နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

AEK အေသင်နဲ့ သဘောတူညီမှု ရရှိခဲ့တဲ့ မာစီရယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ကစားသမားဟောင်း ဖြစ်တဲ့ ပြင်သစ် တိုက်စစ်မှူး အန်တိုနီ မာစီရယ် ကတော့ ဂရိကလပ် AEK အေသင်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ မာစီရယ်ဟာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ အတွက် နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပြင်သစ် လက်ရွေးဟောင်း အန်တိုနီ မာစီရယ်ဟာ လိုင်ယွန် အကယ်ဒမီထွက် ကစားသမား တစ်ဦး ဖြစ်ပါတယ်။ မာစီရယ်ဟာ လိုင်ယွန်မှာ စီနီယာ ကစားသမား ဘဝကို စတင်ခဲ့ပြီး မိုနာကိုဆီ ရောက်ရှိခဲ့သလို ၂၀၁၅ ခုနှစ် မှာတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့ရပါတယ်။ တစ်ချိန် သီဟာရီ အွန်နရီ လက်သစ်လို တင်စား ခေါ်ဝေါ်ခြင်းခံခဲ့ရတဲ့ မာစီရယ်က ယူနိုက်တက်နဲ့ ပွဲဦးထွက်မှာ ဂိုးသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်း ပွဲစဉ်တွေက စပြီး သူရဲ့ ခြေစွမ်းပိုင်း မတည်ငြိမ်မှုနဲ့ မကြာခဏ ဆိုသလို ဒဏ်ရာရရှိမှုတွေကြောင့် ယူနိုက်တက် အတွက် ကျရှုံးခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ 

မာစီရယ်ဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ တစ်ရာသီ အတွင်း ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၂၃ ဂိုး အထိ သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီ ဘောလုံးရာသီဟာ သူခြေစွမ်းပြနိုင်ခဲ့တဲ့ နောက်ဆုံး ရာသီ ဖြစ်ခဲ့ပြီး နောက်ပိုင်း မှာတော့ ခြေစွမ်း လုံးဝ မပြနိုင်တော့ပဲ ဆီဗီလာ အသင်းထံ ရာသီဝက် အငှားနဲ့ပါ သွားရောက် ကစားရတဲ့ အထိ အခြေအနေ ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။ ဆီဗီလာ ကလည်း သူ့ကို အပြီးသတ် ခေါ်ယူဖို့ ဆန္ဒမရှိခဲ့သလို ယူနိုက်တက် ကလည်း မာစီရယ်ကို စာချုပ် သက်တမ်း မတိုးခဲ့တာကြောင့် အခုဆို အသင်း လက်မဲ့ပါ ဖြစ်သွားခဲ့တာပါ။

မာစီရယ်ဟာ လက်ရှိမှာ အလွတ်နဲ့ ခေါ်ယူနိုင်မယ့် ကစားသမား စာရင်းထဲမှာ ရှိနေပေမယ့်လည်း သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ ခြေစွမ်း မတည်ငြိမ်မှုတွေကြောင့် ဘယ်အသင်း ကမှ ခေါ်ယူဖို့ အသေအချာ ကြိုးပမ်းခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ဂရိ ကလပ် AEK အေသင်က မာစီရယ်ကို ခေါ်ယူချင်လာခဲ့ပြီ ဖြစ်ပါတယ်။ မာစီရယ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ AEK အေသင် အသင်း ကတော့ လက်ရှိ ဂရိ အမှတ်ပေးပြိုင်ပွဲမှာ အဆင့် ၁ နေရာမှာ ရှိနေတဲ့ ကလပ် ဖြစ်ပါတယ်။ ဒါ့အပြင် AEK အေသင်မှာ တစ်ချိန်က ဆီဗီလာမှာ မာစီရယ်နဲ့ တွဲဖက်ကစားခဲ့ဖူးတဲ့ အဲရစ်ခ် လာမယ်လာလည်း ရှိနေပါတယ်။

မာစီရယ်ဟာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာ အက်ဖ်အေဖလား ၁ ကြိမ်၊ ဒုတိယ ၂ ကြိမ်၊ ခရာဘောင်ဖလား ၁ ကြိမ်၊ ကွန်မြူနတီဒိုင်း ၁ ကြိမ်၊ ယူရိုပါလိဂ် ၁ ကြိမ်၊ ဒုတိယ ၁ ကြိမ် အောင်မြင်မှု ရရှိခဲ့သူ ဖြစ်ပါတယ်။ မာစီရယ်ဟာ ၂၀၁၅ ခုနှစ်မှာ Golden Boy ဆု ရရှိခဲ့ပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ဘောလုံး လောကမှာ နာမည် တဖြည်းဖြည်း ပျောက်ဆုံး လာခဲ့သူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်