အဲဗာတန် – လက်စတာစီးတီး
တိုက်စစ် အသားပေး ကစားတတ်သလို ခံစစ်တိုက်စစ် မျှတတဲ့ အသင်းတွေ ဖြစ်လို့ ပရိသတ် အကြိုက် ပရီးမီးယားလိဂ် ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာပါ။ ဒါပေမယ့် ပွဲအဖြေ ပြောင်းလဲနိုင်စွမ်းရှိတဲ့ ကစားသမား ကောင်းတွေကြောင့် နည်းပြနှစ်ဦးရဲ့ ဗျူဟာ အခင်းအကျင်းကပဲ ပွဲကို အဖြေထုတ်ဖို့ ရှိနေပါတယ်။ အစဉ်အလာ ပြိုင်ဘက်ကောင်းတွေ ဖြစ်လို့ ဂွတ်ဒီဆင်ပါ့ခ်မှာ ဘယ်အသင်း အသာရမလဲဆိုတာ ကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။
အဲဗာတန်ရဲ့ လက်ရှိအနေအထားက လိုအပ်ချက် မြင့်မားနေတယ် ဆိုပေမယ့် လက်ခံနိုင်တဲ့ အခြေအနေလို့ ပြောလို့ရပါတယ်။ ခံစစ်လိုအပ်ချက် ရှိနေတယ်ဆိုပေမယ့် နိုင်သင့်နိုင်ထိုက်တဲ့ ပွဲတွေကို အနိုင် ကစားထားနိုင်တာကို တွေ့ရပါတယ်။ ချဲလ်ဆီးကို သရေ အာဆင်နယ်ကို အနိုင်ကစားနိုင်တဲ့ ခြေစွမ်းက အထင်ကြီးစရာ ဖြစ်ပေမယ့် ဘရိုက်တန် ခရစ္စတယ်ပဲလေ့စ်တို့ကို အရေးနိမ့်တာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင် ၂ ပွဲရှုံး ၁ ပွဲသရေ ရလဒ် ရရှိထားပါတယ်။ တိုက်စစ်က ၉ ဂိုးသွင်းပြီး ၁၀ ဂိုး ပြန်ပေးထားရတာကို ကြည့်ရင် ခံစစ်ပိုင်း လိုအပ်ချက်ကို သတိထားမိပါလိမ့်မယ်။ တောင်းဆန့်၊ ကယ်ဗစ်လီဝန်၊ ရီချာလီဆန်၊ ဒါဗီးစ်၊ မီနာ တို့ ဒဏ်ရာပြဿနာ ရှိနေသလို အိုင်ဝိုဘီ ကလည်း အာဖရိကဖလား သွားကစားနေလို့ ဒီပွဲကိုလွဲချော်ဖို့ရှိနေပါတယ်။
ရလဒ်ကောင်းရဖို့ အားစိုက်နေရတဲ့ လက်စတာ အတွက်ကတော့ ပြိုင်ဘက်ကောင်း အသင်းတစ်သင်းကို ရင်ဆိုင်ကစားရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။ ခြေစွမ်း အတက်အကျမမှန်တဲ့ အနေအထားက အသင်းရဲ့ ပုံရိပ်ကို ထိခိုက်နေတယ် ဆိုပေမယ့် ထင်သလောက်တော့ မဆိုးရွားသေးပါဘူး။ ဒါပေမယ့် ဂျေမီဗာဒီ ဒဏ်ရာရနေတာ ကတော့ အသင်းအတွက် ဖိအားရှိစေတာတော့ အမှန်ပါ။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲရှုံး ၁ ပွဲသရေ ရလဒ် ရရှိထားတဲ့ အနေအထားက လက်ခံရလောက်တဲ့ အခြေအနေပါ။ တိုက်စစ်က ၁၅ ဂိုးသွင်းပြီး ခံစစ်က ၁၀ ဂိုး ပြန်ပေးထားရ တာကတော့ ချွင်းချက်တစ်ခုအဖြစ် ရှိနေပါတယ်။ သတိထားရမယ့် အခြေအနေက ပရီးမီးယားလိဂ် အပါအဝင် နောက်ဆုံး ၅ ပွဲမှာ ဂိုးများတဲ့ပွဲက ၄ ပွဲအထိ ရှိနေတာဖြစ်လို့ အကျိုးအမြတ် ရှာဖွေသူတွေ လက်လွှတ်ခံလို့မရပါဘူး။ ဆိုရန်ချူး၊ ဘန်ကိုဗစ်၊ ဘားနက်စ်၊ ဂျေမီဗာဒီ၊ ပီရီယာ၊ ဘာထရန်၊ ဖိုဖာနာတို့ ဒဏ်ရာကြောင့် မပါနိုင်ပါဘူး။ အမာတေးလ်၊ အီရန်နာချို၊ အန်ဒီဒီ၊ မန်ဒီတို့ကလည်း အာဖရိကဖလား သွားကစားလို့ ပွဲထွက်လိုအပ်ချက်တော့ ရှိနိုင်ပါတယ်။ လွတ်ခ်မန်း၊ အယ်လ်ဘရို က်တန်၊ အယိုဇီပီးရက်စ်၊ ချောင်ဒူရီတို့ကို ပွဲထွက်အဖြစ် မြင်တွေ့ရဖို့ရှိနေပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ထိပ်တိုက်တွေ့ဆုံမှု ၁၀၇ ကြိမ်မှာ အဲဗာတန်က အကြိမ် ၄၀ နိုင် လက်စတာစီးတီးက ၃၆ ကြိမ် ပြန်နိုင်ထားပြီး ၃၁ ကြိမ် သရေကျထားခဲ့ပါတယ်။ အစဉ်အလာအရ အဲဗာတန်က အသာရထားတယ် ဆိုပေမယ့် ပြီးခဲ့တဲ့ရာသီ အဲဗာတန် အသင်းရဲ့အိမ်ကွင်းတွေ့ဆုံမှုမှာတော့ ၁-၁ သရေရလဒ်သာ ထွက်ပေါ်ထားခဲ့တာပါ။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
အဲဗာတန် – လက်စတာစီးတီး | အချိန်ပြည့် 1X2 ဧည့်သည် @ 2.77 | |
ဇန်နဝါရီလ ၂ ရက်၊ မနက် ၂:၃၀နာရီ (GMT+ ၆:၃၀) |
SBOTOP 1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်း အတွက် ၂.၅၀ ဆ၊ သရေ အတွက် ၃.၃၅ ဆ၊ ဧည်သည့် အသင်းအတွက် ၂.၇၀ ဆ ကြေးဖွင့်ထားပါတယ်။ အစဉ်အလာအရ အကြိတ်အနယ်ရှိတဲ့ ပြိုင်ဘက်ကောင်းတွေဖြစ်လို့ အပြန်အလှန် သွင်းဂိုးတွေနဲ့အတူ ပရိသတ်အကြိုက် ပွဲစဉ်ဖြစ်လာမှာပါ။ အထူးသဖြင့် နိုင်ပွဲ လိုအပ်နေတဲ့ အသင်းတွေဖြစ်လို့ ဂိုးရဖို့အတွက် တိုက်စစ်အသားပေး ကစားလာနိုင်ပါတယ်။ ဒါပေမဲ့ ခံစစ်ပိုင်း အစုအဖွဲ့တွေအရ ဂိုးရဖို့ ခက်ခဲနိုင်လို့ ဂိုးတော့မများလောက်ပါဘူး။ သရေရလဒ် ထွက်ပေါ်ခဲ့ရင်တောင် နှစ်သင်းလုံးအတွက် အမျှတဆုံး အခြေအနေ ဖြစ်ပါလိမ့်မယ်။ ဂိုးအနည်းကို ပိုကြိုက်ပါတယ်။ ရွေးချယ်မှု တစ်ခုအနေနဲ့ကတော့ လက်စတာစီးတီး ကို အားပေးရင်း အကျိုးအမြတ် ရှာဖွေရမယ့် အချိန်လို့ပဲ ဆိုရမှာပါ။
ခန့်မှန်းရလဒ် (၁-၁)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.