နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲပြီးသုံးသပ်ချက် | အာဆင်နယ် ၂-၁ အက်စတွန်ဗီလာ (ပရီးမီးယားလိဂ်)

countdown banner

အာဆင်နယ် ၂-၁ အက်စတွန်ဗီလာ

ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အာဆင်နယ် ကတော့ မနေ့ညက ပွဲမှာ အက်စတွန်ဗီလာကို ၂-၁ ရလဒ်နဲ့ ထပ်မံ အနိုင်ရသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် (၅) ပွဲ ကစားပြီးချိန် အထိ ရာနှုန်းပြည့် အနိုင်ရထားတဲ့ အာဆင်နယ် အတွက် သမိုင်းတစ်လျှောက် အကောင်းဆုံး ရာသီသစ် စတင်မှု ဖြစ်ခဲ့သလို အမှတ်ပေးဇယား ဒုတိယ နေရာက မန်စီးတီးကို ၂ မှတ် ဖြတ်ကာ ဆက်လက် ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ အာဆင်နယ် ကွင်းလယ်က ပါတေး အပြင် မိုအယ်နီနီပါ ဒဏ်ရာရနေလို့ လူငယ် ကစားသမားလေး ဆမ်ဘီ လိုကွန်ဂါကို အသုံးပြုခဲ့ရပြီး ရမ်းစ်ဒေးလ်၊ ဂါဘရီရယ်၊ ဆယ်လီဘာ၊ တီယာနေး၊ ဝှိုက်၊ ချာကာ၊ အိုဒီဂတ်၊ ဆာကာ၊ မာတင်နယ်လီနဲ့ ဂျေဆုစ် တို့ပဲ ပွဲထွက်လာခဲ့ပါတယ်။ ဗီလာ ကတော့ သူတို့ အသားကျပြီးသား ၄-၃-၃ အခင်းအကျင်းနဲ့ အတူ တိုက်စစ်မှာ ဝက်ကင်န်၊ ဘိုင်လီ၊ ဘူအန်ဒီရာ၊ ကွင်းလယ်မှာ ကာမာရာ၊ မက်ဂင်းန်၊ ရမ်ဆေး၊ ခံစစ်နဲ့ ဂိုး မှာတော့ ကတ်ရှ်၊ ဒစ်ဂ်နီး၊ မင်းဂ်၊ ကွန်ဆာ၊ မာတီနက်ဇ် တို့ကိုပဲ ပွဲထုတ်ခဲ့ပါတယ်။

အိမ်ရှင်တို့ ပွဲစကတည်းက ဗီလာ ဘက်ကို အကောင်းဆုံး လွှမ်းမိုး ကစားနိုင်ခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှုတွေလည်း အကြိမ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ အစောပိုင်း ပွဲချိန်မှ တောင်ပံက ဆာကာ အပိုင်အခွင့်အရေး တစ်ကြိမ်ရပေမယ့် ဂိုးပေါက်နဲ့ လွဲဖြစ်အောင်ကို လွဲခဲ့လို့ ဂန်းနားတို့ နစ်နာခဲ့ရပါတယ်။ အဲ့နောက် ပွဲချိန် မိနစ် ၃၀ မှာတော့ အာဆင်နယ်တို့ ဦးဆောင်ဂိုး ရခဲ့ပြီး ချာကာရဲ့ ကန်ချက်ကို မာတီနက်ဇ် ပုတ်ထုတ်ရာကနေ ပြန်ထွက်လာတာကို အသင့်ပါလာတဲ့ ဂါဘရီရယ် ဂျေဆုစ်က ထပ်မံ ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဂျေဆုစ် အနေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲ ကစားပြီးချိန်မှာ ၃ ဂိုးသွင်းကာ ၃ ဂိုး ဖန်တီးနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း အာဆင်နယ်တို့ပဲ ပွဲကို ဆက်လက် ထိန်းချုပ်သွားခဲ့ပြီး ဗီလာ ကတော့ တစ်ချက်ချက်မှပဲ တန်ပြန် တိုက်စစ်နဲ့ ပြန်လည် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၇၄ မိနစ်မှာတော့ ဗီလာတို့ ချေပဂိုး ရသွားခဲ့ပြီး ဒေါက်ဂလပ်စ် လူးဝစ်ဇ်က ထောင့်ကန်ဘော ကနေ တိုက်ရိုက် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ၁-၁ ဖြစ်သွားပြီး ၃ မိနစ် အကြာမှာပဲ တောင်ပံ ကစားသမား မာတင်နယ်လီက ဆာကာရဲ့ ဖန်တီးပေးမှုက တစ်ဆင့် လှလှပပ ကန်သွင်းသွားခဲ့လို့ အာဆင်နယ်တို့ အနိုင်ဂိုး ရရှိခဲ့ပါတယ်။ အဲ့နောက် အိုဒီဂတ် နာသွားလို့ စမစ်သ်ရိုးဝ် ဝင်ကစားခဲ့ပြီး ဆာကာနဲ့ ဂျေဆုစ် အစား ဟိုးလ်ဒင်းနဲ့ အန်ကတ်တီးယား တို့လည်း လူစားဝင်ခဲ့ပါတယ်။ ဗီလာ ကတော့ ကာမာရာ အစား အင့်ဂ်ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ပွဲအဖြေကိုတော့ ပြောင်းလဲနိုင်ခြင်း မရှိပဲ ၂-၁ ရလဒ်နဲ့ပဲ အိမ်ရှင် အာဆင်နယ်တို့ အနိုင်ရသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဒီပွဲ ရလဒ်ကြောင့် ဗီလာတို့ ရမှတ် ၃ မှတ်နဲ့ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲ ရောက်သွားပြီး ဂျရတ်ရဲ့ နည်းပြ ထိုင်ခုံ လှုပ်လာခဲ့ပြီလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲ ရောက်ရှိနေတဲ့ အက်စတွန်ဗီလာ

အာဆင်နယ်ကို အားမပေးချင်ရင်နေပါ။ အာဆင်နယ် လူငယ်တွေရဲ့ စွမ်းဆောင်ရည်၊ စိတ်ဓာတ်နဲ့ ကြိုးစား အားထုတ်မှုတွေ ကိုတော့ မဖြစ်မနေ အသိအမှတ်ပြုဖို့တော့ လိုနေပါပြီ။ မီခဲလ် အာတေးတားရဲ့ အသင်းက တကယ်ကို အရှိန် တစ်ခု ရနေပြီ။ ဗီလာ နည်းပြ ဂျရတ် ကိုယ်တိုင် ပြိုင်ဘက်ရဲ့ နည်းစနစ် ဗျူဟာကို မြင့်မားတယ်လို့ ချီးကျူးရတဲ့ အထိကို ဒီနေ့ပွဲ မှာလည်း အာဆင်နယ်တို့ အကောင်းဆုံး ကစားနိုင်ခဲ့ကြပါတယ်။

ကွင်းလယ်က လိုကွန်ဂါ အနေနဲ့ ပါတေးရဲ့ ခြေစွမ်းကို လိုက်မမှီသေးဘူး ဆိုပေမယ့် သူ့အလုပ်သူ အကောင်းဆုံး လုပ်သွားခဲ့သလို အိုဒီဂတ်ရဲ့ ဦးဆောင်မှုနဲ့ ဖန်တီးမှုတွေ ကလည်း ထိပ်တန်း အဆင့်မှာ ရှိခဲ့ပါတယ်။ လိုကွန်ဂါ တစ်ယောက် အရင်ကထက် ပိုပြီး စိတ်ချလာရတဲ့ အတွက် ချာကာလည်း တိုက်စစ်ကို လွတ်လွတ်လပ်လပ် လိုက်ပါ ကစားနိုင်ခဲ့ပြန်ပါတယ်။ ခံစစ်က တီယာနေး ကစားပုံ တိုးတက်လာသလို ဆလီဘာ၊ ဂါဘရီရယ်၊ ဝှိုက်၊ တိုမီယာဆု တို့ကလည်း လုံးဝ အငြိမ်ပါပဲ။ တောင်ပံက ဆာကာ တစ်ယောက် မနှစ်ကလောက် ခြေစွမ်း မပြနိုင်သေးတာ ကိုတော့ အဖြေရှာဖို့ လိုအပ်နေပြီး ဘယ်တောင်ပံနဲ့ တိုက်စစ်က ဘရာဇီးလ်သား ဂါဘီ ညီနောင် ကတော့ သွင်းဂိုးတွေ အတွက် အာမခံချက် ရှိနေဆဲ ဆိုတာ ထပ်ပြီး ပြသသွားနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။

ဗီလာရဲ့ ခြေစွမ်း ကတော့ စိတ်ပျက်စရာ ကောင်းခဲ့တယ် ဆိုတာက လွဲရင် ပြောစရာတော့ မရှိပါဘူး။ ၄-၃-၃ နဲ့ High Pressing ကစားတတ်တဲ့ အသင်းပေမယ့် အရင်လို အင်အား အပြည့်နဲ့ ပြိုင်ဘက်ကို ရင်ဆိုင်တတ်တဲ့ ပုံစံမျိုး အခုချိန်ထိ မမြင်ရသေးပါဘူး။ ဒီပွဲ ရလဒ်ကြောင့် ဗီလာတို့ ရမှတ် ၃ မှတ်နဲ့ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲ ရောက်သွားပြီး ဂျရတ်ရဲ့ နည်းပြ ထိုင်ခုံ လှုပ်လာခဲ့ပြီလည်း ဖြစ်ပါတယ်။


လာမယ့် ပွဲစဉ်များ

အာဆင်နယ်တို့ လာမယ့် စက်တင်ဘာ ၄ ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ ကစားရဖို့ ရှိပြီး ဗီလာ ကတော့ ၃ ရက်နေ့မှာ မန်စီးတီးနဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်