နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဘက်ဘက်မှာ တက်ရိပ်ပြနေတဲ့ ဂန်းနားတွေကို သရဲနီတို့ အသာရဖို့ မဖြစ်နိုင်သေးဘူး | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

အာဆင်နယ် – မန်ချက်စတာယူနိုက်တက်

ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ ကစားမယ့် ပရီးမီးယားလိဂ်တွေထဲက အကောင်းဆုံး ပွဲကတော့ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပွဲဖြစ်တယ် ဆိုတာ အားလုံးလည်း သိပြီးကြမှာပါ။ လက်ရှိ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ပုံစံရနေတဲ့ နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်သလို ချန်ပီယံ ဖြစ်ရေး အတွက်လည်း အရေးပါနေတာကြောင့် ကျိန်းသေပေါက် အကြိတ်အနယ် ရှိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။

တစ်ချိန်က ပရီးမီးယားလိဂ်ကို လွှမ်းမိုးခဲ့ကြတဲ့ အဓိက ပြိုင်ဘက် နှစ်သင်းရဲ့ အားပြိုင်မှုကို ပြန်လည် မြင်တွေ့ရဖို့ ရှိနေပြီး ဒီပွဲအကြောင်း အနီးစပ်ဆုံး ချဉ်းကပ်ကြည့်ရမယ် ဆိုရင်တော့…

ယူနိုက်တက် ကလည်း ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန်မှာ ပဲလေ့စ်နဲ့ မထင်မှတ်ပဲ အမှတ်ခွဲယူခဲ့ရလို့ ရမှတ် ကွာဟချက်ကို တတ်နိုင်သမျှ လျှော့ချဖို့ သေချာ အာရုံစိုက် ကစားပါလိမ့်မယ်။
အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်ထက် တစ်ပွဲပို ကစားထားပြီး ၈ မှတ် ပြတ်နေတဲ့ ယူနိုက်တက်

ဒီပွဲမှာ ဧည့်သည် မန်ချက်စတာယူနိုက်တက် ဘက်က ကွင်းလယ်လူ ကက်စ်မဲရိုး ပွဲပယ်ခံထားရလို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဆန်ချိုက အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဆိုပေမယ့် ကစားပေးနိုင်ဦးမှာ မဟုတ်သေးဘူးလို့ သိရပါတယ်။ အာဆင်နယ်မှာ ဂျေဆုစ် ဒဏ်ရာက မသက်သာသေးလို့ လွဲချော်ဦးမှာ ဖြစ်ပေမယ့် ကျန်အဓိက ကစားသမားတွေ အားလုံး ကတော့ ပါဝင်လာဖို့ ရှိပါတယ်။ ကက်စ်မဲရိုး မပါဝင်နိုင်တာက ယူနိုက်တက်ရဲ့ ကွင်းလယ်နဲ့ ခံစစ် အတွက် ကြီးမားတဲ့ ပြသနာ ဖြစ်ပြီး အာဆင်နယ် အနေနဲ့ အခွင့်အကောင်း ယူနိုင်ဖို့တော့ လိုအပ်ပါတယ်။ တန်ဟက်ဂ် ကတော့ ကတ်စ်မဲရိုး မပါလည်း နိုင်အောင် ကစားနိုင်တယ်လို့ ကြုံးဝါးထားသလို နည်းစနစ် ဆရာ အာတေတာ ကလည်း အနိုင် ၃ မှတ် ယူမယ်လို့ ပြောထားပါတယ်။

ဒီပွဲ မတိုင်ခင် ပရီးမီးယားလိဂ် အမှတ်‌ပေးဇယား အဆင့် ၂ နေရာက မန်စီးတီးတို့ စပါးကို အနိုင်ယူပြီး ၅ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးနေလို့ အာဆင်နယ်တို့ အနိမ့်ဆုံး သရေ ၁ မှတ် ရအောင် ကစားဖို့ လိုအပ်ပါတယ်။ ယူနိုက်တက် ကလည်း ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန်မှာ ပဲလေ့စ်နဲ့ မထင်မှတ်ပဲ အမှတ်ခွဲယူခဲ့ရလို့ ရမှတ် ကွာဟချက်ကို တတ်နိုင်သမျှ လျှော့ချဖို့ သေချာ အာရုံစိုက် ကစားပါလိမ့်မယ်။ တစ်ချက် ရှိတာက တန်ဟက်ဂ်ရဲ့ အသင်းက ပွဲပန်းနေပုံရပြီး အန်းမရိတ်စ်မှာ နောက်ဆုံး ၄ ပွဲဆက် အနိုင်မရမှုကို အဆုံးသတ်နိုင်ပါ့မလား စိုးရိမ်စရာတော့ ရှိပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

အာဆင်နယ် – ရမ်းစ် ဒေးလ်၊ ဘန် ၀ှိုက်၊ ဆယ်လီဘာ၊ ဂါဘရီရယ်၊ ဇင်ချန်ကို၊ ရှာကာ၊ သောမတ်စ် ပါတေး၊ အိုဒီဂတ်၊ ဆာကာ၊ အန်ကီတီယာ၊ မာတင်နယ်လီ

မန်ချက်စတာယူနိုက်တက် – ဒက်ဟဲယား၊ ဝမ်ဘစ်ဆာခါ၊ ဗာရန်း၊ မာတီနက်ဇ်၊ လုခ် ရှော၊ အဲရစ်ဆန်၊ ဖာနန်ဒက်စ်၊ ဖရက်ဒ်၊ မာစီရယ်၊ အန်တိုနီ၊ ရက်ရှ်ဖို့ဒ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပရီးမီးယားလိဂ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲစီ အနိုင်ထားကြပြီး ၂ ပွဲ သရေကျခဲ့ပါတယ်။ အာဆင်နယ် အိမ်ကွင်း နောက်ဆုံး ၄ ပွဲဆက် ယူနိုက်တက်တို့ နိုင်ပွဲ မရှိခဲ့ဘဲ ၁ ပွဲသာ သရေကျခဲ့ပြီး ၃ ပွဲ ရှုံးခဲ့ပါတယ်။ အာဆင်နယ်က အမှတ်ပေးပွဲ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ အနိုင်ရခဲ့ပြီး ၂ ပွဲ ဂိုးပေါ်ခဲ့ပါတယ်။ ယူနိက်တက် ကတော့ အမှတ်ပေးပွဲ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ နိုင် ၁ ပွဲ သရေကျပြီး ၃ ပွဲ အထိ ဂိုးပေါ်ခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

1X2 မှာတော့ အာဆင်နယ် နိုင်ရင် ၁.၉၁ ဆ၊ ယူနိုက်တက် နိုင်ရင် ၃.၈ ဆ အထိ ရမှာပါ။ Handicap မှာ အာဆင်နယ်က သရေ အရှုံး ပေးထားပြီး ဂိုးပေါင်း ကတော့ ၂ လုံး အရှုံးပါ။ လက်ရှိမှာ နှစ်သင်းစလုံးက အကောင်းဆုံး အနေအထား ရနေပေမယ့် အာဆင်နယ်က အိမ်ကွင်း အားသာချက် ရှိသလို ကက်စ်မဲရိုး မပါတဲ့ ယူနိုက်တက်ကြောင့်လည်း အခွင့်သာနေပါတယ်။ စိတ်ဓာတ်ပိုင်း အရလည်း ၂ သင်းစလုံး အကောင်းဆုံး ဖြစ်နေပေမယ့် အာဆင်နယ်က Peak Form ရနေလို့ နည်းနည်းလေး ပိုသာပါတယ်။ ဒီပွဲ ကိုတော့ အိမ်ရှင် အာဆင်နယ် နဲ့ပဲ စွန့်စားစေချင်ပါတယ်။ အာဆင်နယ် ကိုပဲ ရွေးချယ်ရမှာပါ။


ခန့်မှန်းရလဒ်

အာဆင်နယ် ၂-၁ မန်ချက်စတာယူနိုက်တက်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်