နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

“ကျွန်တော် အခုချိန်မှာ ရာထူး ကနေ ထုတ်ပယ်ခံရဖို အကြောင်းတွေကို လုံးဝ စဉ်းစားထားခြင်း မရှိပါဘူး” – Ten Hag | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ စပါးကို အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ရပေမယ့်လည်း ပြိုင်ဘက်ကို ခြေစွမ်းပိုင်း အသာစီးမရခဲ့သလို တစ်ယောက် အထုတ်ခံခဲ့ရချိန်မှာတော့ ခြေစွမ်းပိုင်း ပိုမို ဆိုးရွားခဲ့ပြီး စပါးကို ခြေပြတ် ဂိုးပြတ် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဖြစ်သူ အဲရစ်ခ် တန်ဟက်ဂ် ကတောာ့ ဒီလို အခြေအနေဆိုးတွေ ကြုံတွေ့ နေရပေမယ့် နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံရတော့မယ် ဆိုပြီး ယူဆမှုတွေကို အာရုံစိုက်နေမှာ မဟုတ်ဘူးလို့ တုံပြန် ပြောကြားလာခဲ့ပါတယ်။

တန်ဟက်ဂ်ရဲ့ အသင်းက စပါးနဲ့ ကစားခဲ့တဲ့ မနေ့ညက ပွဲစဉ် ပထမပိုင်းမှာ တော်တော်လေး စိတ်ပျက်စရာကောင်းတဲ့ ကစားဟန်နဲ့ ကစားခဲ့ပြီး ပွဲစပြီး မကြာခင်မှာပဲ စပါး ဘက်ကို ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ ဒီဂိုးကို ပြန်ကြည့်ရင် ယူနိုက်တက် နောက်တန်းနဲ့ ကွင်းလယ်ရဲ့ ကြီးမားတဲ့ အားနည်းချက်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီနောက် ယူနိုက်တက်က ဒုတိယပိုင်းမှာလည်း သွင်းဂိုး ၂ ဂိုး ထပ်မံ ခွင့်ပြုပေးခဲ့ရပြီး ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ယူနိုက်တက်က ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် ၆ ပွဲမှာ ရှုံးပွဲ ၃ ပွဲအထိ ရှိလာခဲ့ပြီ ဖြစ်သလို အဲဒီထဲကမှ ရှုံးပွဲ ၂ ပွဲက အိမ်ကွင်း အိုးထရက်ဖိုဒ်မှာ သွင်းဂိုး လုံးဝ မရပဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြောင့်လည်း နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က ရာထူး ကနေ ထုတ်ပယ်ခံရဖို့ တဖြည်းဖြည်း နီးစပ်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ မှာတော့ ယူနိုက်တက်က ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် ၆ ပွဲမှာ ရှုံးပွဲ ၃ ပွဲအထိ ရှိလာခဲ့ပြီ ဖြစ်သလို အဲဒီထဲကမှ ရှုံးပွဲ ၂ ပွဲက အိမ်ကွင်း အိုးထရက်ဖိုဒ်မှာ သွင်းဂိုး လုံးဝ မရပဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
စပါးကို အိမ်ကွင်းမှာ ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ယူနိုက်တက်

ဒါ့အပြင် တန်ဟက်ဂ်ရဲ့ နေရာ အတွက် အင်္ဂလန် လက်ရွေးစင် နည်းပြဟောင်း ဆောက်ဂိတ်၊ ယူနိုက်တက် ဂန္တဝင်နဲ့ နည်းပြဟောင်း အိုလီဂန်နာ ဆိုးလ်ရှား တို့နဲ့လည်း သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တန်ဟက်ဂ် ကတော့ “ကျွန်တော် အခုချိန်မှာ ရာထူး ကနေ ထုတ်ပယ်ခံရဖို အကြောင်းတွေကို လုံးဝ စဉ်းစားထားခြင်း မရှိပါဘူး။ ကျွန်တော်တို့ အားလုံး အတူတကွ ရှိနေကြဖို့ ဆုံးဖြတ်ချက် ချထားပြီးသားပါ။ အသင်းပိုင်ရှင်တွေ၊ ဝန်ထမ်းတွေ၊ ကစားသမားတွေနဲ့ ကျွန်တော် ကိုယ်တိုင် အပါအဝင်ပါပဲ။ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြန်လည် သုံးသပ်ပြီးမှ ဒီဆုံးဖြတ်ချက်ကို ချခဲ့တာပါ။ ဒါက အချိန်ယူရမယ် ဆိုတာလည်း ကျွန်တော်တို့တွေ သိထားပါတယ်။ ကျွန်တော် တို့က တစ်ဖက်တည်းမှာပဲ အတူတူ ရှိနေကြပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး တန်ဟက်ဂ်က “ကျွန်တော်တို့ ပုံစံကောင်းတွေနဲ့ ပြန်လာနိုင်မှာပါ။ ကျွန်တော် တို့က လိုအပ်ချက်တွေ အမှားတွေ ကနေ တဆင့် သင်ခန်းစာ ယူပြီးတော့ အလျင်မြန်ဆုံး ပြန်လာမှာပါ။ အဝတ်လဲခန်းထဲ မှာလည်း ကစားသမားတွေကို ကျွန်တော် အားပေးစကား ပြောထားပါသေးတယ်။ ကျွန်တော် တို့တွေ သေချာပေါက် ပြန်လာနိုင်မှာပါ။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၃ ပွဲ ရှုံး ရမှတ် ၇ မှတ် ရရှိထားပြီး အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။ အကယ်၍ ဘုန်းမောက်သာ ရလဒ်ကောင်းခဲ့မယ် ဆိုရင်တော့ ယူနိုက်တက်က အဆင့် ၁၃ နေရာကို ကျဆင်းသွားဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်