နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရာမို့စ်ကို ခေါ်ယူဖို့ စီစဉ်နေတဲ့ နယူးကာဆယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ကတော့ အသင်း လက်မဲ့ ဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ် နောက်ခံလူဟောင်း ဆာဂျီယို ရာမို့စ်ကို တစ်နှစ်ခွဲ စာချုပ်နဲ့ ခေါ်ယူဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်လျက် ရှိပါတယ်။ 

ဆာဂျီယို ရာမို့စ် ကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ အသင်းဟောင်း ရီးရဲလ်မက်ဒရစ် အနေနဲ့ ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ပြန်လည် လာရောက် ကစားလိုကြောင်း ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် ဘက်က ငြင်းဆန် ပယ်ချခဲ့တဲ့ အတွက် အသင်း လက်မဲ့ အဖြစ် ဆက်ရှိနေခြင်းလည်း ဖြစ်ပါတယ်။

စပိန် နာမည်ကြီး နောက်ခံလူဟောင်း ဆာဂျီယို ရာမို့စ် ကတော့ လက်ရှိမှာ အသက် ၃၈ နှစ် ရှိပြီ ဖြစ်ပြီး ၂၀၂၄ ခုနှစ် နွေရာသီ မှာတော့ ဆီဗီလာနဲ့ လမ်းခွဲပြီးနောက် အသင်း လက်မဲ့ ဖြစ်နေသူ ဖြစ်ပါတယ်။ ရာမို့စ် ကတော့ လက်ရှိမှာ ကစားသမား ဘဝ ကနေ အနားယူခြင်း မရှိသေးသလို၊ မေဂျာလိဂ်နဲ့ ဆော်ဒီပရိုလိဂ် ကလပ်တွေဆီလည်း သွားရောက် ကစားလိုခြင်း မရှိတဲ့ အတွက် ဥရောပကလပ် အသင်းတွေ ကမ်းလှမ်းမှု ကိုသာ စောင့်မျှော်နေတယ်လို့လည်း သိရပါတယ်။ 

လက်ရှိမှာ ခံစစ်ပိုင်း အားနည်းချက် များစွာနဲ့ ရင်ဆိုင်နေရတဲ့ နယူးကာဆယ် ကတော့ ရာမို့စ်ကို ၁၈ လ စာချုပ် အတွက် ယူရို ၁၀ သန်းနဲ့ စာချုပ်ချုပ်ဆိုဖို့ စီစဉ်နေတာလည်း ဖြစ်ကြောင်း သိရပါသည်။ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ကတော့ ရာမို့စ်ကို တစ်ပတ် လုပ်ခ လစာ ယူရို ၁ သိန်းကျော် ပေးချေသွားဖို့ စီစဉ်နေပြီးတော့ အသင်းရဲ့ လစာ အများဆုံး ကစားသမား ၁၀ ဦး စာရင်းမှာ ပါဝင်လာဖို့လည်း ရှိနေကြောင်း သိရပါတယ်။ 

ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ကတော့ ရာမို့စ်ကို တစ်ပတ် လုပ်ခ လစာ ယူရို ၁ သိန်းကျော် ပေးချေသွားဖို့ စီစဉ်နေပြီးတော့ အသင်းရဲ့ လစာ အများဆုံး ကစားသမား ၁၀ ဦး စာရင်းမှာ ပါဝင်လာဖို့လည်း ရှိနေကြောင်း သိရပါတယ်။
ရာမို့စ်ကို တစ်ပတ် လုပ်ခ လစာ ယူရို ၁ သိန်းကျော် ပေးချေ ခေါ်ယူဖို့ ရှိနေတဲ့ ရာမို့စ်

ရာမို့စ် ကိုတော့ နယူးကာဆယ် အပြင် တခြားသော ပရီးမီးယားလိဂ် ကလပ်တွေ ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်နေပါသေးတယ်။ ဒီကလပ်တွေ ကတော့ နယူးကာဆယ်နဲ့ အပြိုင် ကမ်းလှမ်းမှုတွေ ရှိလာနိုင်ကြောင်း စပိန် မီဒီယာတချို့က ဖော်ပြလျက် ရှိပါတယ်။ 

ဆာဂျီယို ရာမို့စ် ကတော့ လာလီဂါ ကလပ် ဆီဗီလာမှာ ကစားသမားဘဝ စတင်ခဲ့ပြီးတော့ ၂၀၀၅ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် မှာတော့ ၂၀၀၅ ခုနှစ် ကနေ ၂၀၂၁ ခုနှစ် အထိ ၁၆ ရာသီ အတွင်း ပွဲပေါင်း ၆၅၇ ပွဲ ကစားကာ ဂိုး ၁၀၀ သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပြီးတော့ ၅၈ ပွဲ ကစားကာ ၆ ဂိုး သွင်းယူခဲ့ပါတယ်။ ၂၀၂၃ စက်တင်ဘာလ မှာတော့ အသင်းဟောင်း ဆီဗီလာကို ပြန်လည် ပြောင်းရွှေ့ခဲ့ပြီး ၃၇ ပွဲ ကစားကာ ၇ ဂိုး သွင်းယူခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်