နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ခံလူတွေကို ဆက်လက် ကြိမ်းမောင်းပေးဖို့ အိုနာနာကို တောင်းဆိုခဲ့တဲ့ မာတီနက်ဇ် (ပရီးမီးယားလိဂ် သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၂ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


နောက်ခံလူတွေကို ဆက်လက် ကြိမ်းမောင်းပေးဖို့ အိုနာနာကို တောင်းဆိုခဲ့တဲ့ မာတီနက်ဇ် 

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်က ဂိုးသမားသစ် အန်ဒရီ အိုနာနာ အနေနဲ့ နောက်ခံလူတွေကို ဆက်လက် ကြိမ်းမောင်းပေးဖို့ တောင်းဆိုသွားခဲ့ပါတယ်။ 

မက်ဂွိုင်းယားဟာ ဒေါ့မွန်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ တနင်္လာနေ့ ပွဲစဉ် ဒုတိယပိုင်း အတွင်း အိုနာနာရဲ့ အော်ဟစ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပြီး အင်္ဂလန် နောက်ခံလူဟာ ပြိုင်ဘက် အသင်းကို အခွင့်အရေး ရရှိသွားစေခဲ့တဲ့ ဘောလုံး ပေးပို့မှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မာတီနက်ဇ်က အေဂျက် အသင်းမှာ အိုနာနာနဲ့ အတူ ကစားခဲ့ဖူးသူ ဖြစ်ပြီး ကင်မရွန်း ဂိုးသမားကို ဆက်လက်ပြီး စိတ်ထဲမှာ ရှိတဲ့ အတိုင်း ပြောဆိုဖို့ အားပေးခဲ့တာ ဖြစ်ပါတယ်။ 

“အဲဒါက ပိုပြီးတော့ ကောင်းမွန်ပါတယ်။ ခင်ဗျားသာ အာရုံစိုက်ထားမယ် ဆိုရင် ခင်ဗျားရဲ့ အသင်းဖော်တွေနဲ့လည်း တိုက်ခိုက်ရနိုင်ပါတယ်။ အားလုံးက တကယ်ကို ထက်မြက်နေတာ သေချာအောင် လုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဘာမှ မဖြစ်ပါဘူး။ အဲဒါက ဘောလုံးရဲ့ အစိတ်အပိုင်း တစ်ခုပါ။ သူ့မှာ ကြီးမားတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိတယ်။ သူက ဘောလုံး ကစားနိုင်တယ်။ သူက ဖိအားတွေနဲ့ ရင်ဆိုင် ဖြေရှင်းနိုင်တယ်။ သူက တကယ်ကို အပေါင်း လက္ခဏာဆောင်တယ်။ သူက ခေါင်းဆောင်ပါ။ ဒါက မန်ချက်စတာယူနိုက်တက်ရဲ့ စတိုင်ပဲ” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 


ဆောက်သမ်တန် ကြယ်ပွင့် အတွက် ထပ်မံ ကမ်းလှမ်းလိုက်တဲ့ လစ်ဗာပူးလ် 

ပရီးမီးယားလိဂ် ကလပ်ရဲ့ ကမ်းလှမ်းမှု အသစ်ဟာ ထပ်ဆောင်း ပေးချေမှုတွေ ပါဝင်တဲ့ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်း ဖြစ်တယ်လို့ နားလည်ရပါတယ်။
လာဗီယာကို ကနဦး ယူရို ၄၅ သန်းနဲ့ ကမ်းလှမ်းထားတဲ့ လစ်ဗာဗူးလ်

လစ်ဗာပူးလ်အသင်းဟာ ဆောက်သမ်တန် ကွင်းလယ် ကြယ်ပွင့် ရိုမီယို လာဗီယာအတွက် ယူရို ၄၅ သန်းထက် ကျော်လွန်တဲ့ ပမာဏနဲ့ တိုးမြှင့် ကမ်းလှမ်းခဲ့ပေမယ့်လည်း စိန့်တို့ရဲ့ ကနဦး သတ်မှတ်ထားတဲ့ စျေးထက် လျော့နည်းနေသေးတယ်လို့ သိရပါတယ်။ 

အသက် ၁၉ နှစ် အရွယ် ကွင်းလယ်လူဟာ ဂျော်ဒန် ဟန်ဒါဆန်၊ ဖာဘင်ညိုတို့ ထွက်ခွာသွားတာကြောင့် လစ်ဟာသွားတဲ့ ကွင်းလယ်ပိုင်း အတွက် ဖြည့်ဆည်းဖို့ လစ်ဗာပူးလ်ရဲ့ အဓိက ပစ်မှတ် ဖြစ်ခဲ့ပါတယ်။ လာဗီယာ အတွက် ပြီးခဲ့တဲ့ အပတ်က ထပ်ဆောင်း ပေးချေမှု ပေါင် ၄ သန်းပါဝင်တဲ့ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းနဲ့ ကမ်းလှမ်းမှုက ငြင်းပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ် ကလပ်ရဲ့ ကမ်းလှမ်းမှု အသစ်ဟာ ထပ်ဆောင်း ပေးချေမှုတွေ ပါဝင်တဲ့ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်း ဖြစ်တယ်လို့ နားလည်ရပါတယ်။ ယာဂန် ကလော့ပ်ရဲ့ အသင်းဟာ နောက်ထပ် ကွင်းလယ်ခံစစ် ကစားသမား တစ်ဦး အသည်းအသန် လိုအပ်နေတာ ဖြစ်ပါတယ်။


ဒေးဗစ် ရာယာနဲ့ သဘောတူညီမှုရခဲ့တဲ့ အာဆင်နယ် 

ဒေးဗစ် ရာယာဟာ အာဆင်နယ် အသင်းနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါဟာ အသင်းရဲ့ ပထမဂိုးသမား ရမ်းစ်ဒေးလ် အတွက်တော့ စိုးရိမ်စရာ ကောင်းတဲ့ အပြောင်းအရွှေ့ ဖြစ်လာဖို့ ရှိနေပါတယ်။ 

အာဆင်နယ်ဟာ အာရွန် ရမ်းစ်ဒေးလ်ကို ယှဉ်ပြိုင်မှု ပေးနိုင်တဲ့ ဂိုးသမား တစ်ဦး ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပြီး အာတေးတားက စပိန် ဂိုးသမားရဲ့ လက်စွမ်းကို နှစ်သက်နေခဲ့တာ ကြာခဲ့ပြီ ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ အာဆင်နယ် အသင်းဟာ ဒေးဗစ် ရာယာနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပြီး အသက် ၂၇ နှစ် အရွယ် ဂိုးသမား အတွက် ပေါင်သန်း ၄၀ သတ်မှတ်ထားတဲ့ ဘရန့်ဖို့ဒ် အသင်းနဲ့ပဲ သဘောတူညီမှု ရအောင် ကြိုးပမ်းသွားရတော့မှာ ဖြစ်ပါတယ်။ 


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်