နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဥရောပ အဆင့် ဗိုလ်လုပွဲ ကစားရမယ့် တစ်သင်းတည်းသော လန်ဒန် ကလပ် ဖြစ်လာတဲ့ ဝက်စ်ဟမ်း၊ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ နီးစပ်လာတဲ့ နယူးကာဆယ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

countdown banner

ဥရောပ အဆင့် ဗိုလ်လုပွဲ ကစားရမယ့် တစ်သင်းတည်းသော လန်ဒန် ကလပ် ဖြစ်လာတဲ့ ဝက်စ်ဟမ်း၊ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ နီးစပ်လာတဲ့ နယူးကာဆယ် စတဲ့ သတင်းတွေ အပါအဝင် မေလ ၂၀ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဥရောပ အဆင့် ဗိုလ်လုပွဲ ကစားရမယ့် တစ်သင်းတည်းသော လန်ဒန် ကလပ် ဖြစ်လာတဲ့ ဝက်စ်ဟမ်း

အာဆင်နယ်၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ လန်ဒန် ထိပ်သီး အသင်းတွေ ဒီရာသီမှာ ဆုဖလား ပျောက်ပြီး ဇာတ်သေတ္တာ မှောက်နေချိန်မှာ ဝက်စ်ဟမ်း ကတော့ ယူရိုပါကွန်ဖရင့်လိဂ် ဖလားကို ရယူနိုင်မယ့် မျှော်လင့်ချက်တွေ ရှိနေပါပြီ။ ဒေးဗစ် မွိုက်စ်ရဲ့ အသင်းက ဟော်လန် ကလပ် အေဇက် အယ်လ်ခမာကို နှစ်ကျော့စလုံး အနိုင်ကစားပြီး သူတို့က ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်မှာ တန်းဆင်းရမယ့် အရေးကို ရင်ဆိုင်နေခဲ့ရတာ ကိုလည်း ဖြေရှင်းနိုင်ခဲ့သလို အခု ဖလား အောင်မြင်မှု ကိုပါ သူတို့တွေ စိတ်ကူးယဉ်နေပါပြီ။ ဒေးဗစ် မွိုက်စ်ရဲ့ ဦးဆောင်မှုနဲ့ အတူ ဝက်စ်ဟမ်းက နှစ်ပေါင်းများစွာ အကြာမှ ပထမဆုံးအကြိမ် အဖြစ် ဥရောပဆင့် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီး လာမယ့် ရာသီ ယူရိုပါလိဂ် ဝင်ခွင့် ကိုပါ မျှော်မှန်းလို့ ရနေပါပြီ။ 

ဝက်စ်ဟမ်းဟာ ပထမအကျော့ အိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင်ရရှိခဲ့သလို အဝေးကွင်း မှာလည်း ၀-၁ နဲ့ ထပ်မံ အနိုင်ရရှိခဲ့တာပါ။ လန်ဒန်မှာ အသင်းကြီးတွေ ရေကြီးနေချိန် ဝက်စ်ဟမ်း ကတော့ သာသာယာယာ ဖြစ်နေခဲ့ပါတယ်။ ဆုဖလား အောင်မြင်မှု ရဖို့ နောက်ဆုံံး မိနစ် ၉၀ ကို အနိုင်ယူပြီး သူတို့တွေ အောင်မြင်မှု သိမ်းပိုက်နိုင်မလား ဆိုတာ စိတ်ဝင်စားစရာပါပဲ။


ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ နီးစပ်လာတဲ့ နယူးကာဆယ်

အက်ဒီ ဟောင်းဝ်ရဲ့ နယူးကာဆယ် ယူနိုက်တက် ကတော့ ခြေစွမ်း မာကျောတယ် ဆိုတဲ့ ဘရိုက်တန်ကို အိမ်ကွင်းမှာ ၄-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဘရိုက်တန်က ကိုယ့်ဂိုးကိုယ် ၁ ဂိုး သွင်းခဲ့ပြီး ဒန်ဘန်း၊ ကော်လမ် ဝီလ်ဆင်၊ ဘရူနို ဂီမာရေ့စ် တို့ရဲ့ ဂိုးတွေနဲ့ နယူးကာဆယ်တို့ အနိုင်ရခဲ့ကာ လက်ကျန် ၂ ပွဲ အလိုမှာ လစ်ဗာပူးလ်ကို ၄ မှတ်၊ ယူနိုက်တက်ထက် ၁ ပွဲ ပိုကစားထားကာ ၃ မှတ် ဖြတ်တောက်ထားနိုင်ခဲ့ပါပြီ။ 

ပရီးမီးယား လိဂ်
ဝက်စ်ဟမ်း ယူနိုက်တက်
လိဒ် ယူနိုက်တက်
1X2 သရေ (Draw) @ 3.25
ဂိုးပေါ် 3.00 @ 2.40
ဂိုးပေါင်း 2-3 @ 1.96
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အသင်း ၃ သင်း အကြိတ်အနယ် ဖြစ်နေကာ မန်ချက်စတာယူနိုက်တက်က ၁ ပွဲ လျော့ ကစားထားပြီး အခွင့်အရေး ရှိနေဆဲ ဖြစ်ပေမယ့် နယူးကာဆယ်ကို အမီလိုက်ဖို့၊ လစ်ဗာပူးလ်ကို အမှတ်ဖြတ်ဖို့တော့ လိုအပ်နေပါတယ်။ ဒီအချိန်မှာ နယူးကာဆယ်က အာဆင်နယ်ကို ၃ ဂိုးပြတ် အနိုင်ကစားခဲ့တဲ့ ဘရိုက်တန်ကို အိမ်ကွင်းမှာ ပြတ်ပြတ်သားသားပဲ ချေမှုန်းပစ်ခဲ့ပါတယ်။ 

နယူးကာဆယ်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ရယူနိုင်တော့မယ့် မန်စီးတီးထက် ရှုံးပွဲ ၁ ပွဲသာ ပိုများခဲ့ပြီး ဒီရာသီမှာ အကောင်းဆုံး ပုံစံကို ပြသနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ လူစာရင်းနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရအောင် အားထုတ်နိုင်ခဲ့တာက တကယ်ကို ချီးကျူးဖွယ်ရာ ကောင်းခဲ့ပြီး လက်ကျန် ၂ ပွဲမှာ လက်ရှိ ခြေစွမ်း အတိုင်း ကစားဖို့သာ လိုအပ်ပါတော့တယ်။


လိဂ်ဝမ်း ပလေးအော့ဖ်ပွဲမှာ အံ့အားသင့်ဖွယ် come back နိုင်ပွဲ ရခဲ့တဲ့ ရှက်ဖီးလ်ဝမ်းနက်စ်ဒေး

အင်္ဂလန် ချန်ပီယံရှစ်ကို တန်းတက်ခွင့် အတွက် ပလေးအော့ဖ် ကစားခဲ့တဲ့ ရှက်ဖီးလ် ဝမ်းနက်စ်ဒေးနဲ့ ပီတာဘရော့တ် တို့ရဲ့ လိဂ်ဝမ်းပွဲ ကတော့ တော်တော်လေးကို စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပါတယ်။ ပထမအကျော့မှာ ပီတာဘရော့တ်က ၄-၀ နဲ့ အနိုင်ရထားခဲ့လို့ ရှက်ဖီးလ်တို့ မလွယ်ကူခဲ့ဘူးလို့ ထင်ခဲ့ရတာပါ။ ဂိုး အရမ်းပြတ်နေခဲ့လို့ သူတို့တွေ ဗိုလ်လုပွဲကို တက်နိုင်မှာ မဟုတ်ဘူးလို့ အားလုံးက ယူဆခဲ့ကြပါတယ်။ 

ဒါပေမယ့် တကယ်တမ်း ကစားခဲ့ချိန် မှာတော့ ရှက်ဖီးလ်ဟာ ၄-၀ နဲ့ နိုင်ပွဲ ပြန်ယူနိုင်ခဲ့ပြီး အံ့အားသင့်ဖွယ်ရာ ပြန်လာနိုင်ခဲ့ပါတယ်။ နှစ်ကျောပေါင်း ရလဒ် ၄-၄ ဖြစ်နေလို့ အချိန်ပို ဆက်ကစားခဲ့ရပြီး အချိန်ပိုမှာ ပီတာဘရော့တ်က ဦးဆောင်ဂိုး ရခဲ့ပေမယ့် ရှက်ဖီးလ်က ပြန်ချေပနိုင်ခဲ့လို့ ပင်နယ်တီ ကန်ဖို့ ဖြစ်ခဲ့ပါတယ်။ 

ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းရာ မှာတော့ ရှက်ဖီးလ်က ၅-၃ နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်သွားနိုင်ခဲ့ပါတယ်။ ဒါဟာ လိဂ်ဝမ်း ပလေးအော့ဖ် ပွဲတွေ ထဲမှာ အကောင်းဆုံး ပြန်လာနိုင်မှု တစ်ခု အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ရှက်ဖီးလ်ဟာ ဗိုလ်လုပွဲ မှာတော့ ဘန်စလေ-ဘော်လ်တန် ပွဲက အနိုင်ရအသင်းနဲ့ ကစားရမှာ ဖြစ်ပြီး ဒီနှစ်သင်း ကတော့ ပထမအကျော့မှာ ၁ ဂိုးစီ သရေကျထားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်