နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့လို့ တစ်မှတ်စီ ခွဲယူလိုက်ရတဲ့ မန်စီးတီးနဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

countdown banner

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လစ်ဗာပူးလ်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကတော့ အကြိတ်အနယ် ကစားရင်း တစ်ဖက် တစ်ဂိုးစီနဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အတိုင်းအတာ တစ်ခု အထိ သက်ရောက်မှု ရှိခဲ့တဲ့ ပွဲစဉ် ဖြစ်တာကြောင့်လည်း နှစ်သင်းစလုံး အားစိုက် ကစားခဲ့ကြပေမယ့် အပိုင်အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့ကြတာကြောင့် သရေ တစ်မှတ်စီ ခွဲယူရင်း ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီပွဲမှာ လစ်ဗာပူးလ်က ခယ်လာဟာ၊ ကွန်ဆာ၊ ဗန်ဒိုက်ခ်၊ ဂိုးမက်ဇ်၊ ဘရက်ဒ်လီ၊ အန်ဒို၊ မက်အယ်လစ္စတာ၊ ဆဘို့ဇ်လိုင်း၊ နူညက်ဇ်၊ အယ်လီယော့တ်၊ ဒီးယက်ဇ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ မန်စီးတီး ဘက်မှာတော့ အီဒါဆင်၊ အာကန်ဂျီ၊ အေခီ၊ ဝေါလ်ကာ၊ စတုန်းစ်၊ ရိုဒရီ၊ ဒီဘရွန်းနား၊ ဘာနာဒို၊ အဲလ်ဗာရက်ဇ်၊ ဖိုဒန်နဲ့ ဟာလန်းတို့ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

အသင်းကြီး နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်တာနဲ့ အညီ အပြန်အလှန် ရှိခဲ့ပြီး ပွဲအစပိုင်းမှာ မန်စီးတီးက လစ်ဗာပူးလ် ဘက်ကို ပိုမို ထိုးဖောက်နိုင်ခဲ့ပါတယ်။ အဖွင့်ဂိုး ကိုတော့ ဒီဘရွန်းနားရဲ့ ထောင့်ကန်ဘော ကန်တင်ပေးပို့မှု ကနေ ဂျွန်စတုန်းစ်က သွင်းယူပေးခဲ့ပြီး မန်စီးတီးတို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရပြီး နောက်ပိုင်းမှာ အိမ်ရှင် လစ်ဗာပူးလ် တို့ ချေပဂိုး ရရှိရေး အသည်းအသန် လိုက်ကစားခဲ့တာကြောင့် မန်စီးတီးတို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါကြောင့် ဒုတိယပိုင်း ပွဲပြန်စပြီး သိပ်မကြာခင်မှာပဲ လစ်ဗာပူးလ်တို့ ချေပဂိုး ရခဲ့ပါတယ်။ နောက်ခံလူ နေသန် အေခီရဲ့ ဆိုးရွားတဲ့ ပေးပို့မှု ကနေ နူညက်ဇ် ဘောလုံးရလာတာကို အီဒါဆင် ဖျက်ထုတ်ရာမှာ ကြမ်းတမ်းခဲ့လို့ ပင်နယ်တီ ပေးခဲ့ရတာ ဖြစ်ပါတယ်။ ပင်နယ်တီ ကိုတော့ မက်အယ်လစ္စတာက အမှားအယွင်း မရှိ ကန်သွင်းခဲ့လို့ လစ်ဗာပူးလ်တို့ ချေပဂိုး ရခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် နှစ်သင်းစလုံး အနိုင်ဂိုး ရရှိရေး အစွမ်းကုန် ကြိုးစားခဲ့ကြသလို အခွင့်အရေး ကိုယ်စီလည်း ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ၁-၁ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့တာပါ။

ပရီးမီးယားလိဂ်
ဖူလ်ဟမ်
တော့တင်ဟမ် ဟော့စပါး
1X2 သရေ (Draw) @ 3.46
ဂိုးပေါ် 3.00 @ 1.85
ဂိုးပေါင်း 2-3 @ 2.01
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒါကြောင့် တစ်ဖက်မှာ ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ အာဆင်နယ်က အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ထိပ်ဆုံး ၃ သင်း အကြား ရမှတ်ကွာဟချက် ကလည်း တော်တော်လေး ကျဉ်းမြောင်းသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ လစ်ဗာပူးလ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အမှတ်ပေးဇယား ဦးဆောင်နေတာ ဖြစ်ပြီး မန်စီးတီး ကတော့ ဒီနှစ်သင်းကို တစ်မှတ် အကွာ တတိယ နေရာ ကနေ လိုက်လံ ဖိအားပေးနေတာ ဖြစ်ပါတယ်။

လက်ကျန် ပွဲစဉ်တွေကို ပြန်ကြည့်ရင်တော့ အာဆင်နယ်က ချဲလ်ဆီး၊ မန်စီးတီး၊ စပါး၊ ယူနိုက်တက်၊ ဗီလာ တို့နဲ့ တွေ့ဆုံဖို့ ကျန်နေသေးသလို လစ်ဗာပူးလ် ကလည်း ယူနိုက်တက်၊ စပါး၊ ဗီလာ တို့နဲ့ ကစားရဦးမှာပါ။ မန်စီးတီး ကတော့ အာဆင်နယ်၊ ဗီလာ၊ စပါး တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။ လက်ကျန် ပွဲစဉ် အခြေအနေအရ ဆိုရင် အာဆင်နယ်က ပွဲအကြပ်ဆုံး ဖြစ်လို့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဘယ်အသင်း ကိုင်မြှောက်သွားနိုင်မလဲ ဆိုတာ ရင်ခုန် စိတ်လှုပ်ရှားစရာ အကောင်းဆုံး အခြေအနေကို ရောက်နေပြီလို့ပဲ ဆိုရပါမယ်။

လစ်ဗာပူးလ်ဟာ လာမယ့် ရက်မှာ စပါတာပရက်ဂ်နဲ့ ယူရိုပါလိဂ် ကစားဖို့ ရှိပြီး မန်စီးတီး ကတော့ တနင်္ဂနွေနေ့မှာ နယူးကာဆယ်နဲ့ အက်ဖ်အေဖလား ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်