နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဟွိုက်ဂျ်လန်းရဲ့ ခြေစွမ်းအပေါ် သည်းခံနိုင်စွမ်း ကုန်ဆုံးလာတဲ့ ယူနိုက်တက် နည်းပြ အဖွဲ့ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နည်းပြ အဖွဲ့ ကတော့ ဒိန်းမတ် တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်းရဲ့ ခြေစွမ်း အပေါ် စိတ်ပျက်လျက် ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဟွိုက်ဂျ်လန်းဟာ ယူနိုက်တက် အတွက် နောက်ပိုင်း ကစားခွင့်ရတဲ့ ပွဲစဉ်တွေမှာ ဆိုးရွားလွန်းတဲ့ ခြေစွမ်းတွေနဲ့ မြင်တွေ့နေရပြီး တော်တော်လေးလည်း ရုန်းကန်နေရတာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ် အရွယ် ဟွိုက်ဂျ်လန်း အနေနဲ့ ၂၀၂၃ ခုနှစ် နွေရာသီမှာ အတ္တလန္တာ ကနေ မန်ချက်စတာယူနိုက်တက်ကို ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဟွိုက်ဂျ်လန်းက အသင်းကို ရောက်ကာစမှာ မကြာခဏ ဒဏ်ရာတွေ ရရှိခဲ့ပြီး အသင်း အတွက် မျှော်လင့်လို့ မရနိုင်တဲ့ အခြေအနေမျိုး အထိ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒဏ်ရာ ကနေ ပြန်လည် သက်သာလာချိန် မှာတော့ ဟွိုက်ဂျ်လန်းက ခြေစွမ်းတွေ ပြန်လည် ပြသလာနိုင်ခဲ့ပြီးတော့ အရေးပါတဲ့ သွင်းဂိုးတွေလည်း သွင်းယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အဲဗာတန်နဲ့ ပရီးမီးယားလိဂ် ပွဲမှာလည်း ယူနိုက်တက်ဟာ ဟွိုက်ဂျ်လန်းကို လူစားလဲချိန်မှ ချေပဂိုးတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။
၁၆ ပွဲဆက် သွင်းဂိုးမရ ဖြစ်နေတဲ့ ဟွိုက်ဂျ်လန်း

 ဟွိုက်ဂျ်လန်းဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ၁၆ ဂိုး အထိ သွင်းယူနိုင်ခဲ့ပေမယ့်လည်း ဒီရာသီ မှာတော့ ပုံမှန် ခြေစွမ်းအောက်ကို ပြန်လည် ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒိန်းမတ်သားက လက်ရှိမှာ ဂိုးမသွင်းနိုင်တဲ့ ပွဲပေါင်း ၁၆ ပွဲဆက် ရှိခဲ့ပြီ ဖြစ်ပြီး ဒီအခြေအနေကို ယူနိုက်တက်ရဲ့ နည်းပြ အဖွဲ့က စိတ်ပျက်နေတာ ဖြစ်ပါတယ်။

ဟွိုက်ဂျ်လန်းက ဒီရာသီမှာ ၇ ဂိုးသာ သွင်းယူထားနိုင်ပြီးတော့ ပရီးမီးယားလိဂ် မှာလည်း ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဟွိုက်ဂျ်လန်း အနေနဲ့ ၂၀၂၅ ခုနှစ် အတွင်းမှာ လုံးဝ ဂိုးသွင်းနိုင်ခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့ အဲဗာတန်နဲ့ ပရီးမီးယားလိဂ် ပွဲမှာလည်း ယူနိုက်တက်ဟာ ဟွိုက်ဂျ်လန်းကို လူစားလဲချိန်မှ ချေပဂိုးတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက် မှာလည်း ယူနိုက်တက်က လာမယ့် နွေရာသီမှာ ဂိုးသွင်းအား ကောင်းတဲ့ တိုက်စစ်မှူးတွေ ခေါ်ယူဖို့ ရည်မှန်းထားပြီး ဟွိုက်ဂျ်လန်း သို့မဟုတ် ဇီယက်ခ်ဇီး ကိုတော့ အသင်း ကနေ ရှင်းထုတ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ နည်းပြ ဖြစ်သူ ရူဘင် အမော်ရင် ကလည်း ဟွိုက်ဂျ်လန်းကို အလိုမရှိတော့တဲ့ ပုံစံမျိုး မြင်တွေ့နေရပြီး သူ့နေရာမှာ တပည့်ဟောင်း ဗစ်တာ ယိုကီးရက်စ်နဲ့ အစားထိုးချင်နေပါတယ်။ ဟွိုက်ဂျ်လန်းဟာ နည်းပြ ရူဘင် အမော်ရင် လက်အောက်မှာ ပွဲချိန်ပြည့် ကစားရတဲ့ ပွဲ ၅ ပွဲသာ ရှိပြီး ၁၀ ပွဲမှာ လူစားလဲခံခဲ့ရပါတယ်။

အစောပိုင်း သတင်းတွေအရ ဆိုရင်တော့ ယူနိုက်တက် တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ ဟွိုက်ဂျ်လန်းနဲ့ ဂျော်ရွှာ ဇီယက်ခ်ဇီးကို စီးရီးအေ ကလပ် ဂျူဗင်တပ်စ်က ခေါ်ယူချင်နေခဲ့တယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ်ဟာ အသင်း ကနေ ထွက်ခွာဖို့ ရှိနေတဲ့ ဒူဆန် ဗလာဟိုဗစ်ရဲ့ နေရာ အတွက် ယူနိုက်တက် တိုက်စစ်မှူး နှစ်ဦးထဲက တစ်ဦးကို ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဟွိုက်ဂျ်လန်းရဲ့ လက်ရှိ ခြေစွမ်းအရ ယူနိုက်တက် ကလည်း အဆင်ပြေတာနဲ့ ရောင်းထုတ်ဖို့ ရှိနေတာကြောင့် ဒိန်းမတ်သား တစ်ယောက် ဂျူဗင်တပ်စ်ကို‌ ရောက်ရှိသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်