နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စိန့်ဂျိမ်းစ်ပါ့ခ်မှာ အကြိတ်အနယ် ကစားကြဦးမယ့် နယူးကာဆယ်နဲ့ စပါး | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

နယူးကာဆယ် – တော့တင်ဟမ်ဟော့စပါး

အခုတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အစောဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ပထမအကျော့ စပါး ကွင်းမှာ ဂိုးပြတ် အရေးနိမ့်ထားတဲ့ နယူးကာဆယ်တို့ အိမ်ကွင်းမှာ ရှုံးကြွေး ပြန်ဆပ်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

နယူးကာဆယ်က လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရှိနေပြီး ဥရောပဝင်ခွင့် တစ်နေရာ အတွက် တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။ ငှက်ကြားတွေဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာ ဖူလ်ဟမ်နဲ့ ၁-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး နိုင်ပွဲ ဆက်ရေး အားစိုက်လာမှာ ဖြစ်ပါတယ်။ နယူးကာဆယ်ဟာ ပထမအကျော့တုန်းကလည်း စပါးကို ဂိုးပြတ် အရှုံးပေးထားရလို့ ရှုံးကြွေး ပြန်ဆပ်ချင်နေမှာပါ။ နယူးကာဆယ်ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင် ၁၀ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၃ ပွဲ ရှုံးခဲ့ပြီး အိမ်ကွင်း စွမ်းဆောင်ရည် မဆိုးဘူးလို့ ပြောလို့ ရပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နော့တင်ဟမ်ဖောရက်စ်ကို ဂိုးပြတ် အနိုင်ရထားပြီး ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်ကို ဆက်လက် အသက်သွင်းနိုင်ခဲ့ပါတယ်။ စပါးဟာ လက်ရှိ အဆင့် ၄ နေရာမှာ ရှိနေပြီး အက်စတွန်ဗီလာနဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။ စပါးရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၆ ပွဲနိုင်၊ ၆ ပွဲ သရေ၊ ၃ ပွဲ ရှုံးထားပါတယ်။


နှစ်ဖက်အသင်း သတင်းများ

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ စပါးက ၃ ကြိမ် နိုင်ပြီး နယူးကာဆယ် ကတော့ ၂ ကြိမ် အနိုင်ရခဲ့ပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၄ နေရာမှာ ရှိနေတဲ့ စပါး

အခုပွဲကိုတော့ နယူးကာဆယ် ဘက်က ကစားသမား တော်တော်များများ လွဲချော်ဖို့ ရှိပြီး ပွဲပယ်ခံထားရတဲ့ တိုနာလီ အပြင် လစ်ဗာရာမန်တို၊ ဘော့တ်မန်း၊ ပုပ်၊ အဲလ်မီရွန်၊ မိုင်လီ၊ ထရစ်ပီယာ၊ ဝေးလ်လော့ခ်၊ ဂျိုးလင်တန်၊ လက်ဆဲလက်စ်၊ ဝီလ်ဆင် အပြင် တားဂတ် ကလည်း ပါဝင်ကစားဖို့ မသေချာသေးပါဘူး။

စပါး ဘက်မှာတော့ ဆက်ဆနွန်၊ ရစ်ချာလီဆင်၊ ဆော်လမွန်၊ ဖော်စတာ၊ ဝှိုက်မန်းတို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

နယူးကာဆယ် – ဒူဗရက်ဗ်ကာ၊ ရှား၊ ဘန်း၊ ခရက်ဖ်၊ ဟောလ်၊ ဂီမာရေးစ်၊ လောင်းစတက်ဖ်၊ ဘန်းစ်၊ မာဖီ၊ ဂေါ်ဒွန်၊ အိဆက်ခ်

တော့တင်ဟမ်ဟော့စပါး – ဗီကာရီယို၊ ဗန်ဒီဗန်၊ ရိုမဲယို၊ အူဒိုဂီ၊ ပေါ်ရို၊ ဘစ်ဆူးမား၊ ဆား၊ မက်ဒီဆင်၊ ဗာနာ၊ ဂျွန်ဆင်၊ ဆွန်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၂၆ ကြိမ် တွေ့ဆုံခဲ့ရာမှာ နယူးကာဆယ်က ၈ ကြိမ် နိုင်၊ စပါးက ၁၄ ကြိမ် နိုင်ပြီး ၄ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ စပါးက ၃ ကြိမ် နိုင်ပြီး နယူးကာဆယ် ကတော့ ၂ ကြိမ် အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင်တော့ နယူးကာဆယ်က ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲ ရှုံးခဲ့ပြီး စပါး ကတော့ ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ယူနိုက်တက် နိုင်ရင် ၄.၃၂ ဆ၊ တော့တင်ဟမ်ဟော့စပါး နိုင်ရင် ၁.၅၆ဆ၊ သရေ ဆိုရင်တော့ ၄.၃၃ ဆ ပေးထားပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးနဲ့ သရေ တစ်ဝက် ရှုံးကြေးတွေ ဖွင့်ထားပြီး ဂိုးပေါင်း ကတော့ နှစ်သင်းပေါင်း ၄ လုံး သွင်းမှ ပျော်ရွှင်ရမယ့် အခြေအနေပါ။ ဒီနှစ်သင်းက တွေ့ဆုံချိန်တိုင်းမှာ အကြိတ်အနယ် ရှိခဲ့ပြီး သရေကျတာလည်း ရှားပါတယ်။ လက်ရှိ ခြေစွမ်းအရ ပိုတည်ငြိမ်တဲ့ စပါးကို သဘောကျပါတယ်။ စပါး ဘက်မှာပဲ ရပ်တည်ထားချင်ပါတယ်။

ခန့်မှန်းရလဒ် နယူးကာဆယ် ၁-၂ တော့တင်ဟမ်ဟော့စပါး

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်