မန်ချက်စတာစီးတီး ကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆန်းဒါးလန်းနဲ့ ဂိုးမရှိ သရေကျခဲ့တာကြောင့် ဇယားထိပ်က အာဆင်နယ်နဲ့ မထင်မှတ်ပဲ ၄ မှတ် ပြန်လည် ကွာဟသွားပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဖြစ်သူ ပပ် ဂွါဒီယိုလာ ကတော့ သူ့ အသင်းဟာ ရာသီ ဒုတိယပိုင်းမှာ ပိုပြီး အားကောင်းလာဖို့ပဲ ရှိတယ် ဆိုပြီး သတိပေးလိုက်ပါတယ်။
မန်ချက်စတာစီးတီးဟာ အာဆင်နယ်နဲ့ အစောပိုင်းမှာ ရမှတ် ၂ မှတ်သာ ကွာဟနေပေမယ့် အိမ်ကွင်း ကစားပုံ ကျစ်လျစ်လွန်းတဲ့ ဆန်းဒါးလန်းနဲ့ အတွေ့မှာတော့ မထင်မှတ်ပဲ အမှတ်လျော့ခဲ့ပြီး အခုတော့ ရမှတ် ၄ မှတ် အထိ ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်က အခုတစ်ပတ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အနီးကပ်ဆုံး ပြိုင်ဘက် တစ်သင်း ဖြစ်တဲ့ အက်စတွန်ဗီလာကို ၄-၁ နဲ့ အနိုင်ရထားခဲ့တာပါ။ အာဆင်နယ်ဟာ ၁၁ ပွဲဆက် အနိုင်ရထားတဲ့ ဗီလာကို ချိုးဖျက်နိုင်ခဲ့သလို မန်စီးတီးရဲ့ အမှတ်လျော့ခဲ့တဲ့ အခြေအနေကြောင့် ပွဲစဉ် ၁၉ အပြီးမှာတော့ အာဆင်နယ်တို့ အမြတ်ထွက်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ပပ် ဂွါဒီယိုလာရဲ့ အသင်း ကတော့ မကြာသေးခင် ကမှ ပုံစံကောင်း ပြန်လည် ရရှိလာတဲ့ အသင်း ဖြစ်ပြီး ၈ ပွဲဆက် နိုင်ပွဲနဲ့အတူ ဆန်းဒါးလန်းကို အနိုင်ယူပြီး ၉ ပွဲဆက် အနိုင် ရရှိဖို့ မျှော်လင့်ချက် ရှိခဲ့ပေမယ့်လည်း ခြေချော်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးက လက်ရှိမှာ အဓိက ကွင်းလယ်လူ ရိုဒရီ ပြန်လည် ကစားပေးနိုင်တော့မှာ ဖြစ်ပေမယ့် အာဖရိကဖလား သွားကစားနေတဲ့ အိုမာ မာမွတ်ရှ်၊ အစ် နျူရီ၊ ဒဏ်ရာရနေတဲ့ ဂျွန်စတုန်းစ်၊ အော်စကာ ဘော့ဘ်၊ ကိုဗာချစ်၊ ဆာဗင်ဟို တို့ကတော့ ဒဏ်ရာရနေလို့ အနည်းငယ်တော့ အားနည်းနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးက လာမယ့် ပွဲမှာ ချဲလ်ဆီးနဲ့ ပွဲကြပ် ကစားရဦးမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပပ် ဂွါဒီယိုလာ ကတော့ ရိုဒရီ ပြန်လည် ပါဝင်လာမှာကို ကျေနပ်လျက် ရှိပြီး မန်စီးတီး အတွက် အားတက်စရာ အဖြစ် ရှုမြင်ထားပါတယ်။ ဂွါဒီယိုလာက ဘယ်လွန်ဒေါဆုရှင် စပိန် ကွင်းလယ် ကြယ်ပွင့်က အသင်းကို နောက်ထပ် တစ်ကြိမ် ပရီးမီးယားလိဂ် ဖလား ရရှိအောင် ကူညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဂွါဒီယိုလာက “ခင်ဗျားက ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမားကို လွမ်းဆွတ်နေခဲ့မှာပါ။ လွန်ခဲ့တဲ့ နှစ်ရာသီတုန်းက သူ အသင်းကို ဆုဖလား ၃ လုံး တပြိုင်နက်နဲ့ ပရီးမီးယားလိဂ် ဖလား ၄ နှစ်ဆက်ရအောင် မယုံနိုင်စရာကောင်းတဲ့ ကစားသမား အဖြစ်နဲ့ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ခင်ဗျား သူ့ကို လွမ်းဆွတ်နေမှာ အမှန်ပါပဲ။ တစ်ပတ်၊ ၃ ပတ်လောက် အထိ သူမပါဝင်နိုင်တာကို ခင်ဗျား ကိုင်တွယ်နိုင်ဦးမှာပါ။ ဒါပေမယ့် တစ်နှစ်ခွဲ ဆိုတာက ကျတော့ အရမ်းကို များတဲ့ အချိန် ဖြစ်သွားပါပြီ။ ပြီးခဲ့တဲ့ရာသီကုန်မှာ ကျွန်တော်တို့ လုပ်ခဲ့တာက ဒဏ်ရာပြဿနာတွေကို ကျော်ဖြတ်ခဲ့ရတာပါ။ အဲဒါက ကျွန်တော်တို့ အသင်းအဖွဲ့တစ်ခု အနေနဲ့ ပိုင်ဆိုင်ခဲ့တဲ့ အကောင်းဆုံး ရာသီတွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။” လို့ ဆိုပါတယ်။
ဆက်လက်ပြီး ဂွါဒီယိုလာက “ပြီးခဲ့တဲ့ရာသီတုန်းက နည်းပြ အဖွဲ့ဝင်တွေနဲ့ နောက်ကွယ်က ဝန်ထမ်းတွေက ကျွန်တော်တို့ ပိုင်ဆိုင်ခဲ့တဲ့ အကောင်းဆုံး အရာတွေထဲက တစ်ခု ဖြစ်ခဲ့တယ် ဆိုတာ ငြင်းလို့ မရပါဘူး။ ဘာလို့လဲဆိုတော့ ပြဿနာတွေကို ဘယ်လိုကျော်ဖြတ်မလဲ ဆိုတာကို ဒီလူတွေက သိနေခဲ့လို့ပါ။ အဲဒီတော့ ၂၀၂၅ ခုနှစ်က ကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ရာသီကို ဖလားရလား၊ မရလားလို့ ဆုံးဖြတ်လို့ မရနိုင်ပါဘူး။ ဘဝမှာ အဲဒါထက် ပိုအရေးကြီးတဲ့ အရာတွေ ရှိပြီး ကျွန်တော်တို့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမှာပါ။”
“ကျွန်တော်တို့ အတွက် ရိုဒရီလည်း ပြန်လာပါပြီ။ သူနဲ့ ဆိုရင် ကျွန်တော် တို့က ပိုပြီး အားကောင်းတဲ့ အသင်းပါ။ အဲဒါကို သံသယ ဖြစ်စရာတော့ မရှိဘူး။ ဂျရမီ ဒိုကု၊ ဂျွန် စတုန်းစ် တို့လို ကစားသမား တချို့ ပြန်လာတာ ကလည်း ကျွန်တော်တို့ အတွက် အကူအညီ ဖြစ်စေမယ် ဆိုတာ ကျွန်တော် တော်တော်လေး သေချာပါတယ်။ ကစားသမား အများအပြားက အချိန်အကြာကြီး ဒဏ်ရာကြောင့် အနားယူခဲ့ရတာ ဖြစ်ပြီး ကျွန်တော်တို့ ရာသီ ဒုတိယပိုင်းမှာ အများကြီး ပိုကောင်းလာမယ် ဆိုတာ တော်တော်လေး သေချာနေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။မန်စီးတီးဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာတော့ ချဲလ်ဆီး၊ ဘရိုက်တန်၊ နယူးကာဆယ်၊ မန်ချက်စတာယူနိုက်တက်၊ ဝုဗ် တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


