နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လီနီ ယိုရိုကိုပဲ အသေအချာ ကြိုးပမ်းတော့မယ့် ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်း ကတော့ ဗဟိုခံစစ်ပိုင်း အတွက် ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ဖို့ ပြင်ဆင်နေတဲ့ အသင်း ဖြစ်ပါတယ်။ အခုနွေရာသီ အပြောင်းအရွှေ့မှာ ဘေယန်မြူးနစ်က မားသီးယက်စ် ဒီလစ်ဂျ်၊ အဲဗာတန်က ဘရန့်ဝိတ်သ်၊ နိစ်က တိုဒီဘို၊ လိုင်လီက လီနီ ယိုရို တို့ကို ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး တချို့ ကစားသမားတွေ ကိုတော့ ခေါ်ယူဖို့ စတင် ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။ 

အခုနောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဆိုရင် ပရီးမီးယားလိဂ် ကလပ်က လိုင်လီ လူငယ် နောက်ခံလူ လီနီ ယိုရိုကိုသာ အာရုံစိုက် ကြိုးပမ်းတော့မယ်လို့ သိရပါတယ်။ အစောပိုင်း သတင်းတွေ မှာ‌တော့ ယူနိုက်တက်က လီနီ ယိုရိုကို ခေါ်ယူဖို့ အတွက် လိုင်လီနဲ့ သဘောတူညီမှု ရရှိထားခဲ့ပြီလို့ ဖော်ပြထားတာ တွေ့ရပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ ယူနိုက်တက်ထက် ရီးရဲလ်မက်ဒရစ် ကိုသာ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ 

ယူနိုက်တက်ဟာ ဗဟိုခံစစ် နေရာ အတွက် အဲဗာတန်က ဘရန့်ဝိတ်သ်ကို နှစ်ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့ပေမယ့် ကမ်းလှမ်းမှုတွေ ပယ်ချခံထားရပြီး ဒီလစ်ဂျ် ကိုတော့ တရားဝင် မကမ်းလှမ်းရသေးဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း ကစားသမားနဲ့ရော အသင်းနဲ့ပါ ဆက်သွယ်မှုတွေ လုပ်ဆောင်ထားခဲ့တဲ့ ယူနိုက်တက်က ဒီလစ်ဂျ်ကို ခေါ်ယူနိုင်ဖို့ သေချာသလောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်က အဲဗာတန် နောက်ခံလူ ဘရန့်ဝိတ်သ်ကို ခေါ်ယူဖို့ အဲဗာတန် ဘက်က တောင်းဆိုတဲ့ တန်ကြေး မြင့်မားလွန်းနေတာကြောင့် အခက်အခဲ ရှိနေပါတယ်။ ဒါကြောင့် ယူနိုက် တက်က ဒီလစ်ဂျ်နဲ့ ယိုရို တို့ကိုသာ ပစ်မှတ်ထားလာခဲ့ပြီး ဒီနှစ်ဦးထဲ မှာတော့ ယိုရို တစ်ဦးတည်း အတွက်သာ ကမ်းလှမ်းမှု လုပ်ဆောင်ထားပါတယ်။

ယူနိုက်တက်က ယိုရိုအတွက် ကမ်းလှမ်းမှုကို ပြီးခဲ့တဲ့ တစ်ပတ် ကတည်းက လုပ်ဆောင်ထားပြီး ဒီကမ်းလှမ်းမှု ကိုလည်း လိုင်လီ ဘက်က လက်ခံထားသည့်တိုင်အောင် ကစားသမား ကတော့ ယူနိုက်တက်ထက် ရီးယဲလ်မက်ဒရစ် ဆီသာ ပြောင်းရွှေ့ချင်နေသလို အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့က ယိုရိုရဲ့ ဆုံးဖြတ်ချက် အပေါ်မှာသာ မူတည်နေတယ်လို့ သိရပါတယ်။ ဒီလစ်ဂျ် ကလည်း ယူနိုက်တက် ဘက်က သူ့အတွက် တရားဝင် ကမ်းလှမ်းမှုတွေ မလုပ်ဆောင်ထားသေးပေမယ့် ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို စိတ်အားထက်သန်နေပါတယ်။ ဒါပေမယ့် ဒီလစ်ဂျ် အတွက် ဘေယန် ဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်လို့ အဆင်မပြေ ဖြစ်နေပြီး ဘေယန် ပရိသတ်တွေ ကလည်း ဒီလစ်ဂျ်ကို အသင်းကနေ ရောင်းချခြင်း မပြုဖို့ပါ လက်မှတ်ထိုး တောင်းဆိုထားတာတွေ ရှိနေပါတယ်။ 

ဒါကြောင့် ယူနိုက်တက်က ယိုရိုကိုသာ ပိုမို ဦးစားပေး ကြိုးပမ်းသွားဖို ရှိနေပြီး ကစားသမားနဲ့ အသေအချာ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖိုလည်း ရှိနေပါတယ်။ အကယ်၍ ပရီးမီးယားလိဂ် ကလပ်က လီနီ ယိုရို ကိုသာ ခေါ်ယူလိုက်နိုင်ခဲ့မယ် ဆိုရင်တော့ ဒီလစ်ဂျ်ကို ကြိုးစားသွားဖွယ် မရှိတော့ဘူးလို့ သိရပြီး တခြား နေရာတွေ အတွက်ပဲ ခေါ်ယူ အားဖြည့်သွားဖွယ် ရှိနိုင်တယ်လို့လည်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်