ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၁၀ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်း ကြယ်ပွင့်ကို ပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းလိုက်တဲ့ မန်စီးတီး
ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးဟာ လူးကပ်စ် ပက်ကေးတား အတွက် ဝက်စ်ဟမ်းကို ပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ ဘရာဇီးလ်က သတင်းတွေအရ သိရပါတယ်။
ဂွါဒီယိုလာဟာ ယခုနွေရာသီမှာ ဂွန်ဒိုအန်နဲ့ မာရက်ဇ် တို့ကို ဆုံးရှုံးခဲ့ရပေမယ့်လည်း ချဲလ်ဆီး ကနေ ကိုဗာချစ် တစ်ဦးတည်းသာ ပြန်လည် ခေါ်ယူနိုင်သေးတာကြောင့် နောက်ထပ် တိုက်စစ်ကို အင်အား ဖြည့်တင်းဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ပက်ကေးတားဟာ လွန်ခဲ့တဲ့ တစ်နှစ်က လိုင်ယွန် ကနေ ပေါင် ၅၁ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက ဝက်စ်ဟမ်းမှာ ပထမဆုံး ရာသီမှာပဲ အထင်ကြီးဖွယ် ခြေစွမ်းပြသခဲ့တာ ဖြစ်ပါတယ်။ GloboEsporte ရဲ့ ဖော်ပြချက်အရ မန်စီးတီးဟာ လက်ရှိမှာ ဘရာဇီးလ် ကွင်းလယ်လူ အတွက် ပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဝက်စ်ဟမ်းက ဒီထက် မြင့်မားတဲ့ ပမာဏကို လိုချင်တာကြောင့် ငြင်းပယ်လိမ့်မယ်လို့ ယူဆရပါတယ်။
လီဂူးဝမ်း ကလပ်နဲ့ သဘောတူညီမှု ရရှိခဲ့တဲ့ အာဆင်နယ် တိုက်စစ် ကြယ်ပွင့်

အာဆင်နယ် တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်က မိုနာကိုနဲ့ ကနဦး သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တယ်လို့ ပြင်သစ်က သတင်းတွေအရ သိရပါတယ်။ အသက် ၂၂ နှစ် အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ရိမ်းစ်မှာ အငှားကစားသမား အဖြစ်နဲ့ အထင်ကြီးဖွယ်ခြေစွမ်း ပြသနိုင်ခဲ့တာ ဖြစ်ပြီး သွင်းဂိုး ၂၁ ဂိုး အထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘာလိုဂန်က ဒီလာမယ့်ရာသီ မှာတော့ အာဆင်နယ်မှာ ပုံမှန် ပွဲထွက်ခွင့် တစ်နေရာ ရရှိတော့မယ်လို့ မျှော်လင့်ခဲ့ပေမယ့် မန်စီးတီးနဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းလုပွဲမှာ လူစာရင်း ကနေ ချန်လှပ်ခံခဲ့ရပြီးနောက် အမ်းမရိတ်စ်မှာ အနာဂတ် မရှိတော့ပုံပေါ်ပါတယ်။
အဖွင့်ကမ်းလှမ်းမှု ယူရိုသန်း ၄၀ ကို ပရီးမီးယားလိဂ် ကလပ်က ငြင်းပယ်ခဲ့ပေမယ့်လည်း မိုနာကိုက မကြာခင်မှာ စျေးတိုးမြှင့်ထားတဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။ မိုနာကိုဟာ ဘာလိုဂန်ကို ဦးစားပေး ခေါ်ယူမှု အဖြစ် သတ်မှတ်ခဲ့ပြီး ယူအက်စ်အေ တိုက်စစ်မှူးနဲ့ မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်ပေမယ့် အင်တာမီလန် ဆီကနေ ယှဉ်ပြိုင်မှုနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။




ချဲလ်ဆီး ကြယ်ပွင့်ကို ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ ဘေယန်မြူးနစ်
ဘေယန်မြူးနစ်ဟာ ချဲလ်ဆီး ဂိုးသမား ကီပါ အရီဇာဘလာဂါ ကို ခေါ်ယူဖို့ အတွက် ပြောဆို ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ ချန်ပီယံတွေဟာ ယခုအပတ်မှာ ယန်း ဆွမ်မားကို အင်တာမီလန်ဆီ ရောင်းထုတ်ခဲ့ပြီးနောက် ဂိုးသမားသစ် ခေါ်ယူဖို့ ထိပ်တန်း ဦးစားပေး အဖြစ် သတ်မှတ်ထားတာပါ။
မန်ဝဲလ် နော်အာ ကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ရရှိခဲ့တဲ့ ခြေထောက်ကျိုး ဒဏ်ရာ ကနေ ပြန်လည် ကစားပေးနိုင်ဖို့ မနီးစပ်သေးတာကြောင့် ဘေယန်မြူးနစ်က ဘရန့်ဖို့ဒ် ဂိုးသမား ဒေးဗစ် ရာယာကို ခေါ်ယူဖို့ ဆွေးနွေးခဲ့ပေမယ့် စပိန် ဂိုးသမားက အာဆင်နယ် ကိုပဲ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ဘေယန်မြူးနစ်က ချဲလ်ဆီး ဂိုးသမား ကီပါကို ခေါ်ယူဖို့ ကနဦး ပြောဆိုဆွေးနွေးမှုတွေ စတင်ခဲ့တယ်လို့ Sport1 က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ် နည်းပြ တူချယ်က ချဲလ်ဆီးကို နည်းပြခဲ့ချိန်တုန်းက စပိန် ဂိုးသမားထက် အက်ဒ်ဝက်ဒ် မန်ဒီကို ပွဲထွက်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.