နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမ်မရာဘတ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် (ပရီးမီးယားလိဂ် သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၂၆ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အမ်မရာဘတ်ကို ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်တဲ့ မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဖီအိုရင်တီးနား ကွင်းလယ် ကစားသမား ဆိုဖရန် အမ်မရာဘတ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သတင်းတွေအရ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိမှာ အတ္တလန္တာ တိုက်စစ်မှူး ရာ့စ်မွတ် ဟော့ဂျ်လန်းကို ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ထိပ်သီး ကလပ်ဟာ အဲဒီအပြောင်းအရွှေ့ ပြီးတာနဲ့ ကွင်းလယ်ကို အင်အား ဖြည့်တင်းသွားမှာ ဖြစ်ပါတယ်။

အမ်မရာဘတ်ဟာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အဆင့်အထိ တက်ရောက်နိုင်တဲ့ ပထမဆုံးသော အာဖရိက အသင်း အဖြစ် သမိုင်းဝင်ခဲ့တဲ့ မော်ရိုကို အသင်း အတွက် အဓိကကျတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ကစားပေးခဲ့သူ ဖြစ်ပါတယ်။ La Nazione ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်က အမ်မရာဘတ်ကို ခေါ်ယူဖို့ ကြိုးပမ်းမှုကို ရပ်တန့်နေစေတာက ပြောင်းရွှေ့ကြေး သတ်မှတ်မှုကြောင့်သာ ဖြစ်တယ်လို့ သိရပြီး တန်ဟက်ဂ်ရဲ့ အသင်းက အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ယူရို ၃ သန်း ကနေ ၅ သန်း အထိ တိုးမြှင့်ကမ်းလှမ်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Transfermarkt ရဲ့ စျေးကွက် ပေါက်စျေး ယူရိုသန်း ၃၀ သတ်မှတ်ခြင်း ခံထားရတဲ့ အမ်မရာဘတ်ကို အလေးအနက် စိတ်ဝင်စားနေတဲ့ အသင်းဆိုလို့ မန်ချက်စတာယူနိုက်တက် တစ်သင်းတည်းသာ ရှိတယ်လို့လည်း သိရပါတယ်။


ပိုချက်တီနိုကို ဂန်းနား နည်းပြဟောင်းနဲ့ နှိုင်းယှဉ်ခဲ့တဲ့ နီကိုးလတ်စ် ဂျက်ဆင်

ပိုချက်တီနိုဟာ ၂၀၂၂-၂၀၂၃ ရာသီမှာ စိတ်ပျက်စရာ ရာသီနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ကလပ်ကို အောင်မြင်မှုတွေ ပြန်လည်ရယူပေးဖို့ ယခုနွေရာသီမှာ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။
ပိုချက်တီနိုကို အူနိုင်း အမ်မရီနဲ့ ခိုင်းနှိုင်းခဲ့တဲ့ ချဲလ်ဆီး ကြယ်ပွင့်

ချဲလ်ဆီး ကြယ်ပွင့် နီကိုးလတ်စ် ဂျက်ဆင်က နည်းပြ ပိုချက်တီနိုကို အာဆင်နယ် နည်းပြဟောင်း အူနိုင်း အမ်မရီနဲ့ အပြုသဘောဆောင်တဲ့ နှိုင်းယှဉ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပိုချက်တီနိုဟာ ၂၀၂၂-၂၀၂၃ ရာသီမှာ စိတ်ပျက်စရာ ရာသီနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ကလပ်ကို အောင်မြင်မှုတွေ ပြန်လည်ရယူပေးဖို့ ယခုနွေရာသီမှာ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ ပိုင်ရှင်သစ် တော့ဒ် ဘိုလီ လက်အောက် ပထမဆုံး ရာသီမှာပဲ အဆင့် ၁၂ နေရာ အထိ အံ့အားသင့်ဖွယ် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

နည်းပြ သောမတ်စ် တူဟယ်နဲ့ ဂရေဟမ် ပေါ့တားတို့ ၂ ဦးစလုံး ထုတ်ပယ်ခြင်း ခံခဲ့ရပြီး နည်းပြဟောင်း ဖရန့်ခ် လမ်းပတ်ကို ယာယီနည်းပြ အဖြစ် ရာသီကုန်အထိ ကိုင်တွယ်ဖို့ ပြန်လည် ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။ ရာသီကြို ခြေစမ်းပွဲ နှစ်ပွဲ အဖြစ် ဝရက်စ်ဟမ်း၊ ဘရိုက်တန် တို့ကို အနိုင်ရရှိခဲ့ပြီး စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကောင်းမွန်တဲ့ စတင်မှု ပြုလုပ်နိုင်ခဲ့တဲ့ အာဂျင်တီးနား လူမျိုး နည်းပြကို ကစားသမား အများအပြားက ချီးကျူးခဲ့ကြပြီး ပြီးခဲ့တဲ့လ ဗီလာရီးရဲလ် ကနေ ပေါင်သန်း ၃၀ နဲ့ ပြောင်းလာပြီးနောက် ဘရိုက်တန်နဲ့ ပွဲမှာ ပထမဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့တဲ့ နီကိုးလတ်စ် ဂျက်ဆင်က နောက်ဆုံး ချီးကျူးပြောဆိုခဲ့တဲ့ ကစားသမား ဖြစ်လာတာပါ။

“အရာအားလုံးက အရမ်းကောင်းကောင်း သွားနေပါတယ်။ ကျွန်တော် အခုအချိန်မှာ အရမ်းပျော်ရွှင်မိတယ်။ ရာသီဥတုက အရမ်းပူပေမယ့် ကျွန်တော် အဲဒါကို အသားကျပြီးသားပါ။ စပိန်နဲ့ ဆီနီဂေါမှာလည်း ဒီလိုပဲ ပူပါတယ်။ ပြေးလွှားရတာ ကလည်း အရမ်းမဆိုးပါဘူး။ အဆင်ပြေပါတယ်။ ကျွန်တော် အဲဒီလိုမျိုး လုပ်နေကျပါ။ နည်းပြ ပိုချက်တီနိုနဲ့ ဗီလာရီးရဲလ်တုန်းက ကျွန်တော့်ကို နည်းပြပေးခဲ့တဲ့ အူနိုင်း အမ်မရီတို့ကြားမှာ ဆင်တူတာလေးတွေ ရှိပါတယ်။ သူက တာဝန်ယူထားတဲ့သူ ဆိုတာ ခင်ဗျား သိပါတယ်။ ကျွန်တော် ပြန်ပြောပါရစေ။ အခု ကျွန်တော် အရမ်း အရမ်းကို ပျော်နေပါတယ်။ ပိုချက်တီနိုက အံ့အားသင့်စရာ ကောင်းတယ်။ လုပ်ဆောင်မှုတွေက ကောင်းမွန်တယ်။ ကစားသမား အချို့ကတော့ မကောင်းဘူးပြောရင် ပြောမှာပေ့ါ။ ကျွန်တော့် အတွက်တော့ ဘာမှ ပြဿနာမရှိဘူး။ သူက ထူးခြားတဲ့ နည်းပြပါ။ ကျွန်တော်သူ့ကို စောင့်ကြည့်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပြီး သူက အရမ်းကို ကြီးကျယ် ခမ်းနားတဲ့ နည်းပြပါ။ သူက ကမ္ဘာပေါ်က အကောင်းဆုံး နည်းပြတွေထဲက တစ်ဦးပါ။ အဲဒါကြောင့် သူနဲ့ အလုပ်လုပ်ရတာကို ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော်တို့ အံ့အားသင့်စရာတွေကို အတူတူလုပ်သွားကြဖို့ မျှော်လင့်ပါတယ် ”လို့ ပြောကြားခဲ့ပါတယ်။

အမျိုးသမီးကမ္ဘာ့ဖလား 2023
အင်္ဂလန်
ဒိန်းမတ်
1X2 အဂ်လန် @ 1.41
ဂိုးအောက် 2.00 @ 2.19
ဂိုးပေါင်း 2-3 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂျာမန်သားဖြစ်ရင် ကောင်းမယ်လို့ တွေးမိတဲ့ ဂန်းနား အသင်းဖော်ကို ပြောပြခဲ့တဲ့ ကိုင် ဟာဗတ်ဇ်

ကိုင် ဟာဗတ်ဇ်က ဘူကာယို ဆာကာကို ဂျာမနီလက်ရွေးစင် အသင်းမှာ ရှိစေချင်တဲ့ ကစားသမား ဖြစ်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။ ဟာဗတ်ဇ်ဟာ ပြီးခဲ့တဲ့လမှာ ချဲလ်ဆီးကို ပေါင် ၆၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ရာသီကြို ခြေစမ်းပွဲ အဖြစ် စနေနေ့က မန်ချက်စတာယူနိုက်တက်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပထမဆုံး ပွဲထွက် ပါဝင်ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီး ကြယ်ပွင့်ဟောင်းကို ESPN ယူကျုချန်နယ်မှာ ဆာကာနဲ့ အတူ အင်တာဗျူးခဲ့ပြီး ဘယ်အာဆင်နယ် ကစားသမားကို ဂျာမနီ လက်ရွေးစင် အသင်းမှာ အတူတူ တွဲကစားချင်သလဲလို့ မေးမြန်းခြင်း ခံခဲ့ရချိန်မှာ ဟာဗတ်ဇ်က ခင်ဗျားပဲ ဖြစ်လိမ့်မယ်။”

အဲဒီလိုသာဆိုရင် ကျွန်တော်တို့တွေ လက်ရွေးစင် အသင်း မှာလည်း အတူတူ ကစားနိုင်မှာပါလို့ တုံ့ပြန်ခဲ့ပြီး အင်္ဂလန် တောင်ပံ ကြယ်ပွင့်က စိတ်မပူပါနဲ့။ ကျွန်တော်တို့ ဒီမှာ အတူတူ ကစားလို့ ရပါတယ် ဘရိုလို့ ပြန်ပြောခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်