နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံဖြစ်ဖို့ ရာခိုင်နှုန်း နည်းနေပေမယ့် လုပ်သင့် လုပ်ထိုက်တာကို အကောင်းဆုံး လုပ်ရဦးမယ့် အာဆင်နယ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

အာဆင်နယ် – အဲဗာတန်

အခုတစ်ပတ် တနင်္ဂနွေနေ့ည ၉ နာရီခွဲမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ ရဲ့ ၁၀ ပွဲစလုံး တပြိုင်နက်တည်း ကစားဖို့ ရှိပြီး အာဆင်နယ် ကတော့ အဲဗာတန်ကို အမ်းမရိတ်စ်မှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။ အာဆင်နယ် အတွက် ချန်ပီယံဖြစ်ဖို့ ရာခိုင်နှုန်း နည်းနေပေမယ့် အိမ်ကွင်းမှာတော့ နိုင်ပွဲနဲ့ အတူ ရာသီသိမ်းနိုင်ဖို့ ကြိုးစားလာမှာ ဖြစ်ပြီး မန်စီတီးရဲ့ ပွဲရလဒ်ကို စောင့်ကြည့်မှာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲဆက် အနိုင်ရခဲ့ပေမယ့် တစ်ဖက်မှာ အဓိက ပြိုင်ဘက် မန်စီးတီး ကလည်း ခြေလုံးဝ မချော်ခဲ့တာကြောင့် ဒုတိယအဖြစ်နဲ့ပဲ ကျေနပ်ရဖို့ များနေပါပြီ။ ဒါပေမယ့် မီခဲလ် အာတေးတားရဲ့ အသင်းက သူတို့ အတွက် ခပ်ရေးရေး ချန်ပီယံ မျှော်လင့်ချက် အတွက် လုပ်စရာ ရှိတာကို အကောင်းဆုံး လုပ်ဦးမှာ သေချာပါတယ်။ တစ်ရာသီ အတွင်း ပရီးမီးယားလိဂ် နိုင်ပွဲ ၂၇ ပွဲ ရရှိထားပြီး စံချိန်တင်ထားနိုင်တဲ့ အာဆင်နယ်တို့ ၂၈ ပွဲမြောက် နိုင်ပွဲ အတွက် အားစိုက်လာမှာပါ။ နောက်ပြီး အာဆင်နယ်က အမ်းမရိတ်စ်မှာ အဲဗာတန်ကို နောက်ဆုံး ၂ ပွဲဆက် ဂိုးပြတ် နှိပ်ကွပ်ထားတာ တွေ့ရပါတယ်။ 

အဲဗာတန် ကလည်း ရာသီသိမ်းခါနီးမှ ပုံမှန် ခြေစွမ်းပြန်ရလာခြင်းနဲ့ အတူ နိုင်ပွဲတွေ ရနေပြီး တန်းဆင်းဇုန်နဲ့လည်း ဝေးရာကို ရုန်းထွက်ထားနိုင်တဲ့ အသင်းပါ။ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ဆိုရင် အဲဗာတန်က နိုင်ပွဲ ၄ ပွဲ အထိ ရခဲ့ပြီး လူတန် တစ်သင်းထဲနဲ့ပဲ သရေကျထားတာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ကိုတောင် အနိုင်ရထားတဲ့ အဲဗာတန်ရဲ့ ခြေစွမ်းက လျှော့တွက်လို့တော့ မရပါဘူး။ အာဆင်နယ်ကို ဒုက္ခပေးဖို့ ကြိုးစားလာပါလိမ့်မယ်။


နှစ်ဖက်အသင်း သတင်းများ

နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ဆိုရင် အဲဗာတန်က နိုင်ပွဲ ၄ ပွဲ အထိ ရခဲ့ပြီး လူတန် တစ်သင်းထဲနဲ့ပဲ သရေကျထားတာ ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ အဝေးကွင်း နောက်ဆုံး ၁၁ ပွဲလုံး နိုင်ပွဲ မရထားတဲ့ အဲဗာတန်

အခုပွဲကို အာဆင်နယ် ဘက်က တင်ဘာ တစ်ဦးတည်း လွဲချော်ဖွယ် ရှိပြီး အဲဗာတန် ဘက်ကတော့ ဒယ်လီ အလီ၊ ပတ်တာဆန်၊ မိုင်ကိုလန်ကိုတို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။ အဓိက ကစားသမား အများစု ပွဲထွက်ကစားနိုင်ကြဖို့ ရှိနေလို့ အကြိတ်အနယ် ကစားရဖို့ ရှိနေပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း 

အာဆင်နယ် – ရာယာ၊ ဝှိုက်၊ ဆလီဘာ၊ ဂါဘရီရယ်၊ တိုမီယာဆု၊ ရိုက်စ်၊ အိုဒီဂတ်၊ ပါတေး၊ ဆာကာ၊ ဟာဗတ်ဇ်၊ ထရော့ဆက်ဒ်

အဲဗာတန် – ပစ်ခ်ဖို့ဒ်၊ ကိုးလ်မန်း၊ တာကောစကီး၊ ဘရန့်ဝိတ်သ်၊ ယန်း၊ ဂါနာ၊ အိုနားနား၊ ဂီရီ၊ မက်နီးလ်၊ ဒူကိုရေး၊ ကဲလ်ဗတ်-လီဝင်း


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်း အကြိမ် ၃၀ တွေ့ဆုံခဲ့ရာမှာ အာဆင်နယ်က ၁၈ ကြိမ်နိုင်၊ အဲဗာတန်က ၇ ကြိမ်နိုင်ပြီး ၅ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ အာဆင်နယ်က ၃ ကြိမ် နိုင်ပြီး အဲဗာတန် ကတော့ ၂ ကြိမ် အနိုင်ရခဲ့ပါတယ်။ အာဆင်နယ် ကွင်း နောက်ဆုံး တွေ့ဆုံမှု ၃ ကြိမ် မှာတော့ အဲဗာတန်က ၁ ကြိမ် နိုင်ပြီး ပြီးခဲ့တဲ့ နှစ်ကြိမ်ဆက်မှာတော့ အာဆင်နယ်က ၄-၀၊ ၅-၁ ဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ရထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ အာဆင်နယ် နိုင်ရင် ၁.၁၄ ဆ၊ အဲဗာတန် နိုင်ရင် ၁၁.၅၀ ဆနဲ့ သရေ ဆိုရင်တော့ ၆.၉၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အာဆင်နယ်က နှစ်လုံး သရေ၊ နှစ်လုံး တစ်ဝက် ရှုံး၊ နှစ်လုံး အရှုံး ကြေးတွေ ပေးထားပြီး ဂိုးပေါင်း နှစ်သင်းပေါင်း ၄ လုံး သွင်းမှ ပျော်ရွှင်ရမှာပါ။ လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှုအရ အာဆင်နယ်ကို ပြိုင်ဘက်တိုင်း ခက်ခက်ခဲခဲ ကစားနေရပါတယ်။ အာဆင်နယ်ဟာ နိုင်ပွဲ ဘယ်လို ယူရမလဲ ဆိုတာ ပါးနပ်လာပြီး ကစားသမားတွေ ကလည်း စိတ်ဓာတ်ပိုင်း ဆိုင်ရာက အမြင့်ဆုံးမှာ ရှိနေပါတယ်။ အဲဗာတန် အတွက်က အမှတ်လည်း မလိုတော့တာကြောင့် ဒီပွဲမှာတော့ အာဆင်နယ် ဘက်မှာပဲ ရဲရဲကြီး ရပ်တည်ထားရဦးမှာပါ။ အာဆင်နယ် ဂိုးပြတ် နိုင်ပွဲ ရသွားပါလိမ့်မယ်။

ခန့်မှန်းရလဒ်

အာဆင်နယ် ၃-၁ အဲဗာတန်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်