ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကတော့ အီဂျစ် တိုက်စစ်မှူး အိုမာ မာမွတ်ရှ်ကို ပြီးခဲ့တဲ့ ရက်ကပဲ ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီလို ခေါ်ယူပြီး နောက်မှာတော့ မာမွတ်ရှ်က သူ့ အနေနဲ့ မန်စီးတီးကို ပြောင်းရွှေ့ခွင့် ရခဲ့တဲ့ အတွက် ဂုဏ်ယူမိကြောင်း ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။
မန်စီးတီး ဟာ မာမွတ်ရှ် အတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၅၉ သန်း (ယူရိုသန်း ၇၀) ပေးချေခဲ့ရပြီးတော့ အပိုဆုကြေး ယူရို ၄ သန်းနဲ့ ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ မာမွတ်ရှ်ဟာ ပရီးမီးယားလိဂ် ကလပ် အတွက် လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ အတွင်း တတိယမြောက် ကစားသမား ခေါ်ယူမှုလည်း ဖြစ်ပါတယ်။ အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အီဂျစ် လက်ရွေးစင် တိုက်စစ် ကြယ်ပွင့် မာမွတ်ရှ်က မန်စီးတီးနဲ့ ၂၀၂၉ ခုနှစ် ဇွန်လ အထိ လေးနှစ်ခွဲ သက်တမ်းရှိတဲ့ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီကစားသမားဟာ အဓိက အထောင် တိုက်စစ် နေရာ အပြင် နောက်ချန်နဲ့ တောင်ပံ တိုက်စစ်နေရာတွေ မှာပါ ကစားနိုင်သူလည်း ဖြစ်တာကြောင့် မန်စီးတီးက အရ ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးနဲ့ လက်မှတ်ထိုး အပြီးမှာ မာမွတ်ရှ်က “မန်ချက်စတာစီးတီးက ပြီးခဲ့တဲ့ ၁၀ နှစ် အတွင်းမှာ ကမ္ဘာ့အင်အားအကြီးဆုံး အသင်းတွေ ထဲက တစ်သင်း ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် ဒါက မေးခွန်းထုတ်စရာတော့ မရှိပါဘူး။ မန်ချက်စတာစီးတီးကို ကိုယ်စားပြုခွင့် ရလို့ ကျွန်တော်နဲ့ ကျွန်တော့် မိသားစုတွေ အတွက်လည်း ဝမ်းသာ ဂုဏ်ယူမိပါတယ်။ အဲဒါက သူတို့ အတွက်ရော ကျွန်တော့် အတွက်ပါ ပျော်ရွှင်စရာ ကိစ္စ ဖြစ်ခဲ့ပါတယ်။ ကျွန်တော့် အိပ်မက်တွေ တကယ် ဖြစ်လာလို့လည်း ဝမ်းသာမိပါတယ်။ ပြီးခဲ့တဲ့ နှစ်ရာသီက အရမ်းကို ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့် အတွက်တော့ အခုမှ အစပဲ ရှိပါသေးတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
မာမွတ်ရှ်ဟာ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးမှာ ယာအို ကန်ဆယ်လို၊ ရာဟင်းမ် စတာလင်၊ ဂျိမ်းစ် မီလ်နာနဲ့ ရော်ဘီ ဖောင်လာတို့ ဝတ်ဆင်ခဲ့ဖူးတဲ့ ကျောနံပါတ် ၇ ကို ဝတ်ဆင် ကစားမှာလည်း ဖြစ်ပါတယ်။ မန်ချက်စတာစီးတီး အသင်း ကတော့ မာမွတ်ရှ် မတိုင်ခင်မှာ လန်းစ် နောက်ခံလူ အက်ဘ်ဒူကိုဒီရာ ကူဆာနော့ဗ်ကို ပေါင် ၃၄ သန်း၊ ပါးလ်မီးရက်စ် နောက်ခံလူ ဗစ်တာ ရိစ်ကို ပေါင် သန်း ၃၀ နဲ့ ခေါ်ယူထားခဲ့ပါတယ်။
မန်စီးတီးဟာ လက်ရှိ အချိန်ထိ ကစားသမား ၃ ဦးကို တရားဝင် ခေါ်ယူနိုင်ခဲ့ အပြီးမှာလည်း အေစီမီလန်ကို ကိုင်လ် ဝေါလ်ကာ နေရာ အတွက် ဂျူဗင်တပ်စ်က ကမ်ဘီယာဆိုကို ဆက်လက် ကြိုးပမ်းနေပြီး ခေါ်ယူနိုင်ဖို့လည်း ရှိနေပါတယ်။ ဒါ့အပြင် ဒဏ်ရာရနေတဲ့ ရိုဒရီရဲ့ နေရာ အတွက် ကွင်းလယ်လူ တစ်ဦးလည်း ထပ်မံ ခေါ်ယူသွားဖို့ ရှိနေကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.