နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် ၄ နှစ်ဆက် ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်စီးတီး | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာစီးတီး ၃-၁ ဝက်စ်ဟမ်း

မန်စီးတီး မန်ချက်စတာစီးတီး ကတော့ ဝက်စ်ဟမ်းကို အိမ်ကွင်း အက်တီဟတ်မှာ ဂိုးပြတ် အနိုင်ယူရင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၄ ရာသီ ဆက်တိုက် ကိုင်မြှောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ အနီးကပ် ဖိအားပေးမှုကို တောက်လျောက်ခံခဲ့ရပေမယ့် ပပ် ဂွာဒီယိုလာရဲ့ အသင်းက အမှားအယွင်း မလုပ်ပဲ နိုင်ပွဲတွေ ရခဲ့လို့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ အရေးကြီးတဲ့ စပါးနဲ့ ပွဲမှာ အနိုင်ရခဲ့ပေမယ့် ဒီပွဲကို ပေါ့ပေါ့ဆဆ မကစားခဲ့ပဲ လူစုံထုတ်လာခဲ့ပါတယ်။ ၄-၁-၄-၁ အခင်းအကျင်းနဲ့ အတူ အော်တီဂါ၊ ဒီးရာ့စ်၊ အာကန်ဂျီ၊ ဂဗာဒီယိုလ်၊ ဝေါလ်ကာ၊ ရိုဒရီ၊ ဖိုဒန်၊ ဒီဘရွန်းနား၊ ဒိုခု၊ ဆေးလ်ဗား၊ ဟာလန်းတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဝက်စ်ဟမ်း ကလည်း မန်စီးတီးရဲ့ ချန်ပီယံဆုဆီ သွားရာ လမ်းကို တတ်နိုင်သမျှ တားဆီးဖို့ အတွက် အတောင့်တင်းဆုံး လူစာရင်းနဲ့ ရင်ဆိုင်လာခဲ့တာပါ။ ဒါပေမယ့်လည်း နိုင်ပွဲ ဆာလောင်မှု အပြည့်နဲ့ ကစားခဲ့တဲ့ မန်စီးတီးကြောင့် ဝက်စ်ဟမ်းတို့ တော်တော်လေး ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ပေးဂိုးလည်း များခဲ့ပါတယ်။

ပွဲချိန် ၂ မိနစ်နဲ့ ၁၈ မိနစ် မှာတင် ဖေးလ် ဖိုဒန်က နှစ်ဂိုး ဆက် သွင်းယူသွားခဲ့လို့ တစ်ဖက်မှာ ပွဲအဖြေ ကြည့်နေတဲ့ အာဆင်နယ် ပရိသတ်တွေလည်း ပွဲစကတည်းက သက်ပြင်းချခဲ့ရပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ ကူဒုစ်က Overhead ကစ်နဲ့ ဝက်စ်ဟမ်း အတွက် ချေပဂိုး ရယူပေးခဲ့လို့ ၂-၁ ရလဒ်နဲ့ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း မန်စီးတီး ကပဲ ပွဲကို ဆက်လက် ထိန်းချုပ်ပြီး သူတို့ အတွက် အနိုင်သေချာစေမယ့် ဂိုးကို ထပ်မံ ရှာဖွေခဲ့ပါတယ်။ ပွဲချိန် ၅၉ မိနစ်မှာ‌တော့ မန်စီးတီးတို့ နောက်ထပ် အနိုင်ဂိုး ထပ်ရခဲ့ပြီး ကွင်းလယ်လူ ရိုဒရီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ အနီးကပ် ဖိအားပေးမှုကို တောက်လျောက်ခံခဲ့ရပေမယ့် ပပ် ဂွာဒီယိုလာရဲ့ အသင်းက အမှားအယွင်း မလုပ်ပဲ နိုင်ပွဲတွေ ရခဲ့လို့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မြို့ခံပြိုင်ဘက် မန်ယူနိုက်တက်ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ မန်စီးတီး

မန်စီးတီးဟာ ပထမပိုင်း တစ်ပိုင်းထဲမှာတင်ပဲ ဂိုးပေါက် ကန်ချက် ၁၅ ကြိမ်မှာ ၁၀ ကြိမ် အထိ ဂိုးပေါက် တည့်ခဲ့သလို သွင်းဂိုး ၂ ဂိုး ရယူနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း ၁၃ ကြိမ် အထိ ဂိုးပေါက် ခြိမ်းခြောက်မှု ပြလုပ်နိုင်ခဲ့တာပါ။ ဘောလုံးပိုင်ဆိုင်မှုကို ပြန်ကြည့်ရင်လည်း ၇၂-၂၈ ရာခိုင်နှုန်း ရှိခဲ့တာကြောင့် မန်စီးတီး တို့ လိုအပ်နေတဲ့ နိုင်ပွဲ အတွက် သေချာ အာရုံစိုက်သွားခဲ့တယ် ဆိုတာ သိသာပါတယ်။ တစ်ဖက်မှာ အာဆင်နယ်ကို ချန်ပီယံ ဖြစ်စေမယ်လို့ ပြောခဲ့တဲ့ ဝက်စ်ဟမ်း တိုက်စစ်မှူး အန်တိုနီယို ကတော့ ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့လို့ လူစားလဲခံခဲ့ရပါတယ်။

ပြောရမယ် ဆိုရင် မန်စီးတီးလို စံချိန်သစ်တွေတင်ဖို့ အောင်မြင်မှုတွေ ရရှိဖို့ ဆာလောင်နေတဲ့ အသင်း တစ်သင်းကို ဝက်စ်ဟမ်းလို ပြစ်ချက်တွေ များတဲ့ အသင်း တစ်သင်း အနေနဲ့ ပွဲချိန်ပြည့် ယှဉ်ကစားဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း နည်းပြ မွိုက်စ် အပါအဝင် ကစားသမား တော်တော်များများလည်း ပွဲမကန်ခင်ကတည်းက နားလည်ခဲ့ကြမှာပါ။ မိုဟာမက် ကူဒု့စ် ကတော့ အခုထက် မြင့်တဲ့ အသင်းတစ်သင်းမှာ ရှိသင့်သူ ဖြစ်ကြောင်း နောက်ထပ် တစ်ကြိမ် သက်သေပြနိုင်ခဲ့ပြီး ကျန်ကစားသမားတွေ ကတော့ ပုံမှန် ခြေစွမ်းမှာပဲ ရှိခဲ့ကြပါတယ်။

မန်စီးတီး ဟာ ၇ နှစ် အတွင်း ၆ ကြိမ် မြောက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်သလို ပြိုင်ပွဲ သမိုင်းတလျှောက် ၄ နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ခဲ့တဲ့ ပထမဦးဆုံး အသင်းလည်း ဖြစ်ခဲ့ပါတယ်။ မန်စီးတီးဟာ ချန်ပီယံလိဂ် ကနေ ထွက်ခွာလာရပေမယ့် ဒီရာသီ မှာတော့ ပြည်တွင်း ဖလား နှစ်လုံး ကိုင်မြှောက်နိုင်ဖို့ သေချာသလောက် ရှိနေပြီး အက်ဖ်အေဖလား မှာလည်း ယူနိုက်တက်နဲ့ ဗိုလ်လုပွဲ ကစားရဦးမှာ ဖြစ်လို့ အခက်အခဲတော့ မရှိနိုင်ပါဘူး။

မန်စီးတီးဟာ လာမယ့် မေလ ၂၅ ရက်နေ့ ဝင်ဘလေကွင်းမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်