နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပီအက်စ်ဂျီ ကွင်းလယ်လူ အူဂါတီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြန်တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက် အသင်း ကတော့ ကွင်းလယ်ပိုင်း အတွက် ကစားသမားသစ် ဖြည့်တင်းမှု ပြုလုပ် သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆုံး ရရှိတဲ့ သတင်းတွေအရ ဆိုရင် ပီအက်စ်ဂျီ အသင်းရဲ့ ဥရုဂွေး ကွင်းလယ်လူ မာနူရယ် အူဂါတီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Sky Sports ကနေ ဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်က ဒီနွေရာသီမှာ အသင်းရဲ့ ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ ကက်စ်မဲရိုး၊ အဲရစ်ခ်ဆင်နဲ့ ဗန်ဒီဘိခ် တို့ကို လက်လွတ်သွားရဖို့ ရှိနေပါတယ်။ ဒါကြောင့် ဒီကစားသမားတွေရဲ့ နေရာမှာ ပြန်လည် ဖြည့်တင်းမှုတွေ ပြုလုပ်သွားရဖို့ ရှိနေပြီးတော့ ဒီအတွက်လည်း ကွင်းလယ်လူ အများအပြားကို ပစ်မှတ်ထား ချိန်ရွယ်လျက် ရှိနေတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ကွင်းလယ် ကစားသမားတွေထဲမှာတော့ ဘင်ဖီကာ ကြယ်ပွင့် ယာအို နီးဗက်စ်၊ ဝက်စ်ဟမ်း ကွင်းလယ်လူ အက်ဒ်ဆွန် အဲလ်ဗာရက်ဇ်တို့ ပါဝင်နေပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ဖီအိုရင်တီးနား ကနေ အငှား နဲ့ ခေါ်ယူထားတဲ့ အမ်မရာဘတ် ကိုပါ အပြီးသတ် ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စပို့တင်းလစ္စဘွန်း အသင်းရဲ့ ကစားသမားဟောင်း အူဂါတီဟာ အရင် ကတည်းက ယူနိုက်တက်ရဲ့ ပစ်မှတ် ဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ပီအက်စ်ဂျီ ရောက်ရှိချိန်မှာ ယူနိုက်တက်က ထပ်မံ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။ အသက် (၂၃) နှစ် အရွယ် ကွင်းလယ်ခံစစ် ကစားသမား အူဂါတီက ပြီးခဲ့တဲ့ရာသီ ကမှ စပိုတင်းလစ္စဘွန်း ကနေ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့လာခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ကမှ ဥရောပ ဘောလုံးနယ်ပယ်ထဲကို စတင် ခြေချလာခဲ့တဲ့ အူဂါတီဟာ လပိုင်း အကြာမှာပဲ စပိုတင်းလစ္စဘွန်း အသင်းဆီ ပြောင်းရွှေ့ပြီး စပိုတင်းလစ္စဘွန်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့လို ဥရောပ ထိပ်သီး ကလပ် အသင်းတွေရဲ့ စိတ်ဝင်စားခြင်း ခံလာရသူပါ။ အခု နောက်ဆုံး မှာတော့ ပီအက်စ်ဂျီက ယူရို သန်း(၆၀)နဲ့ လက်ဦးမှု ရယူကာ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

အူဂါတီဟာ ပီအက်စ်ဂျီနဲ့ ပထမရာသီမှာ ပြိုင်ပွဲစုံ (၃၇) ပွဲ အထိ ကစားခွင့်ရရှိခဲ့ပေမယ့်လည်း ပီအက်စ်ဂျီရဲ့ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်တွေမှာ ပွဲကစားခွင့် မရသလောက် တော်တော်လေး နည်းပါးခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပြ လူးဝစ် အန်နရီကေးက အသင်းရဲ့ ကွင်းလယ်မှာ ဗစ်တင်ဟာ၊ ဖာဘီယန် ရုအစ်ဇ် တို့ကိုသာ နေရာပေးခဲ့ပြီး အူဂါတီကို ချောင်ထိုးထားခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေကို စောင့်ကြည့်နေတဲ့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်က အူဂါတီ ကို ခေါ်ယူလိုနေတယ် ဆိုပြီး လက်ရှိမှာ သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ရဲ့ ပူးတွဲ ပိုင်ရှင်တွေဟာ ရာသီသစ်မှာ အသင်းကို အခြေအနေ တစ်ခုအထိ အောင်မြင်မှု ရရှိဖို့ လိုလားနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အက်ဖ်အေဖလား ယူပေးခဲ့တဲ့ အဲရစ်ခ် တန်ဟက်ဂ်ကို အသင်းမှာ ဆက်ထိန်းထားခဲ့ပြီး ကစားသမားသစ်တွေလည်း ခေါ်ယူပေးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိ အချိန်ထိတော့ အသင်းက ဘယ်ကစားသမားကိုမှ ရောင်းမထုတ်ရသေးသလို ကစားသမားသစ်တွေလည်း ခေါ်ယူထားရခြင်းတော့ မရှိသေးပါဘူး။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်