဟမ်ဟော့စပါးတို့ လာမယ့် အောက်တိုဘာ ၁ ရက်နေ့မှာ အာဆင်နယ်နဲ့ မြောက်လန်ဒန်ဒါဘီ ပွဲစဉ် ကစားရဖို့ ရှိပြီး လက်စတာစီးတီး ကတော့ ၄ ရက်နေ့မှာ နော့တင်ဟမ်ဖောရက်စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်