နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ထိပ်ဆုံး ရောက်ဖို့ တစ်ဆင့်ချင်း တက်လှမ်းရမယ့် နယူးကာဆယ် | ပရီးမီးယားလိဂ်

countdown banner

အသင်း တစ်သင်းက အဆင့်တစ်ဆင့်၊ Class တစ်ခုကို ရောက်လာဖို့ ဆိုရင် တည်ဆောက်ရတဲ့ Factor ပေါင်း မြောက်မြားစွာ ရှိပါတယ်။ ဒါကို လစ်ဗာပူးလ်လည်း နေ့ချင်းညချင်း ပြန်မရှာဖွေနိုင်ခဲ့သလို အစိမ်းသက်သက် ဖြစ်ခဲ့တဲ့ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး တို့လည်း တစ်ရာသီတည်းနဲ့ မရခဲ့ပါဘူး။

အခု နယူးကာဆယ် ကြုံတွေ့နေရတဲ့ ပြဿနာက အဲ့ဒါပါ။ ပြီးခဲ့တဲ့ ရာသီမှာ ပြောင်မြောက်လွန်းတဲ့ ခြေစွမ်းတွေနဲ့ အတူ မန်စီးတီး၊ အာဆင်နယ်၊ ယူနိုက်တက် တို့နဲ့ အတူ ချန်ပီယံလိဂ် ဝင်ခွင့် ရခဲ့တယ်။ ဒီရာသီမှာလည်း အစောပိုင်းမှာ လူရိုသေ၊ ရှင်ရိုသေ ခြေစွမ်းမျိုး ပြသခဲ့တယ်။

ယုတ်စွအဆုံး ပီအက်စ်ဂျီလို အသင်းမျိုး ကိုတောင် ၄-၁ နဲ့ ချန်ပီယံလိဂ်မှာ နိုင်ခဲ့သေးတယ်။ ဒါပေမယ့် အချို့အရာတွေက ဘောလုံး လောကမှာ ရံဖန်ရံခါ ဖြစ်တတ်တဲ့ ကိစ္စတွေ ဖြစ်ပြီး နယူးကာဆယ်က ဒါတွေကို ဖြစ်ပျက်ခဲ့တယ်လို့ ဆိုရမယ်။ ပြောရရင် ဒီအသင်းက အက်စတွန်ဗီလာ လောက်တောင် တည်ငြိမ်မှု ရှိတဲ့အသင်း၊ Identity ကောင်း၊ Character ကောင်းကို တည်ဆောက်ထားနိုင်တဲ့ အသင်း ဖြစ်မနေသေးပါဘူး။ ဗီလာကို အရမ်း Hype နေတာမျိုး မဟုတ်ပေမယ့် သူတို့ ပိုင်ဆိုင်ထားတဲ့ နည်းပြရဲ့ အရည်အချင်း၊ ကစားဟန်၊ Atmosphere အစရှိတာတွေက နယူးကာဆယ်ထက် ပိုသာတယ်လို့ မြင်ပါတယ်။

လက်စတာလို ကံကောင်းပြီး ပရီးမီးယားလိဂ် ချန်ပီယံ ထဖြစ်ရင်တော့ တစ်မျိုးပေါ့။
ဒဏ်ရာပြသနာ များပြားနေမှုနဲ့ အတူ ရှုံးပွဲတွေ ဆက်နေတဲ့ နယူးကာဆယ်

ကစားသမား တစ်ယောက်ချင်းစီမှာ မြင်တွေ့ရတဲ့ အရည်အသွေးအချို့ ကလည်း ကောင်းမွန်ပြီး အသင်းလိုက် ကစားဟန် တက်လာတာနဲ့ အမျှ ဒါက ပိုထင်ရှားလာပါတယ်။ နယူးကာဆယ် ကတော့ ဒီလိုမဟုတ်ပါဘူး။ အသင်းလိုက် ရုန်းအား ကောင်းနေလို့သာ ဟိုလူက ဒီပွဲ ထင်ပေါ်လိုက်၊ ဒီလူက ဟိုပွဲ ထင်ပေါ်လိုက် ပုံစံမျိုးနဲ့ သွားနေတာပါ။ အခု နောက်ဆုံး ကစားသွားတဲ့ နှစ်ပွဲ ဆက်တိုက်ကို ကြည့်လိုက်ရင် ဒါက သိသာပါတယ်။ အာဆင်နယ်၊ ချဲလ်ဆီး၊ ယူနိုက်တက် တို့ကို အနိုင်ယူထားတဲ့ ဒီအသင်းက ဒဏ်ရာရ ကစားသမားတွေ များလာတာနဲ့ ယိုင်ထွက်သွားပါတယ်။ ဒါကို ထိန်းကျောင်းနိုင်တဲ့ အရည်အချင်းနဲ့ ကစားသမား ရင်းမြစ်မျိုး အက်ဒီ ဟောင်းဆီမှာ မရှိပါဘူး။

ထရစ်ပီယာ တစ်ယောက် ဒဏ်ရာရ ကစားသမားတွေ များနေတယ် ဆိုပြီး ပရိသတ်တွေနဲ့ စကားများခဲ့တာ အလကား မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလို အနေအထားမျိုးနဲ့ပဲ အနိုင်ကန်ခဲ့တဲ့ ပွဲတွေ ရှိပါတယ်။ ဒါကို အသိအမှတ်ပြုပါတယ်။ တစ်ဖက်မှာလည်း ရှုံးပွဲတွေ ကြုံလာတဲ့အခါ၊ ခြေစွမ်းနဲ့ ရလဒ် မကောင်းတဲ့အခါ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရမှာ ကိုလည်း သိရပါမယ်။ နယူးကာဆယ်က အသင်းကြီး တစ်သင်း ဖြစ်လာဖို့ လုံလောက်တဲ့ Maturity မရှိသေးပါဘူး။ ဒါကို ရိုက်သွင်းပေးမယ့် နည်းပြမျိုးလည်း မရှိပါဘူး။ အက်ဒီဟောင်း လက်ရှိအချိန်အထိ စွမ်းဆောင်ခဲ့သမျှကို Credit ပေးနိုင်ပါတယ်။ ဒါပေမယ့် သူက နယူးကာဆယ်ကို အခုထက် ပိုမိုမြင့်မားတဲ့ အဆင့်တစ်ခုဆီ ဆွဲခေါ်သွားနိုင်မယ့် နည်းပြမျိုး မဟုတ်ပါဘူး။ ဒီအချက်တွေကို ကောင်းကောင်း နားလည်ထားပြီး နယူးကာဆယ် အပေါ် မျှော်လင့်ချက်တွေကို လျှော့ချရပါမယ်။

သူတို့ရဲ့ အဓိက ပစ်မှတ်ဟာ ပရီးမီးယားလိဂ် ထိပ်ဆုံး လေးသင်း နေရာ ဆိုတာပဲ ဖြစ်ရပါမယ်။ အဲဒီထက် ပိုလို့ မရသေးပါဘူး။ ကစားသမား အစုအဖွဲ့ ကလည်း အဲဒီထက် ပိုပြီး မလုပ်ပြနိုင်ဘူး ဆိုတာက သိသာပါတယ်။ လက်စတာလို ကံကောင်းပြီး ပရီးမီးယားလိဂ် ချန်ပီယံ ထဖြစ်ရင်တော့ တစ်မျိုးပေါ့။ အဲလို အခြေအနေ မရှိရင်တော့ နယူးကာဆယ်ကို တဆင့်ချင်းစီ မျှော်လင့်တာက အကောင်းဆုံးပါပဲ။ အချိန်ပေးရမယ်၊ အချိန်ယူ တည်ဆောာက်ရမယ်၊ ကစားသမား အရင်းအမြစ်ကို ကိုယ့်အသင်း ဆီကနေ နှိုက်ထုတ်လို့ ရမယ့် အဆင့်မျိုး ဖြစ်လာအောင် လုပ်ရပါလိမ့်မယ်။ ဒါမှ ရေရှည်အတွက်ပါ သူတို့ အဆင်ပြေမှာပါ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်