မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်ဒို ပေးခဲ့တဲ့ လက်ဆောင်နှစ်ခုကို ဘယ်သူမှ အထိမခံဘဲ သိမ်းဆည်းထားကြောင်း ဖွင့်ဟ ပြောကြားလိုက်ပါတယ်။ ရော်နယ်ဒို ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာ ရှိစဉ်တုန်းက သူတို့ နှစ်ဦး အကြား အဆင်မပြေဖြစ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်း မှာတော့ ရော်နယ်ဒိုနဲ့ ရက်ရှ်ဖို့ဒ် အကြား ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့ပုံ ရပြီး ရော်နယ်ဒိုက ရက်ရှ်ဖို့ဒ်ကို လက်ဆောင် နှစ်ခု ပေးခဲ့ဖူးပါတယ်။
ပထမတစ်ခု ကတော့ ရော်နယ်ဒို လက်မှတ် ရေးထိုးထားတဲ့ ရီးရဲလ်မက်ဒရစ် ဂျာစီပါ။ ဒီဂျာစီနဲ့ အတူ ရော်နယ်ဒိုက “မားကပ်စ် (ရက်ရှ်ဖို့ဒ်) အတွက်ပါ။ ခြေစွမ်းကောင်းကို ဆက်လက် ထိန်းသိမ်းထားပါ” ဆိုတဲ့ မက်ဆေ့ချ် ပေးပို့ခဲ့ပါတယ်။ နောက်တစ်ခု ကတော့ Nike ဘောကန်ဖိနပ် တစ်ရံ ဖြစ်ပြီး အရေအတွက် အကန့်အသတ်နဲ့ ထုတ်ဝေတဲ့ဖိနပ်လို့ သိရှိရပါတယ်။ ဒီဖိနပ်ရဲ့ နာမည် ကတော့ Nike Air Max 97 CR7 ဖြစ်ပြီး ရော်နယ်ဒိုရဲ့ ကစားသမားဘဝ အစနဲ့ သူ့မိခင်ရဲ့ ထောက်ပံ့ပေးမှုတွေကို ထင်ဟပ်စေတဲ့ ဒီဇိုင်းကို ပုံဖော်ထားပါတယ်။
ဒါတွေနဲ့ ပတ်သက်လို့ ရက်ရှ်ဖို့ဒ်က “ဘယ်သူမှ ရော်နယ်ဒို ပေးထားတဲ့ လက်ဆောင်တွေကို ထိလို့ မရပါဘူး။ သူက ကျွန်တော် အကြိုက်ဆုံး ကစားသမားတွေ ထဲက တစ်ယောက် ဖြစ်ပြီး သူ့ကစားပုံကို ကျွန်တော် သဘောကျပါတယ်၊ ဖိနပ် ကိုတော့ ကျွန်တော် စီးချင်ပေမယ့် အဲ့ဒီဖိနပ်သာ ပျက်စီးသွားခဲ့ရင် ကိုယ့်ကိုယ်ကိုယ် ဘာလုပ်မိမယ်မှန်း မသိပါဘူး။ အဲ့ဒီတော့ ဒါတွေကို သိမ်းဆည်းထားတာပဲ ကောင်းပါတယ်” လို့ ပြောကြားခဲ့တာပါ။
ပရီးမီးယားလိဂ် ကလပ်မှာ ဒုတိယအကြိမ် အဖြစ် ရော်နယ်ဒို လာကစားတော့ သူတို့က အသင်းဖော်တွေ ဖြစ်ခဲ့ပြီး ဆက်ဆံရေး သိပ်အဆင်မပြေခဲ့ဘူးလို့ သတင်းထွက်ခဲ့တာပါ။ ဒါပေမယ့် ဒါတွေက မဟုတ်မှန်ဘူး ဆိုတာကို ရက်ရှ်ဖို့ဒ်က အခု သက်သေပြလိုက်တာပါ။ GOAT ကြီးပေးထားတဲ့ လက်ဆောင်တွေကို သူ ဘယ်လိုတန်ဖိုးထားလဲ ဆိုတာ ထုတ်ဖော် ပြောဆိုပြီး ပေါ်တူဂီသားက သူ့ အတွက်တော့ လေးစားအားကျစရာ ကစားသမား အဖြစ် ရှိနေတုန်းပဲလို့ပါ ပရိသတ်တွေကို ပြောပြလိုက်တာနဲ့ အတူတူပါပဲ။
ရော်နယ်ဒိုနဲ့ အသင်းဖော်တွေ အဖြစ် ရှိနေချိန်မှာ သူက ပေါ်တူဂီသား ဆီကနေ အနီးကပ် သင်ကြား လေ့လာမှုတွေ လုပ်နိုင်ခဲ့ပါတယ်။ ရော်နယ်ဒို ကိုယ်တိုင် ကလည်း လူငယ်ကစားသမားတွေကို သူ သိထားတာတွေကို ပြောပြ၊ သင်ကြားပေးခဲ့တယ်လို့ ဖွင့်ဟဖူးပါတယ်။ ဒီတော့ သူတို့ အကြားမှာ ပြသနာတွေ ရှိခဲ့တယ် ဆိုတဲ့ ကောလဟလတွေက မဟုတ်မှန်ဘူး ဆိုတာကို အင်္ဂလန် အတွက် ကစားပေးဖို့ ရှိနေချိန်မှာ ရက်ရှ်ဖို့ဒ်က ဖြေရှင်းလိုက်တယ်လို့ ယူဆရပါတယ်။
ဒီရာသီ မှာတော့ ရက်ရှ်ဖို့ဒ် တယောက် ပရီးမီးယားလိဂ် ထိပ်သီး ကလပ် အတွက် ခြေစွမ်းမပြနိုင် ဖြစ်နေပြီး ဝေဖန်ခံနေရပါတယ်။ သူက ရော်နယ်ဒို ကစားတဲ့ တောင်ပံ တိုက်စစ်နေရာမှာ ကစားပြီး သူ့ကစားဟန်တွေမှာဆို ရော်နယ်ဒိုရဲ့ အငွေ့အသက်တွေ ပါဝင်နေတယ် ဆိုတာ အားလုံး တွေ့ခဲ့ကြရပါတယ်။ အကောင်းဆုံး ပုံစံ ပြန်ရလာဖို့ အတွက်လည်း သူ အားထုတ်နေပေမယ့် အခုထက်ထိတော့ အရာမထင်လာသေးပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.