ပရီးမီးယားလိဂ်ကလပ်နော့တင်ဟမ်ဖောရက်စ်ကတော့အသင်းရဲ့တိုက်စစ်မှူးကြီးခရစ်ဝုဒ်ကိုနှစ်နှစ်စာချုပ်သက်တမ်းတိုးမြှင့်လိုက်ပြီဖြစ်ပါတယ်။ခရစ္စဝုဒ်ဟာဒီရာသီမှာအံ့အားသင့်ဖွယ်ခြေစွမ်းကောင်းတွေပြသထားနိုင်ပြီးတော့အသင်းအတွက်ရလဒ်ကောင်းတွေရှာဖွေပေးနေတဲ့ကစားသမားဖြစ်တာကြောင့်ဖောရက်စ်ကသက်တမ်းတိုးဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အသက်၃၃နှစ်အရွယ်နယူးဇီလန်လက်ရွေးစင်တိုက်စစ်မှူးကြီးကအခုရာသီပရီးမီးယားလိဂ်မှာ၂၂ပွဲကစားပြီးတော့၁၄ဂိုးသွင်းယူကာဖန်တီးမှု၂ကြိမ်ပြုလုပ်ထားပါတယ်။ဒါကြောင့်ဖောရက်စ်ကလာမယ့်၂၀၂၇ခုနှစ်အထိခရစ္စဝုဒ်ကိုအသင်းမှာဆက်ရှိနေစေမယ့်စာချုပ်ကိုချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
ဝုဒ်ဟာလာမယ့်ဇွန်လမှာအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီးဖောရက်စ်ဟာဝုဒ်ရဲ့အသင်းဖော်ဗဟိုခံစစ်မှူးမူရီလိုကိုလည်းစည်းကမ်းသက်တမ်းတိုးမြှင့်ဖို့သဘောတူညီခဲ့ပါတယ်။ဒီလိုစာချုပ်သက်တမ်းတိုးနိုင်ခဲ့ခြင်းနဲ့ပတ်သတ်လို့နယူးဇီလန်လက်ရွေးစင်က Sky Sports News နဲ့အင်တာဗျူးမှာအခုလိုပဲပြောကြားလာခဲ့ပါတယ်။
ဝုဒ်က “ဒီကလပ်မှာရှိနေတဲ့အိပ်မက်နဲ့ရည်မှန်းချက်တွေကိုခင်ဗျားတို့မြင်နိုင်ပါတယ်။ကျွန်တော်တို့ဟာဒီရာသီကိုကောင်းမွန်စွာစတင်နိုင်ခဲ့ပါတယ်။အခုလမ်းခုလတ်ကိုရောက်ရှိနေပါပြီ။အောင်မြင်ဖို့နဲ့ရှေ့ဆက်ဖို့ကြိုးစားစရာတွေအများကြီးကျန်ရှိနေပါသေးတယ်။ဒီကလပ်၊ပိုင်ရှင်၊ဝန်ထမ်းတွေ၊ကစားသမားတွေနဲ့ပရိသတ်တွေကကြီးကျယ်တဲ့အသင်းတစ်သင်းအဖြစ်ပြန်လည်မွေးဖွားလာဖို့လိုချင်တက်မက်မှုတွေအများကြီးရှိနေမယ်ထင်ပါတယ်။ကျွန်တော့်မှာယုံကြည်မှုအပြည့်ရှိပြီးမန်နေဂျာကနေကျွန်တော့်အသင်းဖော်တွေအထိကျွန်တော့်အပေါ်ယုံကြည်မှုတွေအများကြီးထားခဲ့ကြပါတယ်။”လို့ပြောကြားခဲ့ပါတယ်။
ဒီရာသီပရီးမီးယားလိဂ်မှာခရစ္စဝုဒ်ထက်ဂိုးပိုသွင်းထားသူတွေဆိုလို့မိုဟာမက်ဆာလာ၊အာလင်းဟာလန်းနဲ့အလက်ဇန္တားအိဆက်ခ်တို့သာရှိနေတာဖြစ်ပါတယ်။ဝုဒ်ဟာထိပ်တန်းဂိုးသွင်းရှင်၁၀ဦးထဲမှာဂိုးပေါက်ကန်ချက်အနည်းဆုံးဖြစ်ပေမယ့်ဂိုးအဖြစ်အများဆုံးပြောင်းလဲပေးနိုင်တဲ့သူလည်းဖြစ်နေပါတယ်။
ဒီလိုဂိုးသွင်းအဆုံးသတ်ပိုင်းနဲ့ပတ်သတ်လို့ခရစ္စဝုဒ်ကပြောကြားရမှာတော့ “ဂိုးတွေသွင်းတာကတိုက်စစ်မှူးတစ်ယောက်အတွက်ယုံကြည်မှုကိုမြှင့်တင်ပေးတဲ့အကြီးမားဆုံးအရာပါ။အသင်းအတွက်ကြိုးစားအားထုတ်ရမှာဖြစ်သလိုအခြားအသင်းဖော်တွေရဲ့ဖန်တီးမှုတွေကိုသေချာအောင်လုပ်နိုင်ရင်ယုံကြည်မှုပိုတိုးလာမှာဖြစ်ပါတယ်။”လို့ဆိုပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.