အာဆင်နယ် အာဆင်နယ် အနေနဲ့ လာမယ့် ဆောင်းရာသီ ဈေးကွက်ကို တက်တက်ကြွကြွ စောင့်ကြည့်နေဖို့ မဖြစ်မနေ လိုအပ်နေပြီ ဖြစ်ကြောင်း နည်းပြ မီခဲလ် အာတေးတားက ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နွေရာသီက ပရီးမီးယားလိဂ်မှာ ငွေသုံးကြမ်းခဲ့တဲ့ ထိပ်တန်း ကလပ် တစ်ခု ဖြစ်ခဲ့ပြီး ကစားသမား ၈ ဦး အတွက် ပေါင်သန်း ၂၅၀ ကျော် သုံးစွဲခဲ့ပါတယ်။ ဒါပေမဲ့လည်း အာတေးတားက အခုလာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ငွေထပ်သုံးဖို့ လိုအပ်ကြောင်း အာတေးတားက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဆယ်စုနှစ် ၂ ခုကျော် ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ၅ နှစ်ကျော်ကြာ ဆုဖလား လက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်ဖို့ ရည်မှန်းထားပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ နွေရာသီတုန်းက ကစားသမား ၈ ဦး အထိ ခေါ်ယူ အားဖြည့်ခဲ့ပြီး ဗစ်တာ ယောကရက်စ်၊ အီဘာရီချီ အက်ဇေး၊ မာတင် ဇူဘီမန်ဒီ၊ ခရစ္စသီယန် မော့စ်ကွဲယား၊ ခရစ္စရှန် နောဂတ်၊ ကီပါ အရစ်ဇာဘလာဂါ၊ ပိုင်ရို ဟင်ကပ်ပီယေနဲ့ နိုနီ မာဒူးခေး တို့ အတွက် ပေါင် သန်း ၂၅၀ ကျော် သုံးစွဲခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အာဆင်နယ်က နေရာစုံမှာ တောင့်တင်း ကျစ်လျစ်နေပြီး နှစ်သင်းစာ လူစာရင်းကို ပိုင်ဆိုင်ထားတယ်လို့ သတ်မှတ်လို့ ရပါတယ်။ ဒါပေမဲ့လည်း အာဆင်နယ်က ရာသီဝက် ရောက်လာချိန်မှာ အဓိက ကစားသမားတွေ ဒဏ်ရာပြဿနာတွေ ရှိလာခဲ့ခြင်းနဲ့ အတူ ရလဒ်ပိုင်း ကိုပါ ထိခိုက်မှုတွေ ရှိလာပါတယ်။ လက်ရှိ အာဆင်နယ်ရဲ့ ဒဏ်ရာရ ကစားသမား စာရင်းမှာ ရီကာဒို ကာလာဖီအိုရီ၊ ဘန်ဝှိုက်၊ ခရစ္စရှန် မော့စ်ကွဲယား၊ မက်စ် ဒေါင်းမန်းနဲ့ ကိုင်ဟာဗက်ဇ်တို့ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အာတေးတားက အသင်းက အရံအင်အား မလုံလောက်ဘူးလို့ ယူဆနေပြီး ဆောင်းရာသီ အပြောင်းအရွှေ့ မှာလည်း လှုပ်ရှားဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

အာတေးတားက “ဒီမှာ ရှိနေတဲ့ ကစားသမားတွေရဲ့ အခြေအနေ အပေါ်မှာ မူတည်ပါတယ်။ အပြောင်းအရွှေ့ကာလက ရောက်နေပါပြီ။ ဆိုလိုတာက ကျွန်တော်တို့က အာဆင်နယ်ပါ။ ကျွန်တော်တို့ တက်တက်ကြွကြွ စောင့်ကြည့်နေရပါမယ်။ ကျွန်တော်တို့ ဘာလိုအပ်လဲပေါ့။ ဒါက မတူညီတဲ့ အကြောင်းအရာ တစ်ခုပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အလုပ်က အမြဲတမ်းကို ပြင်ဆင်ထားရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တစ်ခုခု ဖြစ်လာနိုင်လို့ပါပဲ။ ဒီတော့ အကောင်းဘက်က မျှော်လင့်ကြတာပေါ့။” လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်က ရာသီအစက ခံစစ်ပိုင်း ကျစ်လျစ် တောင့်တင်းနေခြင်းနဲ့ အတူ ပေးဂိုး မရှိ နိုင်ပွဲတွေ ဆက်တိုက်ရခဲ့ပေမယ့် နောက်ပိုင်း ပွဲတွေမှာတော့ မလိုအပ်ပဲ ချေပဂိုးတွေ ပြန်ပေးနေရပါတယ်။ အဓိက ကတော့ ခံစစ် ကစားသမားတွေ ဖြစ်တဲ့ ဝီလီယမ် ဆလီဘာနဲ့ ဂါဘရီရယ် တို့အပြင် ဘူကာယို ဆာကာ၊ မာတင် အိုဒီဂတ်၊ ဗစ်တာ ယောကရက်စ် တို့လို အားထားရတဲ့ ကစားသမားတွေ ဒဏ်ရာ ပြဿနာနဲ့ ကြုံခဲ့ရတာကြောင့် ဖြစ်ပါတယ်။ အာဆင်နယ်ဟာ လက်ရှိမှာ ခံစစ် အပြင် တိုက်စစ် ကလည်း သိသိသာသာ ဂိုးသွင်းနှုန်း ကျဆင်းလာပြီး ပြီးခဲ့တဲ့ ပွဲတွေမှာ ဆိုရင် ပြိုင်ဘက် ကစားသမားတွေရဲ့ OG တွေ၊ ပင်နယ်တီတွေနဲ့ နိုင်ပွဲတွေ ရနေခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ် ကတော့ ဒီကနေ့ညမှာ အက်စတွန်ဗီလာနဲ့ အရေးကြီးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


