နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂျေဇုစ် အနေနဲ့ ယောကရက်စ် နေရာကို ပြန်ယူနိုင်တယ်လို့ သုံးသပ်လိုက်တဲ့ မာတင် ကီယွန် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ ဂန္တဝင် မာတင် ကီယွန် ကတော့ ဗစ်တာ ယောကရက်စ်ရဲ့ ကြံ့ခိုင်မှု အပေါ် စိုးရိမ်စရာ ရှိနေကြောင်း ဝေဖန်သုံးသပ်လိုက်ပါတယ်။ ဆွီဒင် တိုက်စစ်မှူးဟာ စနေနေ့ညက ဝုဗ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်တွေကြောင့် ဝေဖန်ခံနေရပြီး မာတင် ကီယွန် ကတော့ ယောကရက်စ်ရဲ့ ကြံ့ခိုင်မှု အဆင့်အတန်းနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်ရကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဗစ်တာ ယောကရက်စ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဘန်လေနဲ့ ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာ ကနေ ပြန်လည် သက်သာလာပြီးနောက် ဝုဗ်နဲ့ ပွဲမှာ ပွဲထွက်ကစားသမား အဖြစ် ပြန်လည် ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဆွီဒင် တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲမှာ အရန်ခုံ ထိုင်ခဲ့ရပြီး လူစားဝင် ကစားသမား အဖြစ်သာ ဝင်ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ယောကရက်စ်ဟာ ကလပ် ဘရုဂျက်ကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာတော့ ပွဲထွက် ပါဝင်ကစားပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း ယောကရက်စ်က စနေနေ့ညက နောက်ထပ် တစ်ကြိမ် ပွဲထွက်ကစားဖို့ အခွင့်အရေးပေးခြင်း ခံခဲ့ရချိန်မှာ ရုန်းကန်ခဲ့ရပြီး ဂန်းနားတွေဟာ ပြိုင်ဘက်ရဲ့ OG ဂိုးတွေကြောင့်သာ အမှတ်ပေးဇယား အောက်ဆုံးမှာ ကြမ်းတိုက်နေတဲ့ ဝုဗ်ကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ယောကရက်စ်ဟာ ဘောလုံး ထိချက် ၁၅ ကြိမ်သာ ရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ရာ မှာလည်း ဂိုးပေါက် မတည့်ခဲ့တဲ့နောက် ၈၁ မိနစ်မှာ ဂါဘရီရယ် ဂျေဇုစ်နဲ့ လူစားလဲခံခဲ့ရပါတယ်။ ဂျေဇုစ် လူစားဝင်လာချိန်မှာတော့ ချက်ချင်းဆိုသလိုပဲ အကျိုးသက်ရောက်မှု ရှိခဲ့ပြီး ဘရာဇီးလ်သားရဲ့ ဖိအားပေးမှု ကနေ ၉၄ မိနစ် မှာတော့ ယာဆန် မော့စ်ကွယ်ရာက ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာ ဖြစ်ပါတယ်။ 

သူတို့တွေ ဂိုးသွင်းဖို့ ပထမဆုံး အကြိမ် အခွင့်အရေးရခဲ့ပြီး ဂိုးသွင်းသွားခဲ့တယ်။ ဒါက ပရီးမီးယားလိဂ်ပါ။
ဒဏ်ရာက ပြန်လည် သက်သာလာပြီးနောက် ခြေစွမ်းပြနေတဲ့ ဂါဘရီရယ် ဂျေဇုစ်

ဂျေဇုစ်ရဲ့ အကောင်းမွန်ဆုံး ပြန်လာနိုင်မှုကြောင့် နည်းပြ မီခဲလ် အာတေးတား အနေနဲ့ လာမယ့် ပွဲစဉ်မှာ ယောကရက်စ်ထက် ဘရာဇီးလ် တိုက်စစ်မှူး ကိုပဲ ပွဲထွက်ခွင့် ပြန်ပေးဖို့ များနေပြီ ဖြစ်ပါတယ်။ ယောကရက်စ်ရဲ့ အခြေအနေနဲ့ ပတ်သတ်လို့ မာတင် ကီယွန် ကလည်း ဆွီဒင် တိုက်စစ်မှူးက ပရီးမီးယားလိဂ်မှာ ကစားဖို့ လိုအပ်တဲ့ ကြံ့ခိုင်မှု အဆင့်အတန်းမျိုးမှာ ရှိမနေသေးဘူးလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ ကီယွန်က “ဂျေဇုစ်ရဲ့ ရွေ့လျားမှုက နောက်ဆုံး မှာတော့ အကူအညီဖြစ်သွားခဲ့တယ်လို့ ထင်တယ်။ နောက်ခံလူက ကံမကောင်းခဲ့ပဲ ဂျေဇုစ်က ဘောလုံးကို မထိခဲ့ပေမယ့် သူ့ရဲ့ ပြေးလွှားမှုနဲ့ ရွေ့လျားမှုက အကူအညီ ဖြစ်ခဲ့ပြီး နည်းပြ အတွက်တော့ တွေးစရာတွေ ကျိန်းသေဖြစ်လာမှာပါ။”

ဆက်လက်ပြီး “သူက လူစားဝင်လာတဲ့ အချိန်မှာ ကောင်းမွန်နေတဲ့ပုံပေါ်ပြီး ယောကရက်စ်က ခင်ဗျား မျှော်မှန်းထားတဲ့ ကြံ့ခိုင်မှု အဆင့်အတန်းမျိုး မရှိသေးပါဘူး။ ကျောနံပါတ် ၉ က ဘယ်သူဖြစ်မလဲ ဆိုတာ စစ်မှန်တဲ့ လွန်ဆွဲပွဲ ရှိနေပြီး ဂျေဇုစ်က အဲဒီနေရာမှာ ပြန်ပြီး သူ့ဘာသာ နေရာဝင်ယူနိုင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

နည်းပြ ဖြစ်သူ မီခဲလ် အတေးတား ကတော့ တိုက်စစ်ပိုင်းထက် ခံစစ်ပိုင်း အားနည်းမှုကို သတိထားဖို့ အသင်းသားတွေကို သတိပေးခဲ့ပါတယ်။ “အဝတ်လဲခန်းထဲက စိတ်အခြေအနေ ကတော့ စိတ်သက်သာရာရခဲ့ကြတာပေ့ါ။ ဒါပေမယ့် အရမ်းရှင်းရှင်းလင်းလင်း နားလည်ထားတာက ဂိုးကွာခြားချက်က အများကြီး ပိုပြီး ကြီးမားခဲ့သင့်တယ် ဆိုတာပါ။ ပထမပိုင်း ပြိုင်ဘက် ပင်နယ်တီ ဧရိယာထဲမှာ ကျွန်တော်တို့ ဖန်တီးယူနိုင်ခဲ့တဲ့ အခြေအနေ တော်တော်များများမှာ တိကျသင့်သ‌လောက် မတိကျခဲ့ဘဲ မှန်ကန်တဲ့ လူပေးမှုတွေ မပြုလုပ်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ ဒုတိယပိုင်းမှာ ပိုပြီး တိုးတက်အောင် လုပ်ဖို့ လိုအပ်ခဲ့ပါတယ်။”

“ကျွန်တော်တို့ အဲဒါကို လုပ်နိုင်ခဲ့ပြီး ဂိုးသွင်းဖို့ အခွင့်အရေးတွေလည်း ပိုပြီး ဖန်တီးလာနိုင်ပေမယ့် ဂိုးရပြီးတော့ ၂ မိနစ်၊ ၃ မိနစ်လောက် အချိန်အတွင်းမှာ ခံစစ်ဆင်းပြီး ဆိုးရွားတဲ့ ခံစစ်အကျင့်ဆိုးနဲ့ လုံးဝကို ပြုသမျှ နုနေခဲ့ရတာက ဂိုးပေါက် တကြိမ်တောင် မကန်သွင်းနိုင်ခဲ့တဲ့ အသင်း တသင်းနဲ့ ကစားတဲ့ပွဲမှာ လိုအပ်တဲ့ အဆင့်အတန်းမျိုးနဲ့ နီးစပ်တဲ့ အခြေအနေမှာတောင် ရှိမနေပါဘူး။ သူတို့တွေ ဂိုးသွင်းဖို့ ပထမဆုံး အကြိမ် အခွင့်အရေးရခဲ့ပြီး ဂိုးသွင်းသွားခဲ့တယ်။ ဒါက ပရီးမီးယားလိဂ်ပါ။ ကံကောင်းစွာနဲ့ပဲ ကျွန်တော်တို့ စိတ်သက်သာရာရခဲ့တယ်။ ဘာလို့လဲ ဆိုတော့ အနိုင်ဂိုး သွင်းယူနိုင်ခဲ့လို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ စောနက ပြောခဲ့တဲ့ အပိုင်းမှာ တိုးတက်အောင် လုပ်ဖို့လိုတာတော့ ကျိန်းသေပေါက်ပဲ။” လို့ ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်