ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ဂန္တဝင် ပေါလ် စခိုးလ် ကတော့ အန်ဇို မာရက်စ်ကာ အနေနဲ့ သရဲနီ နည်းပြ ဖြစ်လာနိုင်ကြောင်း ခန့်မှန်းသုံးသပ်လိုက်ပါတယ်။ စခိုးလ်က မာရက်စ်ကာ အနေနဲ့ ယူနိုက်တက်ရဲ့ နည်းပြ အလုပ် အတွက် ကမ်းလှမ်းခြင်းခံခဲ့ရမယ် ဆိုရင် အံ့အားသင့်မိမှာ မဟုတ်ကြောင်း ပြောဆိုခဲ့ပေမယ့်လည်း ချဲလ်ဆီး နည်းပြဟောင်းက မန်ချက်စတာစီးတီး နည်းပြ ရာထူး အတွက် ပိုမို သင့်တော်သူ ဖြစ်တယ်လို့ ယူဆနေပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ နည်းပြ ရူဘင် အမော်ရင်ကို နည်းပြ ရာထူး ကနေ ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ် ရှာဖွေနေတာ ဖြစ်ပါတယ်။ အန်ဇို မာရက်စ်ကာနဲ့ ရူဘင် အမော်ရင် တို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရှေ့ဆင့် နောက်ဆင့် ထုတ်ပယ်ခံခဲ့ရပြီးတော့ ချဲလ်ဆီးက စထရာဘိုး နည်းပြ လီယမ် ရိုစီနီယာကို အစားထိုး ခန့်အပ်ခဲ့ပေမယ့် ယူနိုက်တက် ကတော့ ဒါရင်း ဖလက်ချာကို ယာယီ ကိုင်တွယ်စေပြီး နည်းပြသစ် ရှာဖွေနေဆဲ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ရူဘင် အမော်ရင်ရဲ့ လက်အောက်မှာ အဆင့် ၁၅ နေရာနဲ့သာ ရာသီသိမ်းခဲ့ရပြီး ဒီရာသီမှာလည်း အခြေအနေတွေ ဆက်လက် ဆိုးရွားနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမော်ရင်ကို ထုတ်ပယ်ခဲ့မှုက ကွင်းတွင်းက စွမ်းဆောင်ရည် တစ်ခုတည်း အပေါ် မူတည်ခဲ့ခြင်း မဟုတ်ပဲ ပေါ်တူဂီသား နည်းပြက လိဒ်စ်ယူနိုက်တက်နဲ့ ၁-၁ သရေကျခဲ့တဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ အသင်းဘုတ်အဖွဲ့ အပေါ် ဝေဖန် ပြစ်တင်မှုတွေ ပြုလုပ်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။
လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ်ကို ဒါရင်း ဖလက်ချာက ယာယီ နည်းပြ အဖြစ် တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်ပြီး အမြဲတမ်း နည်းပြ ကိုတော့ ရာသီကုန်မှ ခန့်အပ်သွားဖို့ ဆန္ဒရှိနေပုံရပါတယ်။ ယူနိုက်တက် နည်းပြ ရာထူး အတွက် ရေပန်းအစားဆုံး ဖြစ်နေသူက ခရစ္စတယ်ပဲလေ့စ် နည်းပြ အိုလီဗာ ဂလက်စ်နာ၊ ၂၀၂၆ ကမ္ဘာ့ဖလား အပြီး အထိသာ စာချုပ်ထားတဲ့ အင်္ဂလန် နည်းပြ သောမက်စ် တူချယ် တို့ ဖြစ်ပါတယ်။ သူတို့ နှစ်ဦး ပြီးရင်တော့ အန်ဇို မာရက်စ်ကာက အိုးထရက်ဖို့ဒ်ကို ရောက်လာနိုင်သူ အဖြစ် သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပေါလ် စခိုးလ်က အီတလီ လူမျိုး နည်းပြဟာ သူ့ရဲ့ အသင်းဟောင်း အတွက် ထိပ်တန်း ပစ်မှတ် ဖြစ်နေခဲ့မယ် ဆိုရင်လည်း အံ့အားသင့်မှာ မဟုတ်ကြောင်း ပြောဆိုခဲ့ပေမယ့် တစ်ဖက် မှာလည်း မာရက်စ်ကာကို ခန့်အပ်တာက အမှား ဖြစ်သွားနိုင်တယ်လို ယုံကြည်နေပါတယ်။ ဒါ့အပြင် စခိုးလ်က မာရက်စ်ကာဟာ မန်ချက်စတာစီးတီး အတွက် ပိုပြီးတော့ သင့်တော်တဲ့ နည်းပြ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ မာရက်စ်ကာ ကတော့ ပပ် ဂွါဒီယိုလာရဲ့ နေရာမှာ ရေရှည်ဆက်ခံနိုင်မယ့်သူ အဖြစ် အစောပိုင်း ကတည်းက သတ်မှတ်ခံထားရသူပါ။
ပပ် ဂွါဒီယိုလာ ကလည်း လာမယ့် ရာသီကုန် အထိသာ မန်ချက်စတာစီးတီးနဲ့ စာချုပ်သက်တမ်း ကျန်ရှိတော့သူ ဖြစ်ပြီး စီးတီး တာဝန်ရှိသူတွေက စပိန် လူမျိုး နည်းပြရဲ့ လက်ထောက်ဟောင်းက နည်းပြ ရာထူး အတွက် အသင့်တော်ဆုံး ဖြစ်ကြောင်း ရှုမြင်နေကြပါတယ်။
စခိုးလ်က “အန်ဇို မာရက်စ်ကာ ချဲလ်ဆီးကို စွန့်ခွာလိုက်တာက အမော်ရင်ကို နည်းနည်းတော့ စနိုးစနောင့် ဖြစ်စေခဲ့မှာပါ။ ဘာလို့လဲ ဆိုတော့ သူက မန်စီးတီးလူဟောင်းတွေ ဖြစ်တဲ့ ဂျေဆင် ဝီလ်ကော့စ်၊ အိုမာ ဘာရာဒါ တို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကြောင့်ပါ။ မာရက်စ်ကာက မန်ချက်စတာယူနိုက်တက် အတွက် သင့်တော်သလား ဆိုရင် ကျွန်တော်တော့ မမြင်ပါဘူး။ သူက မန်စီးတီး စတိုင်လ် နည်းပြမျိုးပါ။”
“လူတွေက ပပ် ထွက်ခွာမယ့်ကိစ္စကို ကောလာဟလတွေ လွှင့်ခဲ့ကြတယ်။ သူက စီးတီးမှာ ဘယ်လို အသင်းမှာထက် မဆို အချိန်ကြာကြာနေခဲ့တဲ့သူပါ။ အဲဒါကြောင့်ပဲ တချိန်ကျရင် သူသွားမယ်လို လူတွေက တွေးကြတာပါ။ မာရက်စ်ကာက မန်စီးတီးမှာ ဂွါဒီယိုလာ နေရာ အတွက် တကယ်ပဲ ကောင်းမွန်တဲ့ အစားထိုးမှုလိုမျိုး ခံစားရပါတယ်။ သူက မန်ချက်စတာယူနိုက်တက် အတွက် သင့်တော်တယ်လို့ မခံစားရပါဘူး။ မန်စီးတီး အတွက်တော့ သင့်တော်တယ်လို့ ခံစားရပါတယ်။” ဆိုပြီး ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


