ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး တောင်ပံ တိုက်စစ်ကစားသမား မီခိုင်လို မူဒရစ်ခ် ကတော့ ဆေးကျမှုကြောင့် ဘောလုံး ကစားခွင့် ယာယီ ပိတ်ပင်ခံထားရပြီ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ကစားသမား ကိုယ်တိုင် ကတော့ သူ့ အနေနဲ့ အမှားလုပ်ထားခြင်း မရှိကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။
သတင်းတွေ အရ ဆိုရင်တော့ မူဒရစ်ခ် ဆေးကျခဲ့တဲ့ တားမြစ်ဆေးဟာ နာမည်ကျော် ရုရှား တင်းနစ်မယ်ဟောင်း ရှာရာပိုဗာ သုံးစွဲခဲ့ပြီး ၂ နှစ် ပွဲပယ်ခံခဲ့ရတဲ့ Meldonium ဆိုသည့် ဆေးဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA) က ယူကရိန်း လက်ရွေးစင် တောင်ပံကစားသမား မူဒရစ်ခ်က ဆေးစစ်ရာမှာ ဆီးအတွင်းမှာ တားမြစ်ဆေး သုံးစွဲထားတာကို တွေ့ရှိခဲ့ရတယ်လို့ အကြောင်းကြားခဲ့ကြောင်း ချဲလ်ဆီး ဘက်က ဒီဇင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် (FA) ရဲ့ စည်းကမ်းအရ ကစားသမား တစ်ဦး အနေနဲ့ တားမြစ်ဆေး စစ်ဆေးမှုမှာ Positive ပြရင်တော့ ဘောလုံးကစားခွင့် ယာယီ ပိတ်ပင်ခံရမယ်လို့ ဖော်ပြထားရာမှာ မူဒရစ် အနေနဲ့ ဘောလုံး ကစားခွင့် ရရှိဦးမှာ မဟုတ်ပါဘူး။ ချဲလ်ဆီးက မူဒရစ်ခ် ဆေးကျမှုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပြီးတော့ မူဒရစ်ခ် ကတော့ သူ့ အနေနဲ့ တားမြစ်ဆေး သုံးစွဲကြောင်း သိရှိခြင်း မရှိထားသလို FA ကနေ ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို ဖောက်ဖျက်ခြင်း မရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
မူဒရစ် ကတော့ “FA က ကျွန်တော့်ကို တားမြစ်ထားတဲ့ ဆေးသုံးစွဲတယ် ဆိုပြီး အကြောင်းကြားခဲ့တာကို ကျွန်တော် အတည်ပြုနိုင်ပါတယ်။ အဲဒီအရာက ကျွန်တော့်ကို လုံးဝ အံ့သြ တုန်လှုပ်စေခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ ဘယ်တုန်းကမှ တားမြစ်ဆေး သုံးစွဲကြောင်း သိရှိခဲ့ခြင်း မရှိသလို၊ စည်းမျဉ်းတွေ ကိုလည်း ဖောက်ဖျက်ခဲ့ခြင်း မရှိပါဘူး။ ဘာကြောင့် ဒီလိုဖြစ်တယ် ဆိုတာကို အသင်းနဲ့ အတူ ကျွန်တော့် အနေနဲ့ ရှာဖွေသွားမှာပါ။ ကျွန်တော့် အနေနဲ့ ဘာအမှားမှ မလုပ်ထားဘူး ဆိုတာကို ကျွန်တော် သိပါတယ်။ မကြာခင် ဘောလုံး ပြန်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။” လို့ သူ့ရဲ့ Inatagram ပေါ်မှာ ရေးသားထားခဲ့ပါတယ်။
လက်ရှိ မှာတော့ မူဒရစ်ခ် ဆေးကျခဲ့တာနဲ့ ပတ်သတ်ပြီး သူသုံးစွဲခဲ့တဲ့ တားမြစ်ဆေးကို FA ဘက်က ထုတ်ပြန်ခဲ့ခြင်း မရှိသေးပါဘူး။ လက်ရှိမှာ အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မူဒရစ်ခ်က ၂၀၂၃ ခုနှစ်မှာ ရှက်တာဒိုးနက် ကနေ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးကို ယူရို သန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။ မူဒရစ်ခ်ဟာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အတွက် နိုဝင်ဘာ ၂၈ ရက်က နောက်ဆုံး ကစားခဲ့ပြီးတော့ နောက်ဆုံး ၅ ပွဲဆက် လွဲချော်ထားပါတယ်။ FIFA ရဲ့ စည်းမျဉ်းအရ ဆိုရင် တားမြစ် ဆေးသုံးစွဲသည့် ကစားသမား အနေနဲ့ ၄ နှစ် အထိ ပွဲပယ်ခံရနိုင်တယ်လို့ သိရပါတယ်။ မူဒရစ်ခ်ဟာ ဒီကိစ္စ မတိုင်ခင် ကလည်း ပုံမှန် ခြေစွမ်းမပြနိုင်တာကြောင့် အငှားနဲ့ အသင်း ပြောင်းရွှေ့ရဖို့ များနေသူလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.