နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘဏ္ဍာရေး စည်းမျဉ်း ၁၁၅ ခုကို ချိုးဖောက်ထားကြောင်း စွပ်စွဲခံထားရတဲ့ မန်ချက်စတာစီးတီး တရားရင်ဆိုင်ရတော့မယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် စုံစမ်းစစ်ဆေးရေး အဖွဲ့ကတော့ ဘဏ္ဍာရေး စည်းမျဉ်းတွေကို ချိုးဖောက်ထားကြောင်း စွပ်စွဲခံထားရတဲ့ မန်ချက်စတာစီးတီး ကိုတော့ လာမယ့် တနင်္လာနေ့မှာ စတင် ကြားနာ စစ်ဆေးသွားတော့မှာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီး အသင်းဟာ ၂၀၀၉/၂၀၁၀ ဘောလုံးရာသီ ကနေ ၂၀၂၂/၂၃ ဘောလုံးရာသီ အတွင်း ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်မှုပေါင်း ၁၁၅ ခု အထိ ကျူးလွန်ထားခဲ့ကြောင်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ စွဲချက်တင်ခံခဲ့ရတာ ဖြစ်ပါတယ်။ တစ်ဖက်မှာ မန်စီးတီး ကတော့ သူတို့ အသင်းဟာ အပြစ်ကင်းစင်ကြောင်း တုံပြန်ထားပေမယ့်လည်း လာမယ့် တနင်္လာနေ့ မှာတော့ ကြားနာ စစ်ဆေးခြင်း ခံရတော့မှာလည်း ဖြစ်ပါတယ်။ အဲဒီ ကြားနာ စစ်ဆေးမှု ကတော့ နှစ်လ ဝန်းကျင်လောက် ကြာမြင့်ဖွယ် ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

မန်ချက်စတာစီးတီး အနေနဲ့ ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိခဲ့ရင်တော့ ပြင်းထန်တဲ့ ပြစ်ဒဏ်မျိုး ချမှတ်ခံရဖွယ် ရှိနေတာ ဖြစ်ပါတယ်။ အရင်ဆုံး အမှတ်လျှော့ ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး တန်းဆင်းရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ရနိုင်ကြောင်းလည်း သုံးသပ်မှုတွေ ရှိနေကြပါတယ်။ မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၄ ရာသီ ဆက်တိုက် ကိုင်မြှောက်ထားနိုင်ပြီး လက်ရှိ အချိန်မှာ အင်္ဂလန် ဘောလုံးလောကရဲ့ ပြိုင်ဘက်ကင်း အသင်း အဖြစ် ရပ်တည်နေတာပါတယ်။ အကယ်၍သာ မန်စီးတီးတို့ ပြစ်မှု ကျူးလွန်ကြောင်း ပေါ်လွင်ခဲ့မယ် ဆိုရင်တော့ အသင်း အတွက် ဂုဏ်သိက္ခာအရရော၊ အနာဂတ် အတွက်ပါ ကြီးမားတဲ့ ထိခိုက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့ ရာသီက ၄ နှစ်ဆက် ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုကို အမှားအယွင်း မရှိ ရယူနိုင်ခဲ့သလို ဒီရာသီ မှာလည်း ၅ နှစ်ဆက် စံချိန်တင် ရယူနိုင်ဖို့ အားခဲနေတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်နဲ့ တရားရင်ဆိုင်ရဖို့ ရှိနေတဲ့ မန်စီးတီး

ပြိုင်ဘက် အသင်း ပရိသတ်တွေ ကတော့ မန်စီးတီးတို့ အချိန်ကာလ တစ်ခု အတွင်း အခုလို အင်အား ကြီးမားခဲ့ခြင်းမှာ စည်းမျဉ်း ချိုးဖောက်မှုတွေကြောင့် ဖြစ်ကြောင်း စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။ ဒီအခြေအနေကို လာလီဂါ အဖွဲချုပ် ဥက္ကဋ္ဌ ဇားဗီးယား တီဘက်စ်က ဝင်ရောက် သုံးသပ် ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်း အများစုက မန်စီးတီး ပြစ်ဒဏ် ချမှတ်ခံရဖို့ လိုလားနေကြကြောင်း သုံးသပ် ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ တီဘက်စ်က “ပရီးမီးယားလိဂ် ကလပ် အသင်း အများကြီးနဲ့ ကျွန်တော် စကားပြောခဲ့ဖူးပါတယ်။ အများစုက စီးတီးတို့ အရေးယူခံရသင့်တယ်လို ယူဆနေကြပါတယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ လိဂ်ပြိုင်ပွဲနဲ့ ကလပ် အသင်းတွေ ရေရှည်တည်မြဲရေး အတွက် ရှေးရှုပြီး ဘဏ္ဍာရေး စည်းမျဉ်းတွေ ချမှတ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ချိုးဖောက်တဲ့ အသင်းတွေကို ပြင်းထန်တဲ့ အမှတ်လျှော့ ပြစ်ဒဏ်တွေ ချမှတ်လေ့ ရှိတဲ့ လိဂ်လည်း ဖြစ်ပါတယ်။

လက်ရှိမှာ ပပ် ဂွာဒီယိုလာရဲ့ မန်ချက်စတာစီးတီးက ပရီးမီယားလိဂ် ရာသီသစ် ပွဲစဉ် ၃ ပွဲ ကစားပြီးချိန်မှာ ၃ ပွဲနိုင်၊ ရမှတ် ၉ မှတ် ရဂိုး ၉ ဂိုး၊ ပေးဂိုး ၂ ဂိုးနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ ရာသီက ၄ နှစ်ဆက် ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုကို အမှားအယွင်း မရှိ ရယူနိုင်ခဲ့သလို ဒီရာသီ မှာလည်း ၅ နှစ်ဆက် စံချိန်တင် ရယူနိုင်ဖို့ အားခဲနေတာ ဖြစ်ပါတယ်။ အကယ်၍ မန်စီးတီးသာ ဒီကြားနာမှုတွေမှာ အရေးနိမ့်ခဲ့ရင်တော့ သူတို့ရဲ့ မျှော်လင့်ချက်အတိုင်း ဖြစ်လာဖို့တော့ ခက်ခဲသွားနိုင်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်