နော့ဝှစ်ချ်စီးတီး ၀ – ၄ မန်ချက်စတာစီးတီး
အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ မန်ချက်စတာစီးတီး ကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ နော့ဝှစ်ချ်စီးတီးကို သက်တောင့် သက်သာနဲ့ ဂိုးပြတ် အနိုင်ယူသွားခဲ့ပြန်ပါတယ်။ မန်စီးတီးတို့ ရာဟင်မ်စတာလင်ရဲ့ ဟက်ထရစ် အပါအဝင် ၄-၀ ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး အမှတ်ပေးဇယား ထိပ်ကနေ ၁၂ မှတ် ဖြတ်ပြီး ဆက်လက် ဦးဆောင်နေခဲ့ပါတယ်။
ပွဲစဉ်အကျဉ်း
အသုံးပြုနေကျ High Pressing ကစားဟန် ဖြစ်တဲ့ ၄-၃-၃ နဲ့ပဲ ပွဲထွက်လာခဲ့ကြပြီး နှစ်သင်းလုံး လူစုံခဲ့ကြပါတယ်။ နော့ဝှစ်ချ်စီးတီး တိုက်စစ်မှာ ပွတ်ကီ၊ ရက်ရှီကာ၊ ဆားဂျန့်တ်၊ ကွင်းလယ်မှာ လီးစ် မီလူ၊ ဂေးလ်မော၊ နောက်တန်းမှာ ဘရန်ဒန် ဝီလီယမ်စ်၊ ဂစ်ဘ်ဆင်၊ ဟန်လီ၊ အာရွန်စ်၊ ဂန်း တို့ ပါဝင်ခဲ့ပါတယ်။ မန်စီးတီး ကတော့ နောက်ပိုင်း ပွဲတွေမှာ အသုံးများတဲ့ ဖိုဒန်၊ စတာလင်၊ မားရက်ဇ် တိုက်စစ် အတွဲအဖက်နဲ့ အတူ ကွင်းလယ် မှာတော့ ဖာနန်ဒင်ဟို၊ ဂွန်ဒိုအန်၊ ဘာနာဒို ဆေးလ်ဗား၊ နောက်တန်း မှာတော့ ဇင်ချန်ကို၊ နေသန်အေခီ၊ ဝေါလ်ကာ၊ ဒီးရာ့ဇ်၊ ဂိုးမှာ အီဒါဆင် မိုရေးစ် တို့ ပွဲထွက်လာခဲ့ပါတယ်။
တိုက်စစ် အသားပေး ကစားကြတဲ့ အသင်းတွေ ဖြစ်လို့ ပွဲစကတည်းက အပြန်အလှန် ရှိခဲ့ပြီး နော့ဝှစ်ချ်စီးတီး တို့ အနေနဲ့ အစောပိုင်း ပွဲ0ချိန်တွေမှာ မန်စီးတီး ဘက်ကို အကောင်းဆုံး တုန့်ပြန် ကစားသွားနိုင်ခဲ့ပါတယ်။ မန်စီးတီး ဘက်က ဘာနာဒို ဆေးလ်ဗားရဲ့ ကန်ချက် တိုင်ထိခဲ့ပြီး နော့ဝှစ်ချ်စီးတီး ဘက်က ပွတ်ကီရဲ့ ကန်ချက် ဂိုးသမား အီဒါဆင် ကာကွယ်နိုင်ခဲ့သလို ဟန်လီရဲ့ ခေါင်းတိုက်ချက် တိုင်ထိခဲ့လို့ ပွဲချိန် မိနစ် ၃၀ ကျော်တဲ့ အထိ သွင်ဂိုးတွေ မမြင်ရပဲ ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ပွဲကစားချိန် ၃၁ မိနစ် မှာတော့ ဝေါလ်ကာရဲ့ ပေးပို့မှု ကနေ စတာလင်က လှလှပပ ကန်သွင်းသွားခဲ့လို့ မန်စီးတီးတို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။
ဦးဆောင်ဂိုး ရရှိသွားချိန်မှာ မန်ချက်စတာစီးတီးတို့ ပွဲကို ပိုမို ထိန်းချုပ်ကစားနိုင်ခဲ့ပြီး ဒုတိယပိုင်း မှာလည်း ကစားကွက် အသာစီးနဲ့ နော့ဝှစ်ချ်စီးတီး ခံစစ်ကို အချိတ်အဆက် မိမိ ထိုးဖောက်နေခဲ့ပါတယ်။ ဒီလိုနဲ့ ဒုတိယပိုင်း ပွဲစပြီး ၃ မိနစ် အကြာမှာပဲ မန်စီးတီးတို့ ဒုတိယ ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး ဖိုဒန်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ၂ ဂိုး ပေးလိုက်ရချိန်မှာ ဒင်းန်စမစ် အနေနဲ့ ဘိုင်ရမ်၊ နော်မန်တို့ကို ထည့်ပြီး ကစားကွက် ပြင်ဆင်ခဲ့ပေမယ့် ဂိုးထပ်ရသွားခဲ့တာက မန်စီးတီးပဲ ဖြစ်ပြီး မိနစ် ၇၀ မှာ ရူဘင် ဒီးရာ့ဇ်ရဲ့ ပေးပို့မှု ကနေ စတာလင်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာလည်း စတာလင် အနေနဲ့ သူ့အတွက် ဟက်ထရစ် ဖြစ်စေမယ့် ဂိုးကို ပင်နယ်တီ ကတစ်ဆင့် သွင်းယူခဲ့ပြီး ဂိုးသမား ကာကွယ်နိုင်ခဲ့ပေမယ့် ထပ်ဆင့် ပိတ်သွင်းသွားခဲ့လို့ ပွဲအပြီးမှာ ၀-၄ ရလဒ်နဲ့ မန်စီးတီး တို့ အဝေးကွင်းမှာ ဂိုးပြတ် နိုင်ပွဲ ရသွားခဲ့တာ ဖြစ်ပါတယ်။
ပွဲပြီးသုံးသပ်ချက်
ပပ်ဂွာဒီယိုလာရဲ့ အသင်း ကတော့ လက်ရှိ ချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အညီ ပရီးမီးယားလိဂ် သရဖူကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ အသင့် ဖြစ်နေပြီ လို့တောင် ပြောလို့ ရပါတယ်။ ဒင်းန်စမစ် အသင်း ကတော့ အစောပိုင်း ပွဲချိန်တွေမှာ အကောင်းဆုံး ပုံစံ တစ်ခုနဲ့ တုန့်ပြန် ကစားသွားနိုင်ခဲ့ပေမယ့် ပြိုင်ဘက်က မန်စီးတီး ဖြစ်နေလို့ အားမတန် မာန်လျှော့ခဲ့ရတာ ဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် မန်ချက်စတာစီးတီးတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယ နေရာက လစ်ဗာပူးလ်ထက် ၂ ပွဲပို ကစားပြီး ၁၂ ဖြတ် ဆက်လက် ဦးဆောင်နိုင်ခဲ့ပေမယ့် ပုံစံကောင်း ပြန်ရနေတဲ့ နော့ဝှစ်ချ်စီးတီး ကတော့ အဆင့် ၁၈ နေရာကို ပြန်ဆင်းသွားခဲ့ရပါတယ်။
လာမယ့်ပွဲစဉ်များ
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.