နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Olympics 2024 Daily Missions July to August – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အပြန်အလှန် သွင်းဂိုးတွေနဲ့ ကြည့်ကောင်းဦးမယ့် မြောက်လန်ဒန်ဒါဘီ | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

အာဆင်နယ် – တော့တင်ဟမ်ဟော့စပါး 

ဒီတစ်ပတ် စူပါဆန်းဒေး ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ပွဲစဉ် တဖြစ်လဲ လန်ဒန်ဒါဘီ အဖြစ် အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ အန်းမရိတ်စ်မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ရာသီ အစမှာ ပုံစံကောင်း ကိုယ်စီ ရရှိနေပြီး နှစ်သင်းစလုံး ရှုံးပွဲလည်း မရှိသေးတာကြောင့် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေတာ ဖြစ်ပါတယ်။ တွေ့ဆုံချိန်တိုင်း ပေါက်ကွဲအား ပြင်းပြင်းနဲ့ ဂုဏ်သိက္ခာ အတွက်လည်း အားစိုက်ကစားကြလေ့ ရှိတာကြောင့်လည်း အပြန်အလှန် သွင်းဂိုးတွေနဲ့ အတူ ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်လာဦးမလား ဆိုတာ စောင့်ကြည့်ရမှာပါ။

လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နဲ့ ၄ နေရာမှာ ရမှတ်တူနဲ့ ရပ်တည်နေကြတဲ့ အသင်းတွေလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရှိနေတဲ့ တော့တင်ဟမ်ဟော့စပါး

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ၂၀၁၄ ခုနှစ်နောက်ပိုင်း တော့တင်ဟမ်ဟော့စပါး အိမ်ကွင်းမှာ ပထမဆုံး နိုင်ပွဲ ရယူနိုင်ခဲ့သလို ခါးသီး မြောက်လန်ဒန် ပြိုင်ဘက်ကို ၂ ကျော့စလုံး အနိုင်ရရှိထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီရာသီ မှာတော့ စပါးက နည်းပြသစ် အန်ဂီ ပိုစတီကိုဂလူ လက်အောက်မှာ အကောင်ဆုံး ပုံစံ ရရှိနေပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နဲ့ ၄ နေရာမှာ ရမှတ်တူနဲ့ ရပ်တည်နေကြတဲ့ အသင်းတွေလည်း ဖြစ်ပါတယ်။


နှစ်ဖက်အသင်း သတင်းများ

မီခဲလ် အာတေးတားက တနင်္ဂနွေနေ့ မြောက်လန်ဒန် ဒါဘီ ပွဲစဉ် အတွက် ခေါင်းကိုက်စရာ အနည်းငယ် ရှိတယ်လို့ ဝန်ခံထားခဲ့ပါတယ်။ ဂါဘရီယဲလ် မာတီနယ်လီ ဒဏ်ရာရရှိနေတာကြောင့် ထရော့ဆက်ဒ်ပဲ ပွဲထွက်သွားမှာ ဖြစ်ပြီး ပီအက်စ်ဗွီနဲ့ ပွဲက ပွဲထွက်လူစာရင်း အတိုင်း ပွဲထွက်လာနိုင်ပါတယ်။

စပါး ဘက်မှာတော့ အိုင်ဗန် ပါရီဆစ်က လေ့ကျင့်ရေးမှာ ရှုပ်ထွေးတဲ့ ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကြေညာခဲ့ပြီး ယခုရာသီကုန်အထိ လွဲချော်ဖွယ် ရှိပါတယ်။ ဘန်တန်ကာ ကလည်း ဖေဖော်ဝါရီလ ကတည်းက ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး ဘရိုင်ယန် ဂီးလ် ကလည်း အောက်တိုဘာလ မတိုင်ခင် အထိ ပြန်ကစားပေးနိုင်ဦးမှာ မဟုတ်တာက လွဲရင် တခြား ဒဏ်ရာ ပြဿနာ စိုးရိမ်စရာ များများစားစား မရှိပါဘူး။

ပရီးမီးယားလိဂ်
ချဲလ်ဆီး
အက်စတန် ဗီလာ
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဖြစ်နိုင်ဖွယ် လူစာရင်း 

အာဆင်နယ် – ရာယာ၊ ဝှိုက်၊ ဆလီဘာ၊ ဂါဘရီယဲလ်၊ ဇင်ချန်ကို၊ ရိုက်၊ ဟာဗတ်ဇ်၊ အိုဒီဂတ်၊ ဆာကာ၊ ဂျေဆုစ်၊ ထရော့ဆက်ဒ်

တော့တင်ဟမ်ဟော့စပါး – ဗီကာရီယို၊ ပေါ်ရို၊ ရိုမဲရိုး၊ ဗန်ဒန်ဗင်၊ အူဒိုဂီ၊ ဘစ်ဆူးမား၊ ဆား၊ မက်ဒီဆင်၊ ကူလူဆက်ဗ်စကီး၊ ဆွန်၊ ဆော်လမွန်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

အာဆင်နယ်နဲ့ စပါးတို့ဟာ ၃၁ ကြိမ် တွေ့ဆုံခဲ့ရာမှာ အာဆင်နယ်က ၁၃ ပွဲ နိုင် ၇ ပွဲ သရေ စပါး ၁၁ ပွဲ နိုင်ခဲ့ပြီး စပါးဟာ ၂၀၁၀ နိုဝင်ဘာ နောက်ပိုင်းကတည်းက အမ်းမရိတ်စ်မှာ လိဂ်နိုင်ပွဲ မရရှိတော့တာ ဖြစ်ပါတယ်။ အာဆင်နယ်က နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ၄ ပွဲ နိုင် ၁ ပွဲ သရေကျခဲ့ပြီး စပါး က ၄ ပွဲ နိုင် ၁ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ 1X2 မှာ အာဆင်နယ် နိုင်ရင် ၁.၆၈ ဆ၊ စပါး နိုင်ရင် ၄.၀၀ ဆနဲ့ သရေ ဆိုရင် ၃.၉၅၃ ဆပါ။ Handicap မှာ အာဆင်နယ်က သရေ အရှုံးပေးထားကာ ဂိုးပေါင်းက ၃ လုံး သရေ ဖြစ်နေပါတယ်။ မြောက်လန် ဒန်ဒါဘီ ဖြစ်လို့ အကြိတ်အနယ် ဖြစ်မှာ သေချာပြီး အာဆင်နယ်ကွင်းမှာ နောက်ဆုံး ၂ ကြိမ် ဆက်တိုက် ၃-၁ နဲ့ချည်း အာဆင်နယ်က အနိုင်ရခဲ့ပါတယ်။ လက်ရှိ ခြေစွမ်းမှာ နှစ်သင်းစလုံးက ကောင်းမွန်နေပြီး အာဆင်နယ် တော်တော်လေး ကန်ယူရမှာတော့ သေချာပါတယ်။ ဂိုးရအောင် သွင်းနိုင်တဲ့ အသင်းတွေ ဖြစ်လို့ ၁-၁ ဆိုတဲ့ ရလဒ် ကနေ ကြည့်ရမယ့် ပွဲပါပဲ၊ ဂိုးပေါ် ကိုပဲ ရွေးချယ်ချင်ပါတယ်။


ခန့်မှန်းရလဒ်

အာဆင်နယ် ၃-၂ တော့တင်ဟမ်ဟော့စပါး 

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်