နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အက်စတီဗိုဟာ ပါရမီရှင် ဖြစ်လာမယ်လို့ ဟောကိန်းထုတ်လိုက်တဲ့ နေမာ | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်း ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဘရာဇီးလ် လူငယ် ကြယ်ပွင့်လေး အက်စတီဗို ဝီလီယံကို ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ အသက် ၁၇ နှစ် အရွယ် ညာတောင်ပံ ကစားသမားလေးဟာ ပါးလ်မီးရက်စ် ကနေ ယူရို ၃၄ သန်းနဲ့ ပရီးမီးယားလိဂ် ကလပ်ကို ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။ ဒီကစားသမားနဲ့ ပတ်သတ်လို့တော့ ဘရာဇီးလ် ကွင်းလယ်လူ နေမာ ဂျူနီယာက အက်စတီဗို အနေနဲ့ ပါရမီရှင် တစ်ဦး ဖြစ်လာလိမ့်မယ်လို့ ချီးကျူးစကား ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီး အနေနဲ့ အက်စတီဗီု အသက် ၁၈ နှစ် ပြည့်ပြီးနောက် စတန်းဖို့ဒ်ဘရစ်ချ်ကို ခေါ်ယူဖို့ အတွက် ပါးလ်မီးရက်စ်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းအပတ်က ကြေညာခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီး အနေနဲ့ အက်စတီဗို အတွက် ကနဦး ပေါင် ၂၉ သန်း (ယူရို ၃၄ သန်း) ပေးချေရမှာ ဖြစ်ပြီး စာချုပ်ထဲမှာတော့ ကစားသမားရဲ့ စွမ်းဆောင်ရည်ပေါ် မူတည်ပြီး ထပ်ပေါင်း ဆုကြေးတွေလည်း ပေးချေရမှာ ဖြစ်ပါတယ်။

လာမယ့် ဧပြီလမှာ အသက် ၁၈ နှစ် ပြည့်မယ့် အက်စတီဗီုက ပါးလ်မီးရက်စ် စီနီယာ အသင်းကြီးမှာ ပွဲပေါင်း ၂၄ ပွဲသာ ကစားခဲ့ရပေမယ့်လည်း သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေနဲ့ အလားအလာတွေကြောင့် ချဲလ်ဆီးက အရ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အက်စတီဗိုရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ ယုံကြည်နေသူတွေထဲမှာ နေမာ လည်း အပါအဝင် ဖြစ်ပြီး ဘရာဇီးလ်ရဲ့ အတောက်ပဆုံး ငယ်ရွယ်တဲ့ ပါရမီရှင် တစ်ဦးလို့ ယူဆနေတာ ဖြစ်ပါတယ်။

“အက်စတီဗိုက ဘရာဇီးလ် ဘောလုံးမှာ ထူးချွန် ထက်မြက်သူ တစ်ဦးလို့ ကျွန်တော် ထင်ပါတယ်။ သူက ပါရမီရှင် တစ်ယောက် ဖြစ်လာလိမ့်မယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်။” လို့ ၃၂ နှစ် အရွယ် အယ်လ်ဟီလယ် အသင်းရဲ့ ဘရာဇီးလ် ဂန္ထဝင်ကစားသမားက မီဒီယာတွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တောင်အမေရိကရဲ့ ဆယ်ကျော်သက် ကြယ်ပွင့်တွေကို အသက်မပြည့်ခင် ကတည်းက ခေါ်ယူ စုဆောင်းခြင်းဟာ ဥရောပ ကလပ်တွေရဲ့ အပြောင်းအရွှေ့ ဗျူဟာ တစ်ခုလည်း ဖြစ်ပါတယ်။ ဒီအထဲမှာ ချဲလ်ဆီး ကလည်း အပါအဝင် ဖြစ်ပြီး လန်ဒန် ကလပ်ဟာ ၂၀၂၃ ခုနှစ် မှာလည်း ဘရာဇီးလ်သား ၃ ဦးဖြစ်တဲ့ ဒိုင်ဗစ် ဝါရှင်တန်၊ အန်ဒရီ ဆန်းတို့စ်နဲ့ အိန်ဂျယ်လို ဂါဘရီရယ် တို့ကို ခေါ်ယူထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးက အီကွေဒေါ ကြယ်ပွင့် ကန်ဒရီ ပေ့ဇ် ကို ၂၀၂၅ ခုနှစ်မှာ ခေါ်ယူသွားမှာ ဖြစ်သလို ၁၉ နှစ်သား ဘိုကာဂျူနီယာ နောက်ခံလူ အာရွန် အန်ဆယ်မီနိုနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်း ကတော့ အခုရက်ပိုင်း အတွင်းမှာပဲ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ခြေလှမ်း ခပ်စိတ်စိတ်နဲ့ လှုပ်ရှားနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ တော့ဒ် ဘိုလေရဲ့ အသင်းက အက်စတွန်ဗီလာ ကွင်းလယ် တိုက်စစ် ကစားသမားလေး ကယ်လီမန်းကို ခေါ်ယူထားနိုင်ခဲ့ပြီး ဒီပုံအတိုင်း ဆိုရင်တော့ ဘာစီလိုနာက ဂူရီ ကိုပါ တစ်ပါတည်း ခေါ်ယူသွားနိုင်ဖို အခြေအနေကောင်းနေပြီလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးရဲ့ ဒီနွေရာသီ ပထမဦးဆုံး ခေါ်ယူမှု ကတော့ ဖူလ်ဟမ်က တိုဆင် အဒါရာဘိုင်အိုယို ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်