နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုဒီဂတ်ကို အနည်းဆုံး ၃ ပတ် ဆုံးရှုံးရမယ့် အာဆင်နယ် | ပရီးမီးယားလိဂ်

နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဆိုရင်တော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းခေါင်းဆောင် မာတင် အိုဒီဂတ် ကတော့ ခြေချင်းဝတ်ဒဏ်ရာကြောင့် အနည်းဆုံး ၃ ပတ် အနားယူရတော့မယ်လို့ သိရပါတယ်။ အိုဒီဂတ်ဟာ နော်ဝေ လက်ရွေးစင် အသင်း အတွက် ကစားပေးရင်း ဩစတြီးယား တောင်ပံ ကစားသမား ဘမ်ဂတ်နာနဲ့ ထိခိုက်မိကာ ခြေချင်းဝတ် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး အခုတော့ အာဆင်နယ်ရဲ့ အရေးကြီး ပွဲစဉ်တွေကို လွဲချော်တော့မှာလည်း ဖြစ်ပါတယ်။ 

လက်ရှိ အသက် ၂၅ နှစ် အရွယ် မာတင် အိုဒီဂတ်ဟာ စက်တင်ဘာလ (၈) ရက်(တနင်္လာနေ့)က ကစားခဲ့တဲ့ နေးရှင်းလိဂ် ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ကာ ကွင်းထဲ ကနေ ငိုယိုပြီး ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာရရှိပြီးနောက် အိုဒီဂတ်ဟာ လန်ဒန်ကို ကိုယ်ပိုင် လေယာဉ်နဲ့ ပြန်လာခဲ့ပြီး ချိုင်းထောက် ကိုလည်း အသုံးပြုခဲ့ရတာ ဖြစ်ပါတယ်။ 

အိုဒီဂတ်ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သတ်လို့ နော်ဝေ လက်ရွေးစင် အသင်းရဲ့ ဆရာဝန် ဖြစ်သူ အိုလာဆန့်က တရားဝင် ထုတ်ဖော် ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ အိုလာဆန့်ဒ်က “အိုဒီဂတ်က သူရရှိခဲ့တဲ့ ခြေချင်းဝတ် ဒဏ်ရာကြောင့် အနည်းဆုံးဆုံး ၃ ပတ်လောက် အနားယူရဖို့ ရှိပါတယ်။ အဲဒီ ကာလထက် ပိုပြီး အလျင်အမြန် သက်သာလာမယ် ဆိုရင်တော့ အပိုဆုပါပဲ။ ဒီလိုမှ မဟုတ်ရင်တော့ ၃ ပတ်ထက် ပိုပြီး အနားယူရတာမျိုးလည်း ရှိနိုင်ပါတယ်။ ခြေချင်းဝတ် ဒဏ်ရာ ရရချင်းမှာ အရမ်းကို နာကျင်ရပါတယ်။ အိုဒီဂတ်က သူ့ရဲ့ ဒဏ်ရာကြောင့် နာကျင်လွန်းလို့ စိုးရိမ်ခဲ့တာပါ။ MRI စစ်ဆေးမှု အရတော့ ခြေချင်းဝတ်ရိုး အက်သွားတာမျိုးတော့ မတွေ့ရပါဘူး။ အကယ်၍ ခြေချင်းဝတ်ရိုး အက်သွားမယ် ဆိုရင်တော့ ၆ ပတ်လောက် အထိ အနားယူရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

အိုဒီဂတ်ဟာ ခြေချင်းဝတ် ဒဏ်ရာကြောင့် အောက်တိုဘာလ အစပိုင်းမှပဲ ပြန်လည် ကစားပေးနိုင်ဖွယ် ရှိနေပြီး စပါး၊ မန်စီးတီး အပါအဝင် အာဆင်နယ်ရဲ့ ပွဲစဉ် ၆ ပွဲခန့် လွဲချော်ဖို့ ရှိနေပါတယ်။ ဒါကြောင့် တနင်္ဂနွေနေ့ မြောက်လန်ဒန် ပြိုင်ဘက် စပါးနဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ အာဆင်နယ် အတွက် ရိုက်စ်၊ တင်ဘာ၊ ကာလာဖီအိုရီ အပြင် အိုဒီဂတ်လည်း လွဲချော်တော့မှာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ ဂါဘရီရယ် ဂျေဇုစ် တစ်ယောက် ဒီပွဲကို အချိန်မီ ပြန်လည် ပါဝင်လာနိုင်ဖို့ ရှိနေပြီး အာတေးတား အနေနဲ့တော့ ကွင်းလယ်မှာ ကိုင် ဟာဗက်ဇ်နဲ့ ဂျော်ဂျော်ညို ဒါမှမဟုတ် လူငယ် ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ အီသန် နွမ်နာရီ တို့ကို တွဲဖက် ကစားစေဖို့ ရှိလာနိုင်ပါတယ်။ 

အာဆင်နယ်ဟာ ဒီတစ်ပတ်ထဲမှာ တော့တင်ဟမ်ဟော့စပါး၊ အတ္တလန္တာနဲ့ မန်ချက်စတာစီးတီး တို့လို အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေတာ ဖြစ်ပါတယ်။ အာဆင်နယ် အနေနဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ စပါး၊ မန်စီးတီး တို့လို အသင်းကြီးတွေနဲ့ ဆက်တိုက် တွေ့ဆုံရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂန်းနားတွေဟာ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ် မှာတော့ အတ္တလန္တာနဲ့ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်