နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လီဂူးဝမ်း ကြယ်ပွင့်ကို ရီးရဲလ်မက်ဒရစ်၊ လစ်ဗာပူးလ် တို့နဲ့ အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းမယ့် ယူနိုက်တက် | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်အသင်းဟာ လိုင်လီ ဗဟိုနောက်ခံလူ လီနီယိုရိုကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားလာခဲ့ပြီလို့ သိရပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် အနေနဲ့ အသက် ၁၈ နှစ် အရွယ် ပြင်သစ် ဗဟိုခံစစ်မှူးကို ခေါ်ယူဖို့ အတွက် ဆိုရင်တော့ လစ်ဗာပူးလ် ရီးရဲလ်မက်ဒရစ် တို့နဲ့ ယှဉ်ပြိုင်သွားရဖို့ ရှိနေတယ်လို့ သိရပါတယ်။ 

နိုဝင်ဘာလမှ အသက် ၁၉ နှစ် ပြည့်မယ့် ယိုရိုဟာ ဒီရာသီ လိုင်လီရဲ့ ပုံမှန် ပွဲထွက် ကစားသမားဖြစ်ခဲ့ပြီး လက်ရှိ ဥရောပရဲ့ အကောင်းဆုံး လူငယ် ဗဟိုနောက်ခံလူ တစ်ဦး အဖြစ် သတ်မှတ်ခံထားရပြီး ထိပ်တန်း အသင်း အများအပြားက ဒီကစားသမားရဲ့ တိုးတက်မှုတွေကို စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

ပြင်သစ် ဗဟိုခံစစ် ကြယ်ပွင့်ဟာ လိုင်လီနဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၁၂ လထဲကို ရောက်ရှိနေပြီ ဖြစ်တာကြောင့် ဒီနွေရာသီမှာ အသင်း ကနေ ထွက်ခွာဖို့ အလားအလာ ရှိနေတာ ဖြစ်ပါတယ်။ MARCA ရဲ့ အဆိုအရ ပရီးမီးယားလိဂ် ကလပ်ဟာ မကြာသေးတဲ့ ရက်ပိုင်းကမှ မလိုင်လီနဲ့ ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြင်သစ် ကလပ် ဘက်က တောင်းဆိုထားတဲ့ ယူရို သန်း ၆၀ (ပေါင် ၅၁ သန်း) နဲ့ ကိုက်ညီမယ့် ကမ်းလှမ်းမှု တစ်ခုကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ 

ယိုရိုကို လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ် ကလည်း ခေါ်ယူချင်နေပေမယ့် စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိနေတဲ့ ကစားသမား တစ်ဦးကို အခုလောက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး အသုံးပြုပြီး ခေါ်ယူလိုခြင်းတော့ မရှိဘူးလို့ သိရပါတယ်။ ဒီအခြေအနေကို ပရီးမီးယားလိဂ် ကလပ်က အခွင့်ကောင်း ယူပြီး ယိုရို အတွက် လိုင်လီ လိုချင်တဲ့ ပြောင်းရွှေ့ကြေး ပေးချေကာ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ် ကတော့ ယိုရို အနေနဲ့ အခြား ကလပ်တွေရဲ့ ကမ်းလှမ်းချက်တွေကို ငြင်းပယ်ဖို့နဲ့ အခုနွေရာသီ ဒါမှမဟုတ် ၂၀၂၅ ခုနှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဘာနေဗျူးကို လာဖို့ တောင်းဆိုထားပြီး ဒီအချက်ကလည်း ကစားသမား အတွက် စဉ်းစားရခက်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။ သတင်းတွေ အရ ဆိုရင် ကစားသမား ကိုယ်တိုင် ကတော့ ဥရောပ ချန်ပီယံ ရီးရဲလ်မက်ဒရစ် ဆီကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

ယိုရို ကိုတော့ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက် အပြင် နောက်ထပ် ပရီးမီးယားလိဂ် ကလပ် တစ်ခု ဖြစ်တဲ့ လစ်ဗာပူးလ် ကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ မကြာသေးတဲ့ ရက်က The Mail ရဲ့ ဖော်ပြချက် အရ ယိုရို အနေနဲ့ လစ်ဗာပူးလ်ရဲ့ စိတ်ဝင်စားမှုကို သတိပြုလာခဲ့တယ်လို့ သိရပါတယ်။ L’Equipeရဲ့ ဖော်ပြချက် အရ ဆိုရင်လည်း ငယ်ရွယ်တဲ့ ပြည်တွင်း ကစားသမားတွေနဲ့ အသင်းကို တည်ဆောက်ဖို့ ပြင်ဆင်နေတဲ့ လီဂူးဝမ်း ချန်ပီယံ ပီအက်စ်ဂျီ ကလည်း ယိုရိုကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် အသက် ၁၈ နှစ် အရွယ် ဒီကစားသမားက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ အသေအချာ အလေးအနက်ထား စဉ်းစားနေပြီး လာမယ့် နွေရာသီမှာတော့ ထိပ်တန်း အသင်း တစ်သင်းကို ရွေးချယ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ 

လိုင်လီ နည်းပြဟောင်း ပေါ်လို ဖွန်ဆီကာ ကတော့ သူ့ရဲ့ ကစားသမားဟောင်း ယိုရိုကို မကြာခင် ကာလ အတွင်း ထိပ်တန်း အသင်းတစ်သင်းဆီ ပြောင်းရွှေ့ဖို့ အတွက် ထောက်ခံအားပေးထားခဲ့ပါတယ်။ ဖွန်ဆီကာက “လာမယ့်နှစ်မှာ လီနီဟာ ဥရောပရဲ့ အကောင်းဆုံး အသင်းတွေ ထဲက တစ်သင်းကို ရောက်ရှိမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ BBC Sportကို ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဖွန်ဆီကာက “သူဟာ ကျွန်တော် တို့နဲ့ ၁၆ နှစ်သားကတည်းက ဒီနေရာကို စတင်ရောက်ရှိခဲ့တာပါ။ သူက အရမ်း ရည်မှန်းချက်ကြီးသလို စည်းကမ်းလည်း အရမ်းကြီးပါတယ်။ သူက အရမ်းကို ရင့်ကျက်မှု ရှိတဲ့ ကလေး တစ်ယောက်ပါ။ သူက အာရုံစူးစိုက်မှု အရမ်းကောင်းပြီး နေ့တိုင်း သင်ယူချင်နေသူပါ။ ခေတ်သစ် ဘောလုံးမှာ သူက အကောင်းဆုံး ဗဟိုနောက်ခံလူတွေထဲက တစ်ယောက် ဖြစ်လာဖို့ သံသယ မရှိပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်