နယူးကာဆယ် ၁ – ၀ အက်စတွန်ဗီလာ
ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲက ရုန်းထွက်ဖို့ ကြိုးပမ်းနေတဲ့ နယူးကာဆယ် ကတော့ ထရစ်ပီယာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အက်စတွန်ဗီလာကို အနိုင်ယူပြီး နိုင်ပွဲ ဆက်ခဲ့ပါတယ်။ နယူးကာဆယ်တို့ ဆောင်းရာသီ အပြောင်းအရွှေ့ ကာလမှာ ခေါ်ယူခဲ့တဲ့ ကစားသမားတွေရဲ့ ခြေစွမ်းပြမှုနဲ့ အတူ ပုံစံကောင်း တစ်ခု ပြန်ရနေခဲ့တာ ဖြစ်ပြီး ဂျရတ်ရဲ့ အသင်း ကတော့ တိုက်စစ် အဆုံးသတ် လိုအပ်ချက်တွေကြောင့် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
နှစ်သင်းလုံး အကောင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီး ၄-၃-၃ ကစားကွက်ကိုပဲ အသုံးပြုသွားခဲ့ကြပါတယ်။ နယူးကာဆယ် ဘက်မှာ ခရစ္စဝုဒ်၊ စိန့်မက်ဆီမင်၊ ဖရေဆာ၊ ဝေးလ်လော့ခ်၊ ရှဲလ်ဗီ၊ ဂျိုးလင်တန်၊ ကီရင် ထရစ်ပီယာ၊ ရှား၊ ဒင်းန်ဘန်း၊ မန်ကီလို၊ ဒူဗရက်ဗ်ကာ တို့ ပါဝင်လာခဲ့ပြီး အက်စတွန်ဗီလာ ဘက်မှာတော့ ဝက်ကင်န်စ်၊ ကော်တင်ဟို၊ ဘူအန်ဒီရာ၊ ရမ်ဆေး၊ မက်ဂင်းန်၊ လူးဝစ်ဇ်၊ ဒစ်ဂ်နီး၊ မင်းဂ်စ်၊ ချမ်ဘာစ်၊ ကတ်ရှ်၊ မာတီနက်ဇ်တို့ ပွဲထွက်လာခဲ့ပါတယ်။
ကစားသမားသစ်တွေနဲ့ အတူ ပုံစံကောင်း ပြန်ရနေတဲ့ နယူးကာဆယ်တို့ အခုပွဲ မှာလည်း အက်စတွန်ဗီလာ ဘက်ကို ပွဲစကတည်း တရစပ် ထိုးဖောက် တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။ ဂျိုးလင်တန်၊ ထရစ်ပီယာ၊ ဝေးလ်လော့ခ် တို့ရဲ့ ဂိုးဧရိယာထဲ ကန်တင် ပေးပို့မှုတွေ ကတစ်ဆင့် တိုက်စစ်က ခရစ္စဝုဒ် အဆုံးသတ်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အက်စတွန်ဗီလာ နောက်တန်းရဲ့ ပိတ်ဆို့ တားဆီးမှုတွေကြောင့် ဂိုးရဖို့ ခက်ခဲနေခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် မိနစ် ၄၀ မှာတော့ နယူးကာဆယ်တို့ တစ်လုံးတည်းသော အနိုင်ဂိုး ရသွားခဲ့ပြီး ညာ နောက်ခံလူ ထရစ်ပီယာက အလွတ်တည်ကန်ဘော ကနေ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် အက်စတွန်ဗီလာတို့ ချေပဂိုး ရရှိရေး အစွမ်းကုန် အားစိုက်ခဲ့ပေမယ့် ဂိုးလွန်ဘောနဲ့သာ အဆုံးသတ်နေခဲ့သလို မိနစ် ၆၀ လောက်မှာ အိုလီဝက်ကင်န်စ် သွင်းယူခဲ့တဲ့ ဂိုးကိုလည်း VAR က လူကျွံဘော အဖြစ်သာ သတ်မှတ်ပေးခဲ့လို့ ဂျရတ်ရဲ့ အသင်း ကံဆိုးခဲ့ရတာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ နယူးကာဆယ်တို့ ဗီလာရဲ့ တိုက်စစ် လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ခဲ့ပြီး ထရစ်ပီယာရဲ့ အနိုင်ဂိုးကို မိနစ် ၉၀ ပြည့်တဲ့ အချိန်အထိ အကောင်းဆုံး ထိန်းသွားနိုင်ခဲ့လို့ ၁-၀ ရလဒ် နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။
ပွဲပြီးသုံးသပ်ချက်
ဒီနေ့ပွဲမှာလည်း နယူးကာဆယ်တို့ အမြင့်ဆုံး စိတ်ဓာတ်နဲ့ အတူ အသင်းကောင်း တစ်သင်း ဖြစ်တဲ့ အက်စတွန်ဗီလာကို ထပ်မံ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ စတင် တည်ဆောက်ကာစ ဖြစ်လို့ အသင်းလိုက် ကစားပုံမှာ လိုအပ်ချက်တွေ ရှိနေသေးပေမယ့် တန်းမဆင်း ရရေး အတွက် ကိုတော့ အကောင်းဆုံး ရုန်းပြသွားခဲ့ပြန်တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာ နယူးကာဆယ်တို့ ပရီးမီးယားလိဂ် ၃ ပွဲဆက် အနိုင်နဲ့ အတူ ရမှတ် ၂၁ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး တန်းဆင်းဇုန်ထဲက အသင်းတွေကို ၄ မှတ် ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ခြေစွမ်း တည်ငြိမ်စပြုလာပြီ ဆိုကာမှ တလွဲတွေ လုပ်ပြနေတဲ့ အက်စတွန်ဗီလာ ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိထားခဲ့ခြင်းနဲ့ အတူ အဆင့် ၁၂ နေရာကို ထပ်ကျသွားခဲ့ပြီလည်း ဖြစ်ပါတယ်။
လာမယ့်ပွဲစဉ်များ
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.