လစ်ဗာပူးလ် ကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း မေဆန် ဂရင်းဝုဒ်ကို အံ့အားသင့်ဖွယ် ခေါ်ယူဖို စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ မာဆေးလ်ဟာ ဂရင်းဝုဒ် အတွက် သူတိုရဲ့ တောင်းဆိုမှုတွေကို ထုတ်ဖော် ပြောကြားလာခဲ့တာ ဖြစ်ကြောင်း သတင်းတွေမှာ ဖော်ပြနေတာ ဖြစ်ပါတယ်။
စပိန် သတင်းမီဒီယာ တစ်ခု ဖြစ်တဲ့ Fichajes ရဲ့ အဆိုအရ ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ် ၄ သင်းထဲမှာ လစ်ဗာပူးလ်လည်း ပါဝင်ပါတယ်။ ဒါပေမယ့် လစ်ဗာပူးလ် အနေနဲ့ ဂရင်းဝုဒ်ကို ခေါ်ယူဖို့ အတွက် ဘေယန်မြူးနစ်၊ ဂျူဗင်တပ်စ်၊ ဘာစီလိုနာ တိုနဲ့ အပြိုင်အဆိုင် ကြိုးပမ်းရဖွယ် ရှိနေပါတယ်။ လက်ရှိမှာ ဂရင်းဝုဒ်ဟာ ခြေစွမ်းပြနေတာကြောင့် အချိန်တိုတွင်း သိသိသာသာ တန်ဖိုးမြင့်တက်လာတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါကြောင့် မာဆေးလ်က သူတို့ရဲ့ တိုက်စစ်မှူး အတွက် ယူရို ၇၅ သန်း (ပေါင် ၆၂ သန်း) အထိ အလိုရှိနေတယ်လို့ သိရပါတယ်။
လာလီဂါ ကလပ် ဘာစီလိုနာက လက်ရှိမှာ ဘဏ္ဍာရေး အခြေအနေအရ ရုန်းကန်နေရတာကြောင့် ဂရင်းဝုဒ် အတွက် မာဆေးလ် သတ်မှတ်ထားတဲ့ တန်ကြေးက ခက်ခဲနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ်၊ ဘေယန်မြူးနစ်နဲ့ ဂျူဗင်တပ်စ် တို့ကတော့ ဘဏ္ဍာရေး အခြေအနေ ကောင်းမွန်တာကြောင့် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်လာရင်တော့ မာဆေးလ် ဘက်က လိုချင်နေတဲ့ ပြောင်းရွှေ့ကြေးကို လိုက်လျောနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကို ဂီတာဖေးမှာ အငှားနဲ့ ဖြတ်သန်းခဲ့ပြီးတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်က ပြီးခဲ့တဲ့ နွေရာသီမှာ ပေါင် ၂၆.၆ သန်းနဲ့ မာဆေးလ် အသင်းထံ အပြီးသတ် ရောင်းချခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ လီဂူးဝမ်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီးတော့ လက်ရှိ ရာသီမှာ ပွဲပေါင်း ၂၂ ပွဲ ကစားရာမှာ ဂိုး ၁၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ပြောရရင် ဂရင်းဝုဒ်ဟာ မာဆေးလ်ကို ဒီရာသီ လီဂူးဝမ်းမှာ ဒုတိယ နေရာ အထိ တွန်းတင်ပေးထားတယ်လို့ ပြောလို့ ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဂရင်းဝုဒ်ဟာ လက်ရှိ ဥရောပ ဘောလုံးလောကရဲ့ အတောက်ပဆုံး လူငယ် တိုက်စစ်မှူး တစ်ဦး အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ်က ဒီနွေရာသီ ဂရင်းဝုဒ်ကို ရောင်းချခဲ့အချိန်က အပြောင်းအရွှေ့ စာချုပ်မှာ ၅၀ ရာခိုင်နှုန်း sell-on clasue ကို ထည့်သွင်းထားခဲ့ပါတယ်။ ဒါ့အပြင် သတင်းတွေအရ ယူနိုက်တက်က အနာဂတ် ပြောင်းရွှေ့မှုတွေမှာ သူတို့ရဲ့ အစု ရှယ်ယာတွေကို တိုးမြှင့်ဖို ရွေးချယ်ခွင့် ရှိနေတယ် လို့လည်း သိရပါတယ်။ ဒါကြောင့် မာဆေးလ်က သူတို့ရဲ့ ကစားသမားကို တခြား ကလပ်ဆီ ရောင်းချတဲ့ အခါမှာ များပြားတဲ့ ပြောင်းရွှေ့ကြေးရဖို့ လိုအပ်နေပါတယ်။ လက်ရှိမှာ ဂရင်းဝုဒ်က မာဆေးလ် အတွက် အရေးကြီးတဲ့ ကစားသမား ဖြစ်နေတာကြောင့် အကယ်၍သာ မြင့်မားတဲ့ ကမ်းလှမ်းမှုမျိုး မရခဲ့ရင်တော့ အသင်း မှာသာ ဆက်လက် ထိန်းသိမ်းသွားဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.