နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗီလာနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရပြီးနောက် ဆုဖလား အောင်မြင်မှုတွေ ရယူချင်ကြောင်း ကြုံးဝါးခဲ့တဲ့ မာတီနက်ဇ် | ပရီးမီးယားလိဂ်

အီမီလီယာနို မာတီနက်ဇ် ကတော့ ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာနဲ့အတူ ချန်ပီယံလိဂ် ကစားခွင့် ရရှိခဲ့ပြီးနောက် ဆုဖလား အောင်မြင်မှုတွေ ရယူဖို့လည်း ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ မာတီနက်ဇ်ဟာ ဗီလာနဲ့ ကာလရှည် စာချုပ်သစ်ချုပ်ဆိုပြီးနောက် အနည်းဆုံး ဆုဖလား တစ်လုံး စတင်ရယူဖို့ အတွက် ရည်မှန်းထားတာလည်း ဖြစ်ပါတယ်။

အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အာဂျင်တီးနား ဂိုးသမားဟာ ဗီလာပါ့ခ်မှာ ၂၀၂၉ ခုနှစ် အထိ ဆက်ရှိနေမယ့် စာချုပ်သစ်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ မာတီနက်ဇ်ဟာ ၂၀၂၀ ခုနှစ် စက်တင်ဘာမှာ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် ကနေ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ဗီလာ အတွက် အထင်ကြီးစရာ စွမ်းဆောင်ရည်တွေ ပြသနေခဲ့တာ ဖြစ်ပါတယ်။ အက်စတွန်ဗီလာဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့သလို ကလပ် ကလည်း စဉ်ဆက်မပြတ် တိုးတက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်ပြီး မာတီနက်ဇ်က ဝမ်းမြောက်နေပေမယ့်လည်း လာမယ့်နှစ်တွေမှာ အခုထက် ပိုမိုအောင်မြင်မှု ရရှိဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

မာတီနက်ဇ်က ကလပ်ရဲ့ ၀က်ဘ်ဆိုဒ် ကနေ တဆင့် “ကျွန်တော် ကလပ်ကို စတင် ရောက်ရှိလာကတည်းက ကျွန်တော့်ရဲ့ အိပ်မက်က ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ပါပဲ။ ကျွန်တော် ပြောသလိုပါပဲ၊ ကလပ်က နှစ်စဉ် တိုးတက်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

 
အဲ့နောက် နည်းပြ မီခဲလ် အာတေးတားက မာတီနက်ဇ်ကို အဓိက ဂိုးသမား အဖြစ် ဆက်မသုံးပဲ ရမ်းစ်ဒေးလ်ကို ခေါ်ယူခဲ့ချိန်မှာတော့ အာဂျင်တီးနားသားက ပရီးမီးယားလိဂ် ပြိုင်ဘက် ဗီလာကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံအသင်းနဲ့ အတူ အမြင့်ဆုံး အောင်မြင်မှုတွေ ရရှိထားတဲ့ မာတီနက်ဇ်

မာတီနက်ဇ်ဟာ သူ့ရဲ့ နိုင်ငံ လက်ရွေးစင် အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့သလို ကိုပါအမေရိကဖလားလည်း နှစ်ကြိမ် ရရှိထားခဲ့ပြီး ဖြစ်ပါတယ်။ ကလပ် ကစားသမား ဘဝ မှာတော့ အသင်းဟောင်း အာဆင်နယ်နဲ့ အတူ အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်း ၃ ကြိမ် ရရှိထားခဲ့ပါတယ်။ လက်ရှိ ကလပ် အက်စတွန်ဗီလာနဲ့တော့ ဆုဖလား အောင်မြင်မှု မရရှိသေးပေမယ့်လည်း ၁၉၉၆ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ချန်ပီယံလိဂ် ဝင်ခွင့် ပြန်လည် ရရှိထားခဲ့ပါတယ်။

ဆက်လက်ပြီး မာတီနက်ဇ်က “အာဂျင်တီးနားနဲ့ နိုင်ငံတကာ ဘောလုံးလောကမှာ ကျွန်တော် အရာရာကို အောင်မြင်ခဲ့ပြီးပါပြီ။ အခု ဒီကလပ်မှာ ဆုဖလားတွေ ဆွတ်ခူးနိုင်မယ်လို့ ကျွန်တော် ထင်နေပါတယ်။ ဒါဟာ ဒီကလပ် အတွက် လိုအပ်နေတဲ့ အရာပါ။ ကျွန်တော် အခုကနေ နောက် ၄ နှစ် အတွင်း အောင်မြင်မှုတွေ ရရှိဖို့ ကြိုးစားသွားပါမယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

မာတီနက်ဇ်ဟာ အာဆင်နယ် အကယ်ဒမီထွက် ဂိုးသမား တစ်ဦး ဖြစ်ပြီးတော့ အောက်စဖို့ဒ် ယူနိုက်တက်၊ ရှက်ဖီးလ်ဝမ်းနက်စ်ဒေး၊ ရိုသာဟန်ယူနိုက်တက်၊ ဝုဗ်၊ ဂီတာဖေး၊ ရက်ဒင်း တို့လို အသင်း များစွာမှာ ကစားသမား ဘဝကို ဖြတ်သန်းခဲ့ရသူပါ။ ၂၀၁၉/၂၀၂၀ ဘောလုံးရာသီမှာ အာဆင်နယ်ရဲ့ အဓိက ဂိုးသမား ဘန် လန်နို ဒဏ်ရာရရှိသွားချိန်မှာတော့ မာတီနက်ဇ် တစ်ယောက် ပွဲထွက်ခွင့် ရရှိလာခဲ့ပြီး အာဆင်နယ် အတွက် အက်ဖ်အေဖလား အောင်မြင်မှုလည်း ရယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် နည်းပြ မီခဲလ် အာတေးတားက မာတီနက်ဇ်ကို အဓိက ဂိုးသမား အဖြစ် ဆက်မသုံးပဲ ရမ်းစ်ဒေးလ်ကို ခေါ်ယူခဲ့ချိန်မှာတော့ အာဂျင်တီးနားသားက ပရီးမီးယားလိဂ် ပြိုင်ဘက် ဗီလာကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ ဗီလာ ကို အရောက် မှာတော့ မာတီနက်ဇ်က ကမ္ဘာ့အဆင့် လက်စွမ်းတွေ ထုတ်ပြနိုင်ခဲ့လို့ အာဂျင်တီးနား လက်ရွေးစင် အသင်းရဲ့ အဓိက ဂိုးသမား ဖြစ်လာခဲ့သလို ကမ္ဘာ့ဖလား၊ ကိုပါအမေရိကဖလား အောင်မြင်မှုတွေလည်း ဆက်တိုက် ရရှိခဲ့သူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်