နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆာကာကို မက်ဆီနဲ့ နှိုင်းယှဉ် ချီးကျူးလိုက်တဲ့ အာတေးတား | ပရီးမီးယားလိဂ်

အင်္ဂလန် တောင်ပံ ကစားသမားလေး ဘူကာယို ဆာကာ ကတော့ ဝုဗ်ကို ၂-၀ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ၁ ဂိုး သွင်း၊ ၁ ဂိုး ဖန်တီးကာ ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား ကတော့ သူ့ အသင်းရဲ့ ကြယ်ပွင့်လေး ဆာကာကို နာမည်ကျော် အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီနဲ့ နှိုင်းယှဉ်ကာ ချီးကျူးမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

ဘူကာယို ဆာကာဟာ အဲဒီ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ကိုင်ဟာဗက်ဇ် သွင်းယူတဲ့ အဖွင့်ဂိုးကို ဖန်တီးပေးခဲ့သလို ဒုတိယဂိုး ကိုတော့ ကိုယ်တိုင် သွင်းယူပြီး အသင်းရဲ့ နိုင်ပွဲ အတွက် အဓိကကျခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် မီခဲလ် အာတေးတားက ဆာကာရဲ့ အရည်အသွေးတွေက မက်ဆီ ကိုတောင် အမှတ်ရသွားစေတယ်လို့ ချီးကျူးစကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မီခဲလ် အာတေးတားက “ဒီလိုမျိုးက ကစားသမားကောင်းတွေပဲ လုပ်ဆောင်နိုင်တာပါ။ မက်ဆီက အဲဒီလိုမျိုး တစ်ချိန်လုံး လုပ်လေ့ ရှိတာကို  သိထားကြပေမဲ့ တားဆီးလို့ မရပါဘူး။ ဒါဟာ သူ့ရဲ့ အရည်အသွေးပါပဲ။  ဆာကာက မယုံနိုင်စရာကောင်းတဲ့ ကစားသမား တစ်ယောက်ပါ။ သူ့လို ကစားသမားမျိုး ဒီကမ္ဘာမှာ အများကြီး မရှိပါဘူး။  ပြီးတော့ သူက အရမ်းကို ငယ်ပါသေးတယ်။ သူက အခုထက် ပိုကောင်းလာဦးမှာပါ။ ဒီလို လူငယ်ကစား သမားတစ်ယောက် အမြင့်ဆုံး ခြေစွမ်းနဲ့ ရက်သတ္တပတ်တိုင်း စွမ်းဆောင်ပြနေတာကို မြင်တွေ့ရတာ ကြုံတောင့် ကြုံခဲ့ပါပဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာ အသက် ၂၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘူကာယို ဆာကာ ကတော့ ၂၀၂၀/၂၁ ဘောလုံးရာသီက စပြီး အာဆင်နယ်ရဲ့ အမာခံကစားသမား တစ်ဦး ဖြစ်လာခဲ့သူပါ။ ဒါ့အပြင် နောက်ပိုင်း နှစ်တွေ မှာတော့ ဂိုးတွေ ပိုမိုသွင်းယူကာ ခြေစွမ်းပြလာနိုင်ခဲ့သလို အာဆင်နယ် အတွက်လည်း မရှိမဖြစ် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဆာကာဟာ ပြီးခဲ့တဲ့ ၂၀၂၃/၂၄ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၄၇ ပွဲ ပါဝင် ကစားခဲ့ကာ ဂိုး ၂၀ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် PFA ရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆု ဆန်ခါတင် စာရင်းမှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။

ဒီလို ဆာကာရဲ့ ကောင်းမွန်လှတဲ့ မှတ်တမ်းတွေနဲ့ ပတ်သတ်လို့ အသင်းခေါင်းဆောင် အိုဒီဂတ် ကလည်း အခုလိုပဲ ချီးကျူးစကားတွေ ပြောကြားသွားခဲ့ပါတယ်။ အိုဒီဂတ်က ဆာကာဟာ  အမြဲတမ်း တိုးတက်မှု ရှိနေတဲ့ ကစားသမား ဖြစ်ကြောင်း သုံးသပ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အိုဒီဂတ်က “သူက ပိုကောင်းသထက် ကောင်းလာဦးမှာပါ။ လေ့ကျင့်ရေးကွင်းမှာ သူ ပြင်းပြင်းထန်ထန် လေ့ကျင့်နေတာ၊ အသေးစိတ်က အစ ပိုကောင်းအောင် လုပ်ဆောင်နေတာ မြင်တွေ့ရပါတယ်။ သူက အမြဲမပြတ် တိုးတက်မှု ရှိနေတဲ့သူပါ။ သူ့မှာ မယုံနိုင်စရာကောင်းတဲ့ အရည်အသွေး ရှိနေပါတယ်။ ကျွန်တော့်ရဲ့ အသင်းမှာ သူရှိနေတာ ပျော်ရွှင်ပါတယ်။ သူ့ကို ပိုပြီး တိုးတက်လာအောင် ကျွန်တော်တို့ ကူညီပေးသွားမှာ ဖြစ်ပြီး တွန်းအားလည်း ပေးသွားမှာပါ” လို့ အိုဒီဂတ်က ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်